By Border News Agency / 2023 August 20
ရခိုင်မှာ မိုခါမုန်တိုင်းတိုက်ခဲ့တာသုံးလကျော်ရှိပြီဖြစ်ပေမယ့် အထောက်အပံ့မရ၊ငွေကြေးမတတ်နိုင်လို့အမိုးအကာအောက်မရောက်နိုင်သေးသူ ၂၅ ရာခိုင် နှုန်းခန့်ထိ ရှိနေသေးတယ်လို့ ကူညီရေးအဖွဲ့တွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့မိုခါကြောင့် ရခိုင်ကလူတစ်သန်းခွဲကျော်၊နေအိမ်နှစ်သိန်းရှစ်သောင်းကျော်ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အဲဒီပျက်စီးခဲ့တဲ့နေအိမ်တွေအများစုဟာ ကိုယ်ထူ ကိုယ်ထပြန်ဆောက်ခဲ့ကြရတာဖြစ်ပြီးအစိုးရအပါအ၀င်ကူညီရေးအဖွဲ့တွေရဲ့အထောက်အပံ့ရရှိမှုအား နည်းခဲ့တယ်လို့ ကူညီပေးနေသူတွေနဲ့ မုန်တိုင်းသင့် ပြည်သူတွေကဆိုကြပါတယ်။
“အစိုးရကလည်း ထိထိရောက်ရောက်မကူညီဘူး။ကူညီတဲ့နိုင်ငံတကာအဖွဲ့တွေ၊ပြည်တွင်းအဖွဲ့တွေကိုလည်း ကန့်သတ်တာတွေ့ရတယ်။ဆိုတော့ အများစုက ကိုယ်ထူကိုယ်ထနဲ့ဆောက်ကြရတယ်။သွပ်မိုးအိမ်က ဓနိမိုးအိမ်၊ဓနိမိုးအိမ်ကတာလပတ်အိမ်ဖြစ်သွားကြတယ်။”လို့ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေကို ကူ ညီပေးနေတဲ့အရပ်ဖက်အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
လုံး၀မတတ်နိုင်တဲ့အခြေခံလက်လုပ် လက်စားတွေကတော့ အမိုးအကာအောက်မရောက်နိုင်ကြသေးတဲ့အပြင် စား၀တ်နေရေးပါအခက်ကြုံနေကြရတယ်လို့ သူက ဆိုပါတယ်။
“ပိုက်ဆံမရှိလို့ အိမ်မဆောက်ရသေးဘူး။အကူအညီလည်း မရဘူး။”လို့ ပေါက်တောမြို့နယ်၊ပြွန်တို(ခမီ) ရွာမှဒေါ်သာမညိုက ပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ ပျက်စီးမှုတန်ဖိုးဟာ ကျပ်ဘီလီယံ ၅၂၀ ကျော်ရှိခဲ့တယ်လို့ ရခိုင်စစ်ကောင်စီက ဆိုပါတယ်။
အဲဒီလိုအပျက်အစီးတွေ များစွာရှိခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ ထိရောက်တဲ့ အကူအညီတွေမပေးဘဲ ဆန်တချို့၊ဆီတချို့တို့ပဲထောက်ပံ့ပေးပြီး သာသနိက အဆောက်အဦးအချို့နဲ့ ရွာအချို့ကိုတော့ သွပ်ပြားတချို့ထောက်ပံ့ပေးတ ယ်လို့ ဆိုပါတယ်။
အဲဒီလိုထိရောက်တဲ့အကူအညီတွေမပေးတဲ့အပြင် ပြည်တွင်း၊ပြည်ပကူညီရေးအဖွဲ့တွေကိုပါ ကန့်သတ်ထားတယ်လို့ ကုလသမဂ္ဂအပါအ၀င်ပြည်တွင်းကူ ညီရေးအဖွဲ့တွေက ပြောကြပါတယ်။
“မုန်တိုင်းနောက်ပိုင်း နေစရာမရှိတဲ့အပြင် စားစရာပါပျောက်သွားတဲ့သူတွေ