မြစ်ချောင်းများကိုဖြတ်လျက် သက်စွန့်ဆံဖျား ပညာသင်ယူနီကတ်ရသည့် မြောက်ဦးမြို့နယ်ကျေးရွာတချို့မှ ကျောင်းသား/ ကျောင်းသူများကို အာရက္ခပြည်သူ့အစိုးရက သက်ကယ်အင်္ကျီများ ထောက်ပံ့ပီးအပ်

By Arakan Princess Media / 2023 August    14

မြစ်ချောင်းများကိုကူးဖြတ်လျက် သက်စွန့်ဆံဖျား ပညာသင်ယူနီကတ်ရသည့် မြောက်ဦးမြို့နယ် ကျေးရွာတချို့မှ ကျောင်းသား/ ကျောင်းသူများကို ဒေရက်ပိုင်းအတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဦးဆောင်သည့် အာရက္ခပြည်သူ့အစိုးရက အသက်ကယ်အင်္ကျီများထောက်ပံ့ပီးအပ်ခကြောင်းသိရသည်။

ဩဂတ်စ် ၁၁ ရက်၊ ၁၂ ရက်အတွင်း မြောက်ဦးမြို့ နယ် နလိပ်၊ရန်အောင်ပြင်၊ ကျောက်ဆည်ပြင်၊ ဂူတလုံးကျ၊သာကျော်စသည့်ကျေးရွာများမှ ကျီရာပြင်ရွာသို့ ဟွန်ဒါဖြင့် ကျောင်းတက်နီကတ်ရသည့် ကျောင်းသား/ ကျောင်းသူ ၅၀ ကျော်ကို အာက္ခပြည်သူ့အစိုးရက သက်ကယ်အင်္ကျီများထောက်ပံ့ပီးအပ်ခပါသည်။

ရက္ခိုင်ပြည်တွင် မြစ်ချောင်းပေါများသည့်အလျောက် ဆင်းရဲနွမ်းပါးသည့်အပြင် စာသင်ကျောင်းမဟိသည့် ကျေး ရွာများမှာ မြို့နယ်အများစု၌ ဟိသည်။

ယင်းကျေးရွာများမှ ကျောင်းသား/ ကျောင်းသူများမှာ လောင်း၊ ဟွန်ဒါများဖြင့် မြစ်ချောင်းများကို ဖြတ်လျက် သက်စွန့်ဆံဖျား ပညာသင်ယူနီကတ်ရပြီး ဟွန်ဒါမှောက်၍ အသက်သီဆုံးလားရသည့် ကျောင်းသား/ ကျောင်းသူများလေ့ ဟိခသည်။

https://www.facebook.com/arakanprincessmedia1/posts/316501320774829

Leave a Reply

Your email address will not be published.