မြောက်ဦးမြို့နယ်မှ အမျိုးသားတစ်ဦး မြွေကိုက်ခံရ၍ ဆေးရုံတင်ထားရ

By Arakan Bay News / 2023 August      11

ရခိုင်ပြည် မြောက်ဦးမြို့နယ် လေးစိပြားကျေးရွာတွင် ဩဂုတ်လ ၁၀ရက်နေ့ ညနေ ၈နာရီအချိန်ခန့်က အမျိုးသားတစ်ဦးမြွေခံရပြီး ဆေးရုံတင်ထားရကြောင်းသိရသည်။

မြွေကိုက်ခံရသူမှာ မြောက်ဦးမြို့နယ် လေးစိပြားကျေးရွာမှ အဖဦးကျော်သောင်း၏သား အသက် ၃၄အရွယ် ကျော်ဝင်းနိုင်ဖြစ်ကြောင်းသိရသည်။

ဦးကျော်ဝင်းနိုင်မှာ ယမန်နေ့ည ၈နာရီအချိန်က ၎င်းပိုင် ဘဲခြံသို့ သွားရာလမ်းတွင် မြွေကိုတွေ့ပြီး ဖမ်းယူရာ လမ်းခုလတ်တွင်  အကိုက်ခံခြင်းဖြစ်သည်ဟု ၎င်း၏အသိမိတ်ဆွေတစ်ဦးက ABNသို့ပြောသည်။

“ကျွန်နော်တို့သိရသလောက်တော့ မနေ့ညက သူ့ဘဲခြံအနားကတွေ့တဲ့ မြွေကိုဖမ်းလာခဲ့တာပါ၊ လမ်းမှာသူငယ်ချင်းတစ်ယောက်နဲ့​တွေတော့ စကားပြောတယ် အဲချိန်မှာ မြွေကသူရဲ့လက်ခလယ်ကို ကိုက်လိုက်တာပါ” ဟုပြောသည်။

ရခိုင်ပြည်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် မြွေများစွာ ပေါများလာကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

မြောက်ဦးမြို့နယ် လေးစိပြားရွာတွင်လည်း ရေပြည့် ရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ရွာသားများက ပြောသည်။

ရေကြီးပြီးနောက် နေအိမ်နှင့် ခြံဝန်းများတွင် စပါးကြီး မြွေများနှင့် ထူးဆန်းသည့် မြွေများ တွေ့ရကြောင်း သိရသည်။

https://www.facebook.com/ArakanBayNewsMedia/posts/256273487258910

Leave a Reply

Your email address will not be published.