By Arakan Princess Media / 2023 August 21

ဒေနိ(ဩဂတ်စ် ၂၁ ရက်နိ) မိုးထက ရက္ခိုင်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်စွန့်ပစ်အပိုင်းအစများ ကျရောက်ခကြောင်းသိရသည်။
ယင်းအပိုင်းအစများသည် ဒေနိ မိုးထစောစော ၁၂ နာရီကျော်လောက်က ဂွမြို့နယ်၏ အနောက်ဖက် ၆၆ ကီလိုမီတာ၊ မာန်အောင်ကျွန်း၏ တောင်ဖက် ၁၀၄ ကီလိုမီတာ ဝန်းကျင် ပင်လယ်ပြင်သို့ ကျရောက်ခသည်ဟု စစ်ကောင်စီ၏ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရီးစာမျက်နှာ ရခိုင့်နိစဉ်တွင် ဖော်ပြထားသည်။
၎င်းအပိုင်းအစများကျရောက်မှုကြောင့် လူနန့်တခြားအရာဝတ္ထုများ ထိခိုက်မှု တစုံတရာ မဟိခဟုဆိုသည်။
တရုတ်အာကာသယာဉ်စွန့်ပစ်ပစ္စည်းများသည် သံတွဲ၊ ဂွ၊ မာန်အောင်မြို့နယ်များအနား ရက္ခိုင့်ပင်လယ်ပြင်သို့ မကြာမကြာ ကျရောက်လိဟိသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလေ့ ရက္ခိုင့်ပင်လယ်ပြင်သို့ တရုတ်အာကာသယာဉ်စွန့်ပစ်ပစ္စည်းများ (၄) ကြိမ်ထက်မနည်းကျရောက်ခသိမ့်သည်။
အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇမ်ဘာလအတွင်းကလည်း (၂) ကြိမ်ကျရောက်ခဖူးသိမ့်ကြောင်းသိရသည်။
ယင်းသို့ တရုတ်အာကာသယာဉ် စွန့်ပစ်ပစ္စည်းများ ရက္ခိုင့်ပင်လယ်ပြင်သို့ မကြာမကြာ ကျရောက်နီ၍ ပင်လယ်ပြင်ဟိ ရီနီသတ္တဝါများ သီဆုံးခြင်း၊ ရီထုညစ်ညမ်းခြင်း၊ ပင်လယ်ပြင်အတွင်းမှ တန်းဖိုးဟိ သန္တာကျောက်တန်းများပျက်စီးခြင်းနန့် ပင်လယ်ပြင်အတွင်းဟိ ဂေဟစနစ်များပျက်စီးခြင်းစသည့်ဖြစ်စဉ်များဖြစ်ပေါ်နိုင်သည့်အပြင် ဒေသခံရီလုပ်သားများအတွက်လည်း အလွန် အန္တရာယ်ဖြစ်စီနိုင်ကြောင်း ဝေဖန်ပြောဆိုမှုများဟိနီသည်။
https://www.facebook.com/arakanprincessmedia1/posts/319918917099736