ရက္ခိုင်ပြည်တွင် ကုန်းလမ်း၊ရီလမ်းများအား မြန်မာစစ်တပ် စစ်ဆီးမှု ပိုလုပ်လာ

By Arakan Princess Media / 2023 August    16

ရက္ခိုင်ပြည်၌ ကုန်း လမ်း၊ရီလမ်းများတွင် မြန်မာစစ်တပ်က စစ််ဆီးရီဂိတ်များချ၍ စစ်ဆီးလျက်ဟိရာ ဒေရက်ပိုင်းအတွင်း အယင်ကထက်ပို၍တင်းတင်းကြပ်ကြပ် စစ်ဆီးလာနီကြောင်း သိရသည်။

အထူးသဖြင့် စစ်တွေမြို့ရီချမ်းပြင်မှ  ရသေ့တောင်အငူမော်သို့လားသည့် မြစ်ကြောင်း၌  မြန်မာစစ်တပ်ဇက်သင်္ဘောမှ စစ်သားများသည် ဒေသခံခရီးလားပြည်သူများ၏ ကုန်ပစ္စည်းများကို တခုချင်း ဖွင့်ဖောက်စစ်ဆီးခြင်း၊ မှတ်ပုံတင်များကို အချိန်ယူစစ်ဆီးနီသည့်အပြင် ခရီးလားများအား တယောက်ချင်းခေါ်ယူလျက်စစ်ဆီးမိန်းမြန်းခြင်းစသည်ရို့ကို တင်းတင်းကြပ်ကြပ်စိစစ်ပြုလုပ်နီသည်။

ပြီးခသည့် သြဂတ်စ် ၁၁ ရက်နိကလေ့  ကျောက်ဖြူမြို့အဝင် ကျောက်တလုံးစစ်ဆီးရီးဂိတ်တွင် တောင်ကုတ်မှ ကျောက်ဖြူသို့လားသည့် ဆန်တင်ကား ၃ စီးကို မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက အကြမ်းပတမ်းစစ်ဆီးခကာ  ဆန်ပိုင်သျှင်များနန့် ကားသမားများအားဖမ်းဆီးပြီး ဆန်အိတ် ၆ အိတ်ပီးခါမှ ပြန်လွတ်ပီးလိုက်သည်ဟု သိရသည်။

ရက္ခိုင်ပြည်၌  အဆိုပါဂိတ်များအပြင် တခြားစစ်ဆီးရီးဂိတ်များတွင်လေ့ မြန်မာစစ်တပ်က ဒေသခံခရီးလားပြည်သူများအား အယင်ကထက် စစ်ဆီးမှုပိုလုပ်လာနီသည်ဟုဒေသခံများက ဆိုပါသည်။

မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော် AA နန့်အပစ်ရပ်သည့်အချိန်မှစ၍ လက်ဟိအချိန်ထိ ရက္ခိုင်ပြည်၌ စစ်အင်အားဖြည့်တင်းမှုများကို နိမအားညည့်မနား အင်တိုက်အားတိုက်ပြုလုပ်နီပြီး၊ ကုန်ခသည့် ဂျူလိုင်လကုန်မှစ၍AA ထိန်းချုပ်နယ်မြီများသို့ဒရုန်းများနန့် ကင်းထောက်ခြင်းအပြင် စစ်ကြောင်းထိုးခြင်းများကိုပါ မြန်မာစစ်တပ်က ဆက်တိုက် ပြုလုပ်လာနီကြောင်းသိဟိရသည်။

https://www.facebook.com/arakanprincessmedia1/posts/317545014003793

Leave a Reply

Your email address will not be published.