ရခိုင်မှာ ရေကြီးလို့ စစ်ဘေးရှောင်တွေအပါအ၀င် ထောင်ချီတဲ့ ဒေသခံတွေ ရွေ့ပြောင်းနေကြရ

By Border News Agency / 2023 August   7

(ဓာတ်ပုံ-ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်တချို့ရေ နစ်မြုပ်နေတာကိုသြဂုတ်လ ၇ရက်၊ဒီနေ့တွေ့ရပုံ/BNA)

ရခိုင်မှာ မိုးအဆက်မပြတ်ရွာတာ၊မြစ်ရေ၊ချောင်းရေမြင့်တက်လာတာတို့ကြောင့် စစ်ဘေးရှောင်ဒုက္ခသ ည်တွေအပါအ၀င် လူထောင်ချီ ဘေးလွှတ်ရာရွေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။

မင်းပြား၊မြောက်ဦး၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊ဘူးသီးတောင်၊မောင်တောစတဲ့မြို့နယ်တွေမှာ မိုးတွေ ဆက်တိုက်ရွာပြီး ရေတွေမြင့်တက်ကာ လူနေအိမ်တွေ ရေနစ်မြှပ်လာခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် လူဦးရေငါးထောင်ကျော်ရှိတဲ့ ကျောက်တော်မြို့နယ်၊ညောင်ချော င်းစစ်ရှောင်စခန်းနဲ့ လူ ဦးရေတစ်ထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့မြတန်ဆော င်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တွေ ပြောင်းရွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

“ညောင်းချောင်းဘုန်းကြီးကျောင်းမှာ နေတဲ့သူနေတယ်။ဘော်လုံးကွင်းစခန်းမှာ နေတဲ့သူနေတယ်။ကျွန်တော်တို့စခန်းမှာက ရေတက်နေတာ ရင်လော က်ရှိတယ်။စားဖို့သောက်ဖို့လည်းအဆင်ပြေ သလို စားနေကြရတယ်။ညောင်ချောင်းရွာထဲမှာလည်း ရေပြည့်နေတယ်။”လို့ ညောင်ချောင်းစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ကူညီထောက်ပံ့မှုအနည်းငယ်သာရပြီး အလုပ်ထွက်လုပ်ကာ ၀မ်းရေးရုန်းကန် နေကြရတဲ့ စစ်ဘေးရှောင်တွေအဖို့ ရေကြီးတာ ရက်ရှည်လာရင် စားရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ရှိလာနိုင်တယ်လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

အဲဒီအပြင် မြောက်ဦးနဲ့ ‌မင်းပြားမြို့နယ်က လေးမြို့မြစ်ကမ်းတလျှောက်ရှိ ကျေးရွာတွေ၊ကုလားတန်မြစ်ကမ်းအနီးတဝိုက်ရွာတွေမှ ဒေသခံတချို့ဟာလည်း ဘေးလွှတ်ရာ ရွေ့ပြောင်းနေကြရပြီလို့ ဆိုကြပါတယ်။

“ရွာလယ်ကောင်မှာ ခါးလောက်ရောက်တယ်။ချော င်းကမ်းနားတွေမှာဆိုရင်တစ်ရပ်လောက် မြင့်တယ်။ဘုရားတောင်ကို ပြောင်းသူ ပြောင်းကြတယ်။ပုလဲတောင်ကို ပြောင်းတဲ့သူတွေ ပြောင်းကြတယ်။ တစ်ရာလောက်တော့ ပြောင်းသွားကြပြီ။အခုထိ ရေက မကျဘူး။တ က်နေသေးတယ်။”လို့ မင်းပြားမြို့နယ် မင်းဖူးရွာသားတစ်ဦးက ပြောပါတယ်။

မင်းပြားမြို့နယ်၊ဖုံသာချောင်းတလျှောက် ရွာတွေ၊လေးမြို့မြစ်ကမ်တလျှောက်ရွာတွေ စုစုပေါင်း ရွာ ၂၀ ကျော်မှာ ရေမြင့်တက်နေတာဖြစ်တယ်လို့ ဒေသ ခံတွေက ဆိုကြပါတယ်။

အဲဒီအပြင် ကျောက်တော်၊မြောက်ဦးမြို့နယ်မှာလ ည်း ရေနစ်မြုပ်နေတဲ့ ကျေးရွာ၊ရပ်ကွက်ပေါင်း ၅၀ ကျော်ထိ ရှိနေတယ်လို့ အရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတွေက ဆိုကြပါတယ်။

“မြို့ထဲမှာလည်း ရေတွေပြည့်နေပြီ။မြ စ်နားက ရွာတွေဆိုရင် ရေက တော် တော်မြင့်ပါတယ်။”လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကုလားတန်မြစ်ရေဟာစိုးရိမ် ရေမှတ်ကို ရောက်ဖို့ ၃ ပေခန့်သာလိုပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်တာမို့ ‌မြစ်ကမ်းအနီးနဲ့မြေနိ မ့်ပိုင်းမှာနေသူတွေ သတိထားကြဖို့ မိုး‌လေ၀ သနှင့်ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။

မိုးလေ၀‌သလေ့လာသူ ဦး၀င်းနိုင်ကလည်း ရခိုင်မှာ နောက်ထပ်သုံးရက်ထိ နေ့စဉ်မိုးရေချိန်လက်မ ၁ လက်မအထက် ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းရာမှ အလွန်အားကောင်းနေပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံ ခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးမယ်လို့လည်း မိုးဇလကဆိုထားပါတယ်။

https://www.facebook.com/bordernewsagency/posts/306954425186062

Leave a Reply

Your email address will not be published.