ရခိုင်ပြည်ထောင်ရဲ့နိုင်ငံသားဖြစ်ခြင်းကိစ္စကို မထိပါးသင့်ဘူးလို့ NUG ကိုထောက်ပြ

By Border News Agency / 2023 August   27

(ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခု/BNA)

ပြည်ထောင်တရပ်ရပ်ရဲ့အချုပ်အခြာအာဏာပိုင် ဆိုင်မှုကို ပြည်ထောင်စုမှအင်အားသုံးမထိပါးရ (Demos- Cont rasting)ဆိုတဲ့ မူကိုထိပါးရာရောက်နေတာမို့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့အနှစ် သာရကိုပျက်ပြားစေတယ်လို့ ရခိုင်ပြည်အမျိုးသားကောင်စီ(AN C/AA)က ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက် နေ့ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အနေနဲ့ ရိုဟင်ဂျာပြည်သူတွေနေရပ်ပြန်နိုင်ရေးဆောင်ရွက်နေတ ယ်လို့  ပြီးခဲ့တဲ့ဩဂုတ်လ၂၅ရက်နေ့ကျရောက်တဲ့ ရိုဟင်ဂျာပြည်သူလူထုအပေါ်  ပစ်မှတ်ထားကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုများခြောက်နှစ်မြောက်နှစ်ပတ်လည်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုချက်အပေါ် ခုလိုထောက်ပြထုတ်ပြန် လာသလိုရခိုင်ပြည်သူတွေကလည်း ဝေဖန်ပြောဆိုကြပါတယ်။

”ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူများဖြင့် ပြည်ထော င်စုတရပ်အား ဖွဲ့စည်းတည်ဆောက်ရာတွင်အမျိုး သားတန်းတူရေးနှင့်ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးအခြေခံဖြင့် ဆန္ဒသဘောထားအလျောက်ပါဝင်ပူး ပေါင်းနေသည့် အဖွဲ့ဝင်ပြည်ထောင်တခု၏(၁) ဌာနေတိုင်း ရင်းသားမျိုးနွယ်စုစာရင်းအားသတ်မှတ်ခြင်း၊(၂)ထိုပြည်ထောင်ရှိ လူတစုအားမွေးရာပါပြည် ထောင်သားအခွင့်အရေး၊နိုင်ငံသားအခွင့်အရေး ရသင့်ရထိုက်သောဒေသခံလူမျိုးစုတခုအဖြစ် သတ် မှတ်ခြင်း၊(၃) ထိုသို့သတ်မှတ်ရန်လိုအပ်သည့်စံတန် ဖိုးနှင့်ဥပဒေများပြ ဋ္ဌာန်းခြင်းအစရှိသော ကိစ္စရပ်များသ ည်သက်ဆိုင်ရာ ပြည်ထောင်အတွင်း သမိုင်းအစဉ်အဆက်ကောင်းတူ၊ဆိုးဖက်မှီတင်းအခြေချနေထိုင်လာသည့် ဌာနေတိုင်းရင်းသားလူမျိုးစုံ ပြည် သူလူထု၏ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်တင်မြှောက်ထားသော ပြည်ထောင်အစိုးရကသာ  အဆုံးအဖြတ်ပေးရမည့်ကိစ္စများ ဖြစ်ပေသည်။”လို့

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA)က ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဟာ ရခိုင်ပြည်နဲ့ရခိုင်ပြည်သူလူထုအပေါ်ပြောဆိုဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့လည်း ရခိုင်ပြည်သူတွေ၊ရခိုင်လွှတ်တော်အမတ်တွေ ထောက်ပြကြပါတယ်။

“NUGအနေနဲ့ ရခိုင်မှာ စိုးမိုးနယ်မြေလည်းမရှိဘူး။ဘာဩဇာအာဏာမရှိတဲ့အနေအထားမှာ သူတို့ဒီလိုလုပ်မယ်ဆိုတာ မဖြစ်သင့်တဲ့အနေအထားဖြစ်ပါတယ်။ စစ်ကောင်စီကလုပ်နေတဲ့ လက်ခံရေးကိစ္စဟာလည်း သူတို့ကိုယ်တိုင် ရာဇ၀တ်၀တ်မှုကျူးလွန်ပြီး မောင်းထုတ်လိုက်တဲ့လူတွေ သူတို့ကို ပြန်လက်ခံနိုင်ပါ့မလားဆိုတဲ့အနေအထားလည်းရှိတယ် ။”လို့  ဘူးသီးတောင်ဒေသခံ၊ရခိုင်ပြည်သူ့လွှတ်တော်အ မတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

