ရခိုင်မှာ ရေကြီးနေသည့် ဗီဒီယိုဖိုင် AA ထုတ်ပြန်

By Western News / 2023 August     10

ပြီးခဲ့သည့် ရက်ပိုင်းကစ၍ ရခိုင်မှာ ရေကြီးနေပြီး ကျေးရွာအချို့ ရေနစ်မြှုပ်နေသည့် အပေါ်စီးမြင်ကွင်းများပါသော ဗီဒီယိုဖိုင်တစ်ခုကို ရက္ခိုင့်တပ်တော်၏ ERRCA ကနေ ယနေ့ ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားသည်။

ဗီဒီယိုထဲမှာ ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့က ရိုက်ကူးထားသော မင်းပြားမြို့နယ်မှ မင်းဖူးကျေးရွာနှင့် အသေကာလကျေးရွာတို့ ရေလွှမ်းနေသည့် မြင်ကွင်းများနှင့် ရေနစ်မြှုပ်နေသည့် နေအိမ်အများအပြားကို တွေ့ရသည်။

မြစ်ရေ၊ ချောင်းရေ မြင့်တက်လာခြင်းကြောင့် အဆိုပါကျေးရွာများမှာ ရေကြီးနေခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ ERRCA က ပြောထားသည်။

ရက္ခိုင့်တပ်တော်၏ ဗီဒီယိုဖိုင်ကိုကြည့်ခြင်းအားဖြင့် အလားတူ ရေကြီးရေလျှံဖြစ်နေသော မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် ယင်းကဲ့သို့ ရေနစ်မြှုပ်နေသည့် နေအိမ်များ၊ ရေလွှမ်းနေသည့် လယ်ယာလုပ်ငန်းများနှင့် ရေနောက်များ ဝင်ရောက်နေသော သောက်ရေကန်များအပါအဝင် ကျွဲနွားတိရစ္ဆာန်များမှာ သေဆုံးမှုရှိသည်ကို တွေ့ရမည်ဖြစ်သည်။

https://www.facebook.com/watch/?v=268096129303622

Leave a Reply

Your email address will not be published.