By Border News Agency / 2023 August 23

ရခိုင်-ဘင်္ဂလားနယ်စပ်ကိုထိန်းချုပ်ထားတဲ့ ရက္ခိုင့်တပ်တော်(AA)ကို တိုက်ခိုက်ရန်အတွက် အာဆာအကြမ်းသမားတွေကို စစ်ကောင်စီက လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အာဆာအဖွဲ့ဝင်တွေနဲ့စစ်ကောင်စီအရာရှိတချို့က အတည်ပြုပြောကြပါတယ်။
”မောင်တောမြောက်ပိုင်း၊မယူတောင်ကြောမှာ အခြေ ချလှုပ်ရှားရမယ်။အေအေကိုတိုက်ခိုက်ရမယ်ဆိုပြီး AK-47 ၇၅လက် ထောက်ပံ့တာပါ။အဲဒီသေနတ်တွေကို အုစ္စတာသ်ခါလဒ်က ဆော်မီအုဒ္ဒိန်ဆီပို့ပေးဖို့စီစ ဉ်နေပါတယ်။”လို့ အာဆာအဖွဲ့ရဲ့အရာရှိတစ်ဦးက BNAသို့ အတည်ပြုပြောပါတယ်။
အဲဒီလိုထောက်ပံ့ပေးနေတာဟာ ဘူးသီးတောင်မြို့ နယ်ရှိ စစ်ကောင်စီတပ်မမှူးက ဦးဆောင်ပြုလုပ်နေတာဖြစ်ပြီး အာဆာအကြမ်းဖက်သမားတွေနဲ့စစ်ကောင်စီအရာရှိတွေကြား မူးယစ်ဆေးဝါးပွဲစားတွေကတဆင့်ဆက်သွယ်ကြတာလို့ စစ်ကောင်စီအရာရှိတချို့က ဆိုကြပါတယ်။
အဲဒါကြောင့် ရခိုင်-ဘင်္ဂလားနယ်စပ်ရဲ့အဓိကဆက် စပ်နယ်မြေဖြစ်တဲ့မောင်တောမြို့နယ်မြောက်ပိုင်းရှိ မယူတောင်ကြောတလျှောက်ရှိ ရက္ခိုင့်တပ်တော် (AA)ရဲ့လှုပ်ရှားစစ်ကြောင်းတွေ၊ကင်းစခန်းတွေ၊တ ပ်ရင်းတွေကို အဓိကတိုက်ခိုက်ဖို့ဖြစ်တယ်လို့ ဆိုကြပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့အ ကြီးဆုံးနဲ့အင်အားအများဆုံးရှိတဲ့ကြိမ်ချောင်းတပ်မအနီးကားလမ်းမပေါ်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၁၂ ရက်နေ့၊ညနေ ၆ နာရီအချိန်ခန့်က အကြမ်းဖက်မှုတစ်ခု
ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအာဆာအကြမ်းဖက်သမားတွေဟာ အိမ်စီးကားတစ်စီးကိုမီးရှို့ခဲ့ပြီးကားပေါ်ပါတဲ့မွတ်ဆလင်နှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ဆိုကြပါတယ်။
အဲဒီဖြစ်ရပ်မတိုင်မီ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊အာကာပျံရွာနဲ့စိမ်းညှင်းပြား(မွတ်ဆလင်)ကျေး ရွာတွေနားက မယူတောင်ကြောထဲမှာအခြေချဖို့ကြိုးစားနေတဲ့အာဆာအကြမ်းဖက်သမားတွေကို ပြီးခဲ့တဲ့ဇူလိုင် ၁၈နဲ့ ၁၉နေ့မှာ ရက္ခိုင့်တပ်တော်(AA) က သွားရောက်ရှင်းလင်းခဲ့တယ်လို့ အနီးအနားရှိမွတ်ဆလင်တွေက ဆိုကြပါတယ်။
