ရခိုင်က မရမာကြီးလူမျိုးတွေ ခွဲခြားဆက်ဆံခံနေကြရ

By Border News Agency / 2023 August   21

ရခိုင်က မရမာကြီးလူမျိုးတွေဟာ ကျန်းမာရေး၊ပညာရေး၊အလုပ်အကိုင်တွေကအစ တန်းတူညီမျှမှုမရှိဘဲ ခွဲခြားဆက်ဆံခံနေကြရတယ်လို့ မရမာကြီးလူမျိုးတွေက ဆိုကြပါတယ်။

အဲဒီမရမာကြီးလူမျိုးတွေဟာ အစိုးရဝန်ထမ်းနဲ့တ ခြားအလုပ်အကိုင်တွေမှာလည်း လုပ်ကိုင်ခွင့်လုံးဝမရရှိသလို ခွဲခြားဆက်ဆံခံနေကြရတယ်လို့လည်းဆိုကြပါတယ်။

အဲဒီအပြင် ကျန်းမာရေးစောင့်ရှောက်မှုခံယူကြရာမှာလည်း ခွဲခြားဆက်ဆံခံနေကြရသလို လူမျိုးရေးအရနိမ့်ချပြောဆိုတာတွေလည်းရှိနေတယ်လို့ မရမာကြီးလူမျိုးတွေက ဆိုကြပါတယ်။

အဲဒီအပြင် လူမျိုးရေးအရအနိုင်ကျင့်စော်ကားတာတွေ၊နိုင်ထက်စီးနင်းပြုမှုတာတွေ၊လုယူသတ်ဖြတ်ခံရတာတွေထိပြုလုပ်ခံနေကြရတယ်လို့လည်း ဆိုကြပါတယ်။

အဲဒါကြောင့်နေရပ်စွန့်ခွာတာတွေ၊အပြီးပြောင်းရွေ့တာတွေထိပြုလုပ်နေကြသလိုလက်ရှိမှာလည်းမတ ရားသတ်ဖြတ်ခံရတာတွေ၊အသက်အန္တရာယ်ခြိမ်း ခြောက်ခံရတာတွေလည်းရှိနေကြတယ်လို့ မရမာကြီးလူမျိုးတွေက ဆိုကြပါတယ်။

ဒီလိုခွဲခြားဆက်ဆံခံနေကြရသလို စားဝတ်နေရေးမပြေလည်မှုတွေလည်း အများကြီးရှိနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုအခက်အခဲ၊အကြပ်အတည်းတွေအပြင် မိုခါမုန်တိုင်းတိုက်ခဲ့တာမှာပိုမိုခက်ခဲကပ်တည်းလာစေခဲ့တယ်လို့လည်း ဆိုကြပါတယ်။

အဲဒါကြောင့် ကလေးတွေပညာသင်ကြားရေးတွေမှာ ငွေကြေးမလုံလောက်ကြသလိုပညာသင်ကြားရာမှာလည်းခွဲခြားဆက်ဆံမှုတွေရှိနေကြတယ်လို့ မရမာကြီးလူမျိုးတွေက ဆိုကြပါတယ်။

အဲဒီမရမာ​ကြီးလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့တည်တဲဥပဒေအရနိုင်ငံသားစာရင်းထဲမှာပါဝင်သလို ဗုဒ္ဓဘာ သာကိုကိုးကွယ်ကြပေမယ့် အစ္စလာမ်ဘာသာဝင်တွေနဲ့ရုပ်ဆင်တာမို့ ခွဲခြားဆက်ဆံခံနေကြရတာလို့ မရမာကြီးလူမျိုးတွေကဆိုကြပါတယ်။

အဲဒါကြောင့် ၂၀၁၂ ရခိုင်ပဋိပက္ခတုန်းကလည်းနေ အိမ်တွေမီးတိုက်ဖျက်ဆီးခံခဲ့ကြရသလိုခုချိန်ထိ ဒု က္ခသည်စခန်းတွေမှာနေထိုင်နေကြရသူတွေရှိနေကြတုန်းပဲလို ဆိုကြပါတယ်။

အဲဒီမရမာကြီးလူမျိုးတွေဟာ ရခိုင်ကမောင်တော၊စစ်တွေ၊ပုဏ္ဏားကျွန်း၊မြောက်ဦး၊မင်းပြား၊မြေပုံနဲ့ကျောက်ဖြူမြို့နယ်မှာ နေထိုင်ကြပါတယ်။

အဲဒီအပြင် ရန်ကုန်နဲ့တခြားနေရာဒေသတချို့မှာလ ည်း နေထိုင်ကြသလို စုစုပေါင်းလူဦးရေတစ်သောင်းငါးထောင်ကျော်ခန့်သာရှိတယ်လို့ မရမာကြီးစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဆိုပါတယ်။

https://www.facebook.com/watch/?v=622014526782414

Leave a Reply

Your email address will not be published.