”ဤအခြေခံအယူအဆနှင့်ဆန့်ကျင်လျက်အဆိုပါကိစ္စရပ်များအား တခြား ပြည်ထောင်တရပ်ရပ်ကသော်လည်း ကောင်း၊ပြည်ထောင်စုအစိုးရကသော် လည်းကောင်း၊သက်ဆိုင်ရာပြည်ထောင်အစိုးရ ၏ လုပ်ပိုင်ခွင့်နှင့်ဆန့်ကျင်ပြီး အဆုံးအဖြတ်ပေးရန် ကြိုးပမ်းလာပါက ဤလုပ်ရပ်သည် ပြည်ထောင်စုလွှ တ်တော်အဆင့်တွင်တရားဝင်ဆုံးဖြတ်ချက်ဖြစ်လျင်ပင်ပြည်ထောင်တရပ်ရပ်၏ အချုပ်အခြာ အာ ဏာပိုင်ဆိုင်မှုအား ပြည်ထောင်စုမှအင်အားသုံး၍ မထိပါးရဟူသော(Demos-Contrasting) ဆိုသည့်မူအားထိပါးရာရောက်နေသဖြင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏အနှစ်သာရကို ပျက်ပြားစေပေသ ည်။”လို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) က ထောက်ပြပါတယ်။

ရခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကိုအ လေးမထားဘဲ အစိုးတစ်ရပ်အနေနဲ့ နိုင်ငံရေးအမြတ်ထုတ်ပြီး လုပ်ချင်သလိုမလုပ်သင့်ဘူးလို့လည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

“အဓီကကတော့ ရခိုင်နဲ့ ဘင်္ဂလီပြဿနာပဲလို့ယူဆပါတယ်။အဲဒီမှာ အစိုးရနိုင်ငံရေးအမြတ်ထုတ်ပြီး သူတို့ လုပ်ချင်သလိုလုပ်သွားရင်တော့ တစ်ချိန်ချိန်မှာ ဒီပဋိပက္ခ ပြန်ပေါ်လာနိုင်တယ်လို့ ကျွန်တော်တို့ဘ က်ကယူဆပါတယ်။” လို့ ရခိုင်လွတ်တော်အမတ်ဟောင်းဦးဖေသန်းက ပြောပါတယ်။

”သို့ဖြစ်ပါ၍ ပြည်ထောင်စုအဆင့်၌ ဆွေးနွေးဆုံး ဖြတ်ပိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတိုင်းသ ည်ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုတည် ဆော က်ရေးအခြေခံမူများနှင့်သက်ဆိုင်ရာပြည်ထောင်သားများ၏  ဆန္ဒသဘောထားကို  လျစ်လျူရှုလျက် ပြည်ထောင်တရပ်ရပ်၏ အရေးကိစ္စတွင် မူမဲ့ဝင်ရောက်စွက်ဖက်ခြင်းဖြင့် အနာဂတ်တွင် ပေါ်ပေါ က်ရန်အလားအ လာရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏အဖွဲ့ဝင်ပြည်ထောင်များအကြားပြည်ထောင်စုစိတ်ဓာတ်အားပျက်ပြားအောင် လုပ် ဆောင်ရာရောက်မည်ကိုသတိကြီးစွာထားသင့်ကြောင်းရခိုင်ပြည်သူလူထု ကိုယ်စား  မိမိတို့ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA)မှသက်ဆိုင်ရာလူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအားလုံးသို့ ဤထုတ်ပြန်ကြေငြာချက်ဖြင့် အလေးအနက် သတိပေးအပ်သည်။”လို့ ရခိုင်ပြည်အ မျိုးသားကောင်စီ/ရခိုင်ပြည်တပ်မ တော်(ANC/AA)က သတိပေးထားပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့စတင်ပြီးမြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင် ရေးကြောင့် ရိုဟင်ဂျာလူဦးရေခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင်ဟိန္ဒူဒုက္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ်သန်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး၊ခရီးသွားလာရေးစတဲ့အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာအကြမ်းဖက်သတ် ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေးဝါးတွေရောင်းဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝတ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာပြန်လည်လ က်ခံရေးပြုလုပ်မယ်လို့ဆိုထားပေမယ့် ဘယ်နေ့၊ဘယ်အချိန်၊ဘယ်လိုပြုလုပ်မယ်ဆိုတာကိုတော့အ တိအကျထုတ်ပြန်ထားတာမရှိသေးပါဘူး။

https://www.facebook.com/bordernewsagency/posts/317450434136461

Leave a Reply

Your email address will not be published.