”ဘူးသီးတောင်မြို့နယ်မှ အာဆာခေါင်းဆောင်က ဘင်္ဂလားကမ့်ထဲက အာဆာခေါင်းဆောင်ဆီပို့ပေးဖို့လုပ်နေပြီ။အဓိကတော့ အေအေကိုတိုက်ခိုက်ဖို့နဲ့
ဘင်္ဂလာကမ့်ကိုထိန်းချုပ်လွှမ်းမိုးဖို့ပါပဲ။”လို့ ဘူသီးတောင်မြို့နယ်မှစစ်ကောင်စီတပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီအာဆာအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်မှာ(၁)အုစ္စတာသ်ခါလဒ်(ခ)ခါလဒ်(ခ)နတလဒုဦးစီးချုပ်(၂) ကာရီမိုဟိတ်ဘုလ္လာ(ဒိုးတန်း၊မောင်တော)တပ်မှူး၊(၃)အဒူရော်ဟိမ်(ခ)နော်ယုမ်-တပ်မှူး၊(၄)လာလူး (သက်ကိုင်ညှာ၊မောင်တော)တပ်မှူး(၅)နုရ်မာမတ် (ဘ)လာလ်မျာ၊(တပ်မှူး)အပါအဝင် စုစုပေါင်း ၁၀၀ ခန့်ရှိတယ်လို့ Border NewsAgencyကကစုံစမ်းသိရှိရပါတယ်။
အဲဒီအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လှုပ်ရှားနေတဲ့အာဆာအဖွဲ့ဟာ(၁)ဆော်မီအိုဒ္ဒိန်(ခ)နုရ်ကာမာလ် (ခေါင်းဆောင်)စခန်း(၇)၊(၂)MV Ataullah(ဘ)နော်ဇိရ်အမတ်(ဒုခေါင်းဆောင်)စခန်း(၉)၊(၃) Hafes Nur Mohammed-ဒုခေါင်းဆောင်စခန်း(၈-အရှေ့)၊(၄) MV Akis (ခ)အော်လီအမတ်(ဒုခေါင်းဆောင်)စခန်း (၅)၊(၅)MVရော်ဖိက်(ဘ)မာမတ်ဒုလ်ဟာဆောန်(ဒုခေါင်းဆောင်)စခန်း (၇)၊(၆)မလဝီဇူဘိုင်ရ်(ဘ) အဒူဆလာမ်(ဒုခေါင်းဆောင်)စခန်း(၇)၊(၇)ဟာဖဲစ် ဆော်နာအုလ္လာ(ဘ)တိုဖိုင်လ်အမတ်(ဒုခေါင်းဆောင်)စခ န်း(၁၄)တို့ဖြစ်တယ်လို့ Border News Agencyက စုံစမ်းသိရှိရပါတယ်။
ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ခဲ့တဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊မောင်တောမြောက်ပိုင်းနေရာအများစုကို ရက္ခိုင့်တပ်တော်(AA)ရဲ့တပ်မဟာ ၂ ကထိန်း
ချုပ်ထားသလို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်ရုံးအနီးရှိစစ်ကောင်စီရဲ့ကင်းစခန်းတွေ၊အထိုင်ကုန်းတွေကိုလည်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်
သိမ်းပိုက်ထားပါတယ်။
အဲဒီအပြင်စစ်ကောင်စီရဲ့ရိုဟင်ဂျာပြန် လည်လက်ခံရေးပြုလုပ်မယ့်နေရာအများစုဟာလည်း ရက္ခိုင့်တ ပ်တော်(AA) ရဲ့ထိန်းချုပ်မှုနယ်မြေဖြစ်သွားတာမို့စစ် ကောင်စီက အာဆာအကြမ်းသမားတွေကိုထိုးကျွေး ပြီးပဋိပက္ခဖန်တီးနေတာလို့ ရိုဟင်ဂျာအရေးလှုပ် ရှားနေသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/315228627691975