ရခိုင်က နေရပ်စွန့်ခွာဒုက္ခသည်တွေ ဘာကြောင့် နေ ရပ်မပြန်နိုင်ကြတာလဲ

By Border News Agency / 2023 August   31

ကျိုးတိုးကျဲတဲဝါးထရံပျက်ကြီးတစ်ခုကို ယာယီခိုလှုံလို့ရအောင်တုတ်ချောင်းနဲ့ထောက်ပြီး ခိုလှုံရာတစ်ခုလိုပြုလုပ်ထားတဲ့အောက်မှာ အပေါ်အင်္ကျီမပါတဲ့ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့အတူ အမျိုး သမီးတစ်ဦးလည်း ငေးမှိုင်ထိုင်နေပါတယ်။

အဲဒီပိတ်စခပ်နွမ်းနွမ်းတစ်ခုကို ဆောင်းထားပြီး စိ တ်ပျက်ညိုးငယ်နေတဲ့ မျက်နှာနဲ့ထိုင်နေတဲ့အမျိုးသ မီးကို ကလေးငယ်ကငေးကြည့်နေပါတယ်။

အဲဒီမြင်ကွင်းကတော့ မိုခါမုန်တိုင်းအလွန် စစ်တွေမြို့နယ်ရှိသက္ကေပြင်မူဆလင်ဒုက္ခသည်စခန်းတစ်နေရာက မူဆလင်သားအမိနှစ်ဦးရဲ့ယာယီနေအိမ်ပဲဖြစ်ပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့က တိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နယ်မှာ ၉၅ရာခိုင်နှုန်းထိပျက်စီးခဲ့သလို စစ်တွေမြို့နယ်ရှိမူဆလင်ဒုက္ခသ ည်စခန်းအားလုံးနီးပါးလည်း ပျက်စီးသွားခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ စစ်တွေမြို့၊သက္ကေပြင်မူဆလင်ဒုက္ခသည်စခန်းက အသ က် ၄၀ အရွယ်၊ဒေါ်မနု(ခ) ဒေါ်ရော်မာခါတူဖြစ်ပြီးသူမတို့ဟာ အဲဒီဒုက္ခသည်စခ န်းမှာလွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကနေစတင်နေထိုင်လာခဲ့တာဖြစ်ပါတယ်။

သူမအပါအဝင် မူဆလင်ဒုက္ခသည်အားလုံးဟာနေ ရပ်ပြန်ရေးမျှော်လင့်နေခဲ့ကြပေမယ့် ဆယ်စုနှစ်တ စ်စုကြာလာတဲ့ထိ မြန်မာစစ်တပ်ရဲ့အမုန်းစကားဝါဒ ဖြန့်ချီရေးတွေကြား နေရပ်မပြန်နိုင်ကြသေးဘူးလို့ မွတ်ဆလင်ဒုက္ခသည်တွေက ဆိုကြပါတယ်။

ဒေါ်မနုအပါအဝင် မူဆလင်တွေဟာ သူတို့အရင်နေခဲ့တဲ့နေရာတွေကို ပြန်ရမယ်လို့ မျှော်လင့်နေကြပြီးဘယ်အချိန်ပြန်ရမယ်ဆိုတာ မသိကြပေမယ့်သူတို့ရဲ့သားသမီး၊မြေး၊မြစ်တွေကိုတော့ နေ ရပ်ပြန်ပြီးပညာကောင်းကောင်းသင်ပေးချင်တယ်လို့ ဒုက္ခသ ည်တွေက ဆိုကြပါတယ်။

“ကျွန်မမြေးလေးကို အရင်နေတဲ့နေရာက မြို့ပေါ်ကျောင်းမှာထားချင်တယ်။ဒါပေမယ့် ဘယ်အချိန်မှာ အိမ်ပြန်ပြီး ဘယ်အချိန်မှာထားရမယ်ဆိုတာကို မသိတော့ပါဘူး။”လို့ ဒေါ်မနုက အဝေးတစ်နေရာကိုကြ ည့်ရင်းညဉ်းတွားပြောပါတယ်။

လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်၊ဇွန်လနဲ့ အောက်တိုဘာလအ တွင်းမှာ ရခိုင်က နှစ်ဖက်လူ့အဖွဲ့အစည်းအကြား အ ကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီး အဲဒီအကြမ်းဖက်မှုတွေမှာ အနည်းဆုံးလူ (၁၉၂) ဦး-[မွတ်ဆလင်(၁၃၄)ဦးနှင့်ရခိုင်(၅၈)ဦး သေဆုံးခဲ့ရတယ်လို့ ကိုဖီအာနန်အကြံပေးကော်မရှင်ရဲ့အစီရင်ခံ စာမှာ ဖော်ပြခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုဒဏ်ကို လူ့အဖွဲ့အစည်းနှစ်ရပ်စလုံးခံစားခဲ့ကြရပေမယ့် ပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ဖျက် ဆီးခံခဲ့ရမှုအခြေ အနေမှာ ညီမျှမှုမရှိသည်ကိုတွေ့ရပြီးဖျက်ဆီးခံခဲ့ရတဲ့လူနေအိမ်(၈၆၄၂)လုံးအနက် (၇၄၂၂)လုံးမှာ မွတ်ဆလင်တွေပိုင် ဆိုင်တဲ့နေအိမ်တွေဖြစ်ကာအဲဒီပမာဏဟာ ပျက်စီးဆုံးရှုံးဆုံးမှုစုစု ပေါင်းရဲ့၈ ၇ ရာခိုင်နှုန်းရှိခဲ့တယ်လို့ အဲဒီအစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင်ပဋိပက္ခတွေကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ပြီးနေရပ်စွန့်ခွာထွက်ပြေးရသူတစ်သိန်းလေးသောင်းနီးပါးရှိရာမှာ ၉ ၅ ရာခိုင်နှုန်းကျော်ဟာမွတ်ဆလင်တွေဖြစ်ကာ အဲဒီလူဦးတစ်သိန်းနှစ်သောင်းဟာ သန့် ရှင်းမှုနည်းပါးပြီး အခြေအနေမကောင်းတဲ့ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတယ်လို့ ဆိုကြပါတယ်။

”စစ်တွေမြို့တွင်းနှင့်ကျောက်ဖြူမြို့န ယ်အပါအဝင် ပြည်နယ်အတွင်းရှိနေရာဒေသအတော်များများတွင် မွတ်ဆလင်များသည် မိမိတို့၏နေအိမ်မှ စွန့်ခွါခဲ့ရသည်။”လို့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆို င်ရာအကြံပေးကော်မရှင်ရဲ့ ၂၀၁၇ခုနှစ်ထုတ်အစီရ င်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်မှာပဋိပက္ခဒဏ်တွေကို ခံစားကြုံ တွေ့ခဲ့ကြရတဲ့ ရိုဟင်ဂျာတွေသာမက အစ္စလာမ်ဘာသာဝင်အား လုံးဟာ အစိုးရအဆက်ဆက်နဲ့စစ်တပ်ရဲ့မတရားဥပ ဒေတွေနဲ့ ဖိနှိပ်ထားမှုတွေကို ခံနေကြရတယ်လို့ ဆိုကြပါတယ်။

ဒါကြောင့် ရခိုင်က ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေ ရပ်မပြန်နိုင်ကြသေးဘဲ ယာယီဒုက္ခသည်စခန်းတွေမှာ ဆယ်နှစ်ကြာတဲ့ထိ ခက်ခဲကျပ်တည်းစွာနဲ့ နေ ထိုင်နေကြရတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

