By DMG / 2023 August 24

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းတွင် ကျေးရွာပေါင်း ၃၀ ကျော်ရှိပြီး ရခိုင်၊ မြိုနှင့် ခမီ မျိုးနွယ်စုများ အတူယှဉ်တွဲနေထိုင်ကြသည့် ဒေသတစ်ခုဖြစ်သည်။
ယိုးချောင်းအထက်ပိုင်းက ဒေသခံများမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သံပရာပင်၊ ရှောက်ပင်၊ ဒညှင်းပင်၊ သရက်ပင်၊ ပိန္နဲပင်၊ ငှက်ပျောပင်တို့ကို အဓိကထား စိုက်ပျိုးကြသည်။
တောင်ယာလုပ်ငန်းမှ ရရှိလာသည့် ဒေသထွက်သီးနှံနှင့် ရာသီပေါ်သီးနှံများကို ကန်စောက်ကျေးရွာရှိ အလှည့်ကျဈေးတွင် သွားရောက်ရောင်းချသည့်အပြင် ဝါးတောင်ကားဂိတ်ရှိ ကုန်သည်များထံတွင်လည်း ရောင်းချကြသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ”ဆိုင်ကလုန်း မုန်တိုင်းကြောင့် ယိုးချောင်းအထက်ပိုင်းက ဒေသခံများမှာ ဆုံးရှုံးနစ်နာမှုများရှိခဲ့ပြီး လက်ရှိတွင် ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီများ လိုအပ်နေသည်။
ယိုးချောင်းဒေသသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်ပြီး ရေလမ်းကြောင်း တစ်ခုတည်းကိုသာ အားထားသွားလာနေကြရသည်။
https://www.facebook.com/dmgnewsagency/posts/686396740200592