By Arakan Princess Media / 2023 August 9
အင်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းအများအပြားပျက်စီးခရသည့် ရက္ခိုင်တွင် လက်ဟိအချိန်ထိစာသင်ကျောင်း ၂၀၀ ကျော် အပြီးသတ်မပြုပျင်နိုင်သိမ့်ကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည် ပညာရီးဌာနက သိရသည်။
ရက္ခိုင်တွင် စာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ဟိသည့်အထဲ မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့်စာသင်ကျောင်းပေါင်း ၁၅၃၈ ကျောင်း ပျက်စီးခရသည်။
ယင်းအထဲ လက်ဟိအချိန်ထိ ကျောင်းပေါင်း ၁၂၇၉ ကျောင်းကို ပြုပြင်ပြီးဖြစ်ကာ ကျန်စာသင်ကျောင်း ၂၅၉ ကျောင်းမှာ အပြီးသတ်ပြုပျင်ရန်ကျန်ဟိနီသိမ့်သည်ဟု ပညာရီးဌာနက ဆိုသည်။
စာသင်ကျောင်းများမပြုပျင်ရသိမ့်သည့်ကျေးရွာများ၌ ကျောင်းသား/ကျောင်းသူတချို့မှာ လက်ဟိ ဘုန်းကြီးကျောင်းများ၊ ယာယီစာသင်ကျောင်းများ၊ ဇရပ်များ နန့်တခြားနီရာတချို့တွင် ဖြစ်တေပိုင် ခက်ခက်ခဲခဲကျောင်းတက်နီကတ်ရကြောင်း ကျောင်းသား/ကျောင်းသူများနန့် ဆရာ/ဆရာမများ၏ ပြောကြားချက်အရ သိရသည်။
တချို့မှာလေ့ လက်ဟိအချိန်ထိကျောင်းမတက်ရသိမ့်ဘဲ အခက်ကြုံနီကတ်ရ၍ သက်ဆိုင်ရာ တာဝန်ဟိသူများမှ အယင်ဆုံးပြန်လည်ဆောက်လုပ်ပီးရန် ကျောင်းသားမိဖများနန့် ဆရာ/ဆရာများက လိုလားနီကတ်သည်။
ရက္ခိုင်တွင် ၂၀၂၃-၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူဦးရေ စုစုပေါင်း ၅ သိန်းကျော်ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည်ပညာရီးဌာနမှထုတ်ပြန်ထားသည်။
https://www.facebook.com/arakanprincessmedia1/posts/314102711014690