”ကျွန်တော်တို့က တန်းတူအခွင့်အရေးလိုချင်ပါတ ယ်။လွတ်လပ်စွာသွားလာခွင့်ရချင်ပါတယ်။မူလနေ ရာကိုပြန်လို ချင်ပါတယ်။” ဟု စစ်တွေမြို့၊ဒါးပိုင်ဒုက္ခသည်စခန်းက ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ရခိုင်ကလူ့အသိုင်းအဝိုင်းတွေကြားမှာ ထိလွယ်ချလွယ်အခြေအနေကိုမီးစထိုးသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်မ ည်းကြီးတချို့ဟာ အမျိုးမျိုးကြိုး ပမ်းမှုတွေရှိနေတယ်လို့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တ ပ်တို့ကြား အာဏာအားပြိုင်မှုတွေပြင်းထန်နေသလို အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေကို အပြိုင်အဆိုင်ပြုလုပ်နေကြပေမယ့် မွတ်ဆလင်ဒုက္ခသည်တွေနေရပ်ပြန်ရေးကိုတော့ ဘာမှပြောဆိုပြုလုပ်ပေးကြတာမရှိကြဘူးလို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့အစိုးရမူဝါဒလမ်းစဉ်မှာ တန်းတူအ ခွင့်အရေးရနေတဲ့ မွတ်ဆလင်လူ့အဖွဲ့အစည်းကိုလ ည်း ရက္ခိုင့်တပ်တော်ဟာ မွတ်ဆလင်တွေကို အနိုင် ကျင့်နေတယ်လို့ စစ်ကောင်စီကသတင်းမှားတွေနဲ့ဝါဒဖြန့်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအခြေအနေတွေကိုရခိုင်ပြည်သူတွေမယုံကြ ည်ကြရင်လည်းအမြဲမပြတ်သတိထားစောင့်ကြည့်ပြီး စစ်ကောင်စီရဲ့အမုန်းစကားဝါဒဖြန့်မှုတွေကို ချေ ဖျက်ကြဖို့လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့စတင်ပြီးမြန်မာစစ် တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင် ရေးကြောင့် ရိုဟင်ဂျာလူဦးရေခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင် ဟိန္ဒူဒုက္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ်သန်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး၊ခရီးသွားလာရေးစတဲ့အခက် အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သ တ်ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေးဝါးတွေရောင်းဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝတ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာပြန်လည်လ က်ခံရေးပြုလုပ်မယ်လို့ဆိုထားပေမယ့် ဘယ်နေ့၊ဘယ်အချိန်၊ဘ ယ်လိုပြုလုပ်မယ်ဆိုတာကိုတော့အ တိ အကျထုတ်ပြန်ထားတာမရှိသေးပါဘူး။

အဲဒီလို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားရသူတွေထက်အစောကြီးဒုက္ခသည်ဖြစ်သွားကြရတဲ့ရခိုင်ကဒုက္ခသည်တွေကိုတောင် နေရပ်ပြန်ရေးမဆောင်ရွက်ပေးသေးဘူးလို့ဆိုကြပါတယ်။

အဲဒီအပြင်စစ်ကောင်စီကအမုန်းစကားဝါဒဖြန့်မှုတွေပြုလုပ်ပြီးတခြားလူ့အသိုင်းအဝိုင်းတွေကလက် မခံအောင်ပြုလုပ်နေတယ်လို့လည်း ဒုက္ခသည်တွေက ဝေဖန်ပြောဆိုကြပါတယ်။

အဲဒီလိုဘေးပယောဂတွေကြောင့် နောက်ထပ်ပဋိပ က္ခဆိုးမွေကို မခံရအောင် အားလုံးကဝိုင်းဝန်းထိန်း သိမ်းကြဖို့လိုအပ်နေတယ်လို့ ရခိုင်နဲ့မူဆလင်အသို င်းအဝိုင်းက ဆိုကြပါတယ်။

“ဒီလိုမျိုးကိစ္စတွေ နောက်ထပ်ထပ်မဖြ စ်ဖို့နဲ့ဒါတွေကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့ လူသားဆန်တဲ့ စဉ်းစားတွေးခေါ်မှုရှိတဲ့ ဘာသာရေးအကြီးကဲတွေ၊နိုင်ငံရေးသ မားတွေနဲ့အစိုးရတစ်ရပ်ကိုလိုအပ်ပါလိမ့်မယ်။” လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

