By Border News Agency / 2023 August 24

ရခိုင်မှာ စစ်ကောင်စီက ခရီးသွားပြည်သူတွေနဲ့လူနာ တင်ကားတွေထိစစ်ဆေးရေးနေတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုစစ်ဆေးမှုတွေကို စစ်တွေ-ရန်ကုန်ကားလမ်း မကြီးပေါ်မှာ ဆိုင်ကယ်၊သုံးဘီး၊ကားတွေအပြင် အ ရေးပေါ်လူနာတင်ကားတွေထိပြုလုပ်နေတာလို့ဆိုကြပါတယ်။
အဲဒီလိုစစ်ဆေးမှုတွေကို စစ်တွေမြို့နယ်၊ကျောက် တန်းစစ်ဆေးရေးဂိတ်အပြင် ကျောက်တန်းချေကျေးရွာအနီးမှာလည်း ဒီလ ၂၁ ရက်နေ့ကပြုလုပ်ခဲ့တာလို့ ဆိုကြပါတယ်။
“အရင်တုန်းကလည်း စစ်ဆေးတာရှိတယ်။ကုန်ကားတွေလောက်ပဲ။ငွေတောင်းပြီးပြန်လွတ်တယ်။သိပ်မကြာဘူး။ခုကကုန်ကားတွေ၊ခရီသည်တင်ကားတွေ၊အိန္ဒိယသုံးဘီးဆိုင်ကယ်တွေတန်းစီနေရတယ်။အ ရေးပေါ်လူနာတင်ကားကိုလည်းရပ်ခိုင်းထားတာရှိတယ်။အချိန်ကြာကြာစစ်ဆေးတယ်။”လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
အဲဒီလိုစစ်ဆေးနေတာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ် သားတွေ၊ယာဉ်ထိန်းရဲ၊ရဲ၊ နဲ့လဝကတို့ပါဝင်ပြီး အင် အား ၂၀ ကျော်နဲ့စစ်ဆေးတာလို့ဆိုကြပါတယ်။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့၊လောကမာရဇိန်ဘုရားသိမ်ရှေ့မှာလည်း စစ်ကော င်စီတပ်ဖွဲ့ဝင်တွေက ကုန် ကား၊ခရီးသည်တင်ကား၊အိန္ဒိယသုံးဘီးနဲ့ဘေးတွဲဆိုင်ကယ်တွေကို ရပ်တန့်ရှာဖွေစစ်ဆေးခဲ့တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
“သူတို့က အဝေးကမြင်ရတဲ့ ဘေးတွဲသမားတချို့ကိုလည်း လက်လှမ်းခေါ်တာတွေ့တယ်။ကားထဲကို ဝင်ရှာတာတွေ၊ မေးမြန်းနေတာတွေလုပ်တယ်။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုရှာဖွေမှုမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက လက်နက်ကိုင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပြုလုပ်ခဲ့တာလို့ ဆိုကြပါတယ်။
ခုလိုမျိုးကားပေါ်ပါလာသူတွေကို မှတ်ပုံတင်တွေစစ်ဆေးတာတွေ ပြုလုပ်နေတာမို့ ခရီးသွားပြည်သူတွေ စိုးရိမ်နေကြရတယ်လို့ ဆိုကြပါတယ်။
“ကျနော်တို့က စစ်ဆေးခံရတိုင်းလိုင်စင်တွေ၊မှတ်ပုံ တင်တွေပြရတာဆိုတော့ နာမည်ကိုမဖော်လိုဘူး။သူတို့က ကားထဲမှာလိုက်ပါလာကြတဲ့ ခရီးသည်တွေကိုအကဲခတ်ကြတယ်။အထုတ်တွေမှာ ဘာပါလဲမေးကြတယ်။တခါတခါသူတို့မသင်္ခါသလိုတွေဖြစ်ရင်ဖွင့်ပြဖို့ခိုင်းတာတွေရှိတယ်။ဘယ်ကိုသွားတာလဲ။ဘာလုပ်ဖို့သွားတာလဲ။အဲဒီလိုမေးတာတွေလည်းရှိတယ် ။”လို့ စစ်တွေ-ရန်ကုန်ပြေးဆွဲနေတဲ့ကားဆရာတစ်ဦးက ပြပါတယ်။
နောက်ပြီး အငူမော်-မောင်တောကားလ မ်းမှာလည်း သွားလာခွင့်အချိန်ကန့်သတ်တားမြစ်တာတွေ ပြုလု ပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တ ပ်တို့ကြား နှစ်ဘက်သဘောတူအပစ်ရပ်ထားပေမယ့် စစ်ကောင်စီက တားမြစ်ကန့်သတ်တာတွေပြုလု ပ်နေဆဲဖစ်တယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
“တံခါးဖွင့်ပြီး ကားထဲကို ချောင်းကြည့်တယ်။ကားပေါ်ကပစ္စည်းတွေကို စစ်ဆေးတယ်။ပြီးတော့ သွားခိုင်းတာပါ။” လို့ ခရီးသည်တင်ကားဆရာတစ်ဦးက
ပြောပါတယ်။
မိုခါမုန်တိုင်းအလွန် ရခိုင်မှာလူသားချင်းစာနာထော က်ထားမှုအကူအညီပေးရေးတွေကို စစ်ကောင်စီတားမြစ်ထားသလို ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တ ပ်တို့ကြား နှစ်ဘက်သဘောတူအပစ်ရပ်ထားပေမယ့် စစ်ကောင်စီက စစ်ဆေးတင်းကြပ်မှုတွေပိုမိုပြု လုပ်လာနေသလို အင်အားဖြည့်တင်းတာတွေ၊ညမထွက်ရအမိန့်ကိုတွေကိုတိုးမြှင့်လုပ်ဆောင်လာတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/315745970973574