မောင်တောမြို့နယ်တွင် ရီကြီး၍ ဒေသခံတချို့ ဖီးလွတ်ရာသို့ ရွှိပြောင်းထားရ၊ လမ်းတန်းထားတချို့ ပျက်စီး

By Arakan Princess Media / 2023 August    7

မောင်တောမြို့နယ်တွင် မိုးအဆက်အပြတ်ရွာသွန်းကာ ရီကြီး၍ ဒေသခံတချို့ ဖီးလွတ်ရာသို့ ရွှိပြောင်းထားရသည့်အပြင် လမ်းတန်းထားတချို့ ပျက်စီလားပြီး လားလာရီးအခက်​ကြုံနီကတ်ရကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ပြီးခသည့် ဩဂတ်စ် ၄ ရက်နိမှ ဒေနိ(ဩဂတ်စ် ၇ ရက်နိ)အထိ မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရီများ ပြင်းထန်စွာစီးဆင်းနီသည့်အပြင် လင်္ကျာချောင်းရီသည်လေ့ မြင့်တက်လာနီခြင်းဖြစ်သည်။

ဒေနိတွင်လေ့ မောင်တောမြို့နယ်၌ မိုးကြီးပြီး ချောင်းရီမြင့်တက်လာကာ ၄ မိုင်ရပ်ကွက်အုပ်စု၊ ရွာသာယာရွာအတွင်း ရီကြီးမှုဖြစ်ပွားနီသည့်အပြင် ၄ မိုင်-ရွာသာယာ-ကံပြင်သာစည်-ကံသာယာစသည့်ကျေးရွားများအား ဆက်သွယ်ထားသော ရွာချင်းဆက်ကွန်ကရစ်လမ်းတလျောက် ရီနစ်မြုပ်နီကာ ဒေသခံပြည်သူများ လားလာရန်အခက်အခဲဖြစ်လျက်ဟိကြောင်း သိရသည်။

ဩဂတ်စ် ၆ ရက်နိကလေ့ မောင်တောမြို့နယ်မြောက်ပိုင်း၌ တောင်ကျရီများ ပြင်းထန်စွာ စီးဆင်းခပြီး မောင်တော-အောင်သပြေ ကားလမ်းဟိ လင်္ကျာချောင်းတန်းထား ရီထဲမျောပါပျက်စီးလားခရသည့်အပြင်၊ လင်္ကျာချောင်းရီမြင့်တက်မှုကြောင့် သစ်တုံးနားခွဆုံကျေးရွာရှိ အိမ်ခြီ ၂၁၇ ဆောင်ထဲမှ ၄၁ ဆောင် ရီနစ်မြုပ်လား၍ အိမ်သားများကို အိုးထိန်းရွာ ဘုန်းကြီးကျောင်းသို့ ရွှိပြောင်းထားရသည်။

မောင်တောနည်းတူ ဘူးသီးတောင်၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲ၊ ပေါက်တောစသည့် ရက္ခိုင်ပြည်မြို့နယ်အများစုတွင်လေ့ ရီကြီးမှုများဖြစ်ပေါ်နီ၍ လားလာရီးအခက်ကြုံခြင်း၊ ပင်လယ်ရီတိုက်စားကာ ကမ်းပါးမြိုကျမှုများကြောင့် နီအိမ်ပြိုကျ၊ ပျက်စီးလားခြင်းများအပြင် လူသီဆုံးမှုများပါ  ဖြစ်ပွားလျက်ဟိကြောင်းသိရသည်။

https://www.facebook.com/arakanprincessmedia1/posts/313095127782115

Leave a Reply

Your email address will not be published.