ရခိုင်မှာ စုံလင်ကွဲပြားတဲ့လူ့အသိုင်းအဝိုင်းတွေကြား နားလည်မှုတည်ဆောက်ရေးအတွက် ULA / AAရဲ့မူဝါဒသဘောထားတွေလည်း အက္ခရာကျနေတယ်လို့

ရခိုင်နိုင်ငံရေးသမားတွေက ဆိုကြပါတ ယ်။

မြန်မာစစ်တပ်ဟာ ခေတ်အဆက်ဆက်သူတို့ရဲ့အာ ဏာသက်ဆိုးရှည်ကြာစွာ ဆုပ်ကိုင်နိုင်ရေးအတွက် လူထုကိုသူတို့ဘက်ပါအောင် ဝါဒဖြန့်တက်ကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို မကောင်းမြင်လာအောင်သတင်းမှားတွေနဲ့အမုန်းစ ကားဖြန့်ဝေတာတွေကို ရည်ရွယ်ချက်ရှိရှိလုပ်တတ်ကြတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

“ရခိုင်ဟာ ခေတ်အဆက်ဆက်အစိုးရတွေရဲ့နိုင်ငံ ရေးကစားကွင်းကြီးလိုဖြစ်နေတာ။သူတို့လိုချင်တာ တစ်ခုခုရှိတိုင်း ရခိုင်နဲ့မွတ်ဆလင်ကို ရန်တိုက်ပေးလေ့ရှိတယ်။အဲဒီတုန်းကဆိုရင်လည်း ပဋိပက္ခကြောင့် သူတို့အကျိုးဖြစ်တဲ့ရွှေ ဂတ်စ်ပိုက်လိုင်းကို ပဋိပက္ခအသုံးချပြီး ဖောက်သွားတာပဲလေ။”လို့ ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောပါ တယ်။

ဒါပေမယ့်အာဏာသိမ်းစစ်ကောင်စီကတော့အမုန်းစကားနဲ့ဝါဒဖြန့်တာတွေကိုနေ့စဥ်ပုံမှန်ပြုလုပ်နေသလို နေရပ်စွန့်ခွာဒုက္ခသည်တွေကိုလည်း အမုန်းစ ကားတွေနဲ့ဆက်လက်ကန့်သတ်တား မြစ်ထားဆဲပဲလို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

မြန်မာစစ်တပ်ဟာ ခေတ်အဆက်ဆက်မှာ သူတို့အာ ဏာတည်မြဲရေးအတွက် လူမျိုးရေးနဲ့ဘာသာရေးကိုအခြေခံပြီးအမုန်းစကားဝါဒဖြန့်တာတွေနဲ့ပဋိပက္ခ

တွေဖန်တီးကာ သူတို့အာဏာတည်မြဲရေးအတွက်ကြိုးစားလုပ်ဆောင်ကြတ ယ်လို့ နိုင်ငံရေးသမားတွေက ဆိုကြပါတယ်။

ရခိုင်မှာ စစ်အာဏာရှင်တွေစနစ်တကျဖန်တီးခဲ့တဲ့ပဋိပက္ခတွေကြောင့်ဆယ်စုနှစ်တစ်စုကျော်ကြာ ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြရသူတွေနေရပ်မပြန်နိုင်ရေးအတွက်လည်း စစ်ကောင်စီက အမုန်းစကားဝါဒဖြန့်တာတွေဆက်လုပ်နေကြတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

အဲဒါကြောင့်နေရပ်စွန့်ခွာဒုက္ခသည်တွေရဲ့နေရပ်ပြန်ရေးအိပ်မက်ဟာဝေးဝါးနေဦးမှာဖြစ်ပြီးစစ်အာဏာ ရှင်တွေရှင်သန်နေသရွေ့တော့ အမုန်းစကားဝါဒဖြန့်မှုတွေအောက်မှာ နေရပ်ပြန်ရေးအိပ်မက်ဟာဘယ် တော့မှအကောင်းအထည်ပေါ်လာမှာမဟုတ်ဘူးလို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/319287933952711

Leave a Reply

Your email address will not be published.