ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်း အမြန်ပြုပြင်ရန်လိုအပ်နေ

By Border News Agency / 2023 August   12

(ဓာတ်ပုံ-ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းကို သြဂုတ်လ ၁၁ရက်နေ့ကတွေ့ရပုံ/ပေးပို့)

ရသေ့တောင်မြို့နဲ့ပုဏ္ဏားကျွန်းမြို့ကို ဆက်သွယ်ထားတဲ့ကားလမ်းမှာအလွန်ပျက်စီးနေတာမို့ သွား လာရေးခက်ခဲနေ​တယ်လို့ အမြန်ပြုပြင်ဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကားလမ်းဟာ မြေသားလမ်းအများစုဖြစ်တာကြောင့် မိုးရာသီရောက်တိုင်းလမ်းတွေပျက်စီးပြီး သွားလာရေးခက်ခဲနေခဲ့ပေမယ့် ဒီနှစ်မှာ ပိုပြီပျက်စီးနေတယ်လို့ ဆိုကြပါတယ်။

“ဒီလမ်းတွေက ဟိုးနှစ်ပေါင်းများစွာကတည်းက မြေသားလမ်းတွေပါ။တချို့လမ်းပိုင်းတွေမှာကျော က်ကြမ်းနည်းနည်းခင်းပေးထားတာရှိတယ်။အများစုကတော့ မြေသားလမ်းတွေပဲ။မိုးရာသီရောက်ရင်နှစ်တိုင်းပျက်ပါတယ်။ဒါပေမယ့် ဒီနှစ်လောက်မဆိုးဘူး။”လို့ ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့ကို ခရီးသ ည်တင်ဆောင်ပြေးဆွဲနေတဲ့ကားသမားတစ်ဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့တာကြောင့် မြေသား လမ်းနေရာတွေမှာယာဉ်တွေနစ်မြုပ်တာ၊ဆင်းတွန်းရတာ၊အချိန်ကြန့်ကြာတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ လည်း ခရီးသွားပြည်သူတွေက ဆိုကြပါတယ်။

လမ်းတွေပျက်စီးနေတာမို့ကား၊သုံးဘီး၊ဆိုင်ကယ်တွေဟာတလှိမ့်ချင်းသာမောင်းသွားနေရကြရပြီးအရေးပေါ်လူနာတွေအတွက် စိုးရိမ်ကြရတယ်လို့လည်းဆိုကြပါတယ်။

“ကျနော်တို့က ကျန်းမာနေတော့ ခရီးကြန့်ကြာသွားလည်းဘာမှမဖြစ်ဘူး။ဒါပေမယ့် ကျနော့်နေရာမှာသာအရေး ပေါ်လူတစ်ယောက်ဆိုရင် လမ်းမှာပဲ သေသွားနိုင်ပါတယ်။ကားက အရှိန်နဲ့မောင်းလို့ရတဲ့လမ်းပိုင်းတွေရှိသလို တလှိမ့်ချင်းမောင်းသွားရတဲ့ လမ်းပျက်တွေအများကြီးရှိပါတယ်။လမ်းကော င်းရင် ၁၅မိနစ်သာမောင်းရမယ့် ခရီးတစ်ခုကိုတစ်နာရီနီးပါးအထိကြာသွားခဲ့တာတွေရှိတယ်။”လို့ ပုဏ္ဏားကျွန်းမြို့မှ ရသေ့တောင်မြို့သို့ သွားရောက်ခဲ့တဲ့ခရီးသည်တစ်ဦးက ပြောပါတယ်။

အဲဒီရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းဟာ အရင်နှစ်ပေါင်းများစွာကတည်းက မြေသားလမ်းများဖြစ်ပြီး ၂၀၂၁ နောက်ပိုင်းနဲ့ ၂၀၂၂ အစပိုင်းကာလမှာ ကွန်ကရစ်လမ်းတိုတွေခင်းပေးခဲ့တာရှိပါတယ်။

“၂၀၂၁ နှောင်းပိုင်းနဲ့၂၀၂၂ အစပိုင်းလောက်မှာတော့ ကြိမ်သာကျေးရွာနဲ့ ပေါက်တောပြင်ကျေးရွာကြားမှာ ကွန်ကရစ်လမ်းပိုင်းတိုတွေ ခင်းပေးနေတာတွေ့တယ်။ဘာမှဆက်မလုပ်တာတော့ ဒီနေ့ထိပဲ။”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အဲဒီကားလမ်းဟာ ရသေ့တောင်မြို့ကနေပုဏ္ဏာကျွန်းမြို့သို့လာရောက်ရာမှာအမြန်ဆုံးလမ်းဖြစ်ပြီးအဲဒီလမ်းဟာ မောင်တောကနေတစ်နိုင်ငံလုံးထိသွား

ရောက်နိုင်တဲ့လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။

အဲဒီကားလမ်းတချို့ကို စစ်ကောင်စီကထိန်းချုပ်ထားသလိုတချို့နေရာတွေကိုတော့ ရက္ခိုင့်တပ်တော် (AA)ကထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/309672088247629

Leave a Reply

Your email address will not be published.