ရခိုင်က နယ်စပ်ရဲ့ကုန်သွယ်မှုပမာဏဟာ လေးလမှာ လေးသန်းကျော်သာရှိခဲ့

By Border News Agency / 2023 August   3

(ဓာတ်ပုံ-မောင်တောနယ်စပ်ကုန်သွယ်ရေးသို့လာတဲ့ကုန်ကားတွေကိုမြို့အဝင်မှာတွေ့ရပုံ/BNA)

ပြီးခဲ့တဲ့လေးလမှာရခိုင် – ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန် သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာလေးသန်း‌ ကျော်သာရှိခဲ့ပြီးအရင်နှစ်ကာလတူလေးလတာရဲ့ ကုန်သွယ်မှုပမာဏထက် ထက်၀က်ကျော် ကျဆင်းသွားခဲ့တယ်လို့ ရခိုင်ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်ပါတယ်။

ဒီနှစ်ဧပြီလကနေ ဇူလှိုင်လကုန်အထိ စစ်တွေနဲ့မောင်တောကုန်သွယ်ရေးစခန်းနှစ်ခုတို့ကနေ တင်ပို့၊သွင်းယူခဲ့တဲ့ ကု န်သွယ်မှုပမာဏစုစု‌ပေါင်းဟာ ၄ဒသမ ၄၅ သန်းကျော်သာရှိခဲ့တာဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ဧပြီကနေ ဇူလှိုင်လအထိမှာတော့ ကုန်သွယ်မှုပမာဏက န်ဒေါ်လာ ၁၁ ဒသမ ၅၁ သန်းရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ကုန်သွယ်မှုပမာဏလျော့ကျသွားတာဟာ ဘင်္ဂလားဒေရှ့်နိုင်ငံက အဓိကသွင်းယူနေခဲ့တဲ့ ရေ ချိုးငါးစိမ်းတွေကို အယူနည်းသွားတာကြောင့်ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်တာ ၀န်ရှိသူက ဆိုပါတယ်။

အဲဒီလို ကုန်သွယ်ရေးလုပ်ငန်း‌တွေ ပုံမှန်မလည်ပတ်နိုင်တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ အခက်ကြုံရသလို ကုန်သွယ်ရေးစခန်းတွေမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာလည်းစားဝတ်ရေးအခက် အခဲတွေနဲ့ ကြုံကြရတယ်လို့ ဆိုကြပါတယ်။

“ပို့ကုန်နည်းနည်းပဲပို့ရတော့ နိုင်ငံခြား ငွေအရနည်းတာပေါ့။ဆိပ်ကမ်းကအလုပ်သမားတွေလည်း အလု ပ်မလုပ်ဖြစ်ကြရတာပေါ့။”လို့ ပို့ကုန်လုပ်ငန်းရှင်တ စ်ဦးက ပြောပါတယ်။

ဒါကြောင့်ခုလိုမျိုး အဓိကတင်ပို့နေရတဲ့ ပို့ကုန်တွေကို ပြန်ပို့နိုင်ရေး၊ကုန်သွယ်ရေးစခန်းတွေ ပုံမှန်လ ည်ပတ်နိုင်ရေးအတွက် နှစ်နိုင်ငံချင်းညှိနှိုင်းမှုတွေ ဆောင်ရွက်ကြဖို့လိုတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

ရခိုင် -ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ် ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊နှစ်လယ်ပိုင်းကလည်း စစ်ကောင် စီရဲ့လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုတွေကြောင့် သိသိသာသာကျဆင်းသွားခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်းမှာ ကုန်သွယ်မှုပမာဏ အနည်းငယ်ပြန်လည် ဦးမော့လာခဲ့ပေမယ့် ဘင်္ဂလေားဒေရှ့်ဘ က်သွင်းကုန်တွေကို ကန့်သတ်လိုက်တာကြောင့် ကုန် သွယ်မှုပမာဏထပ်မံကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။

အဲဒီအပြင် ရခိုင်မှာ အိန္ဒိယနဲ့ဆက်သွယ်ထားတဲ့ ကု လားတန်မြစ်ကြောင်းဘက် စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ဖွင့်လှစ်ထားပြီးဖြစ်ပေမယ့် ပုံမှန်ပြေးဆွဲမယ့် သင်္ဘောလိုင်းတွေ မရှိသေးတာကြောင့် ကုန်စ ည်၊အပို့၊အသွင်းတွေကိုတော့ စလုပ်တာမရှိသေးဘူးလို့ လုပ်င န်းရှင်တွေက ပြောကြပါတယ်။

ရခိုင်မှာ မောင်တောနဲ့စစ်တွေမှာကုန်သွ ယ်စခန်းနှစ်ခုရှိပြီး အဲဒီနှစ်ခုကနေ လစဉ်ကန်ဒေါ်လာ ၄ သန်းဝန်းကျင်၊၄ သန်းကျော်ရနေခဲ့တာဖြစ်တယ်လို့ ကုန် သည်စက်မှုအသင်းချုပ်ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

https://www.facebook.com/bordernewsagency/posts/304786995402805

Leave a Reply

Your email address will not be published.