မြောက်ဦးမြို့ အဝင်လမ်းတွင် မြန်မာစစ်တပ်မှ ခရီးလားပြည်သူများကို တင်းတင်းကျပ်ကျပ် စစ်ဆီးနီ

By Arakan Princess Media / 2023 August    31

မြောက်ဦးမြို့အဝင်လမ်းတွင် ဒေရက်ပိုင်းအတွင်းမြန်မာစစ်တပ်မှ ခရီးလားပြည်သူများကို တင်းတင်းကျပ်ကျပ် စစ်ဆီးနီကြောင်း သိရသည်။

မြောက်ဦးမြို့ အဝင် ထမ္မရာဇ်ကားဂိတ်အနီးတွင် ဩဂတ်စ်၂၉ ရက်နိမှစ၍ မြန်မာစစ်တပ်က ခရီးလားပြည်သူများကို မှတ်ပုံတင်၊ အိပ်ထောင်စုစာရင်းကအစ တင်းတင်းကျပ်ကျပ်စစ်ဆီးနီကြောင်းဒေသခံများကပြောသည်။

အလားတူ လားရန်နီရာနန့် နီရပ်လိပ်စာများကိုလေ့ တိတိကျကျ မိန်းမြန်းသည့်အပြင် ခရီးဆောင်အိပ်များကိုဖွင့်စစ်ခြင်းရို့အပါအဝင် အချိန် မိနစ် ၃၀ လောက်  စစ်ဆီးမီးမြန်း လျက်ဟိနီသည်ဟုဆိုသည်။

ယင်းသို့ စစ်ဆီးမှုများကြောင့် ခရီးလားပြည်သူများမှာ စိတ်မလုံခြုံမှုများဖြင့် စိုးရိမ်ကြောက်လန့်ကာ လားလာနီကတ်ရပြီး ခရီးလားလာချိန်များလည်း ကြန့်ကြာကာ အခက်ကြုံနီကတ်ရကြောင်းသိရသည်။

ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလမှစ၍ ရက္ခိုင့်တပ်တော်နန့် မြန်မာစစ်တပ်ရို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲပြီးနောက် ရက္ခိုင်ပြည်မှ စစ်ဆီးရီးဂိတ်များကိုဖွင့်ပီးခကာ စစ်ဆီးမှုစကေ ဖြီလျော့ပီးထားရာမှ  ဒေဂုမြန်မာစစ်တပ်က ပြန်လည်စစ်ဆီးလာခြင်းဖြစ်သည်။

https://www.facebook.com/arakanprincessmedia1/posts/324928279932133

Leave a Reply

Your email address will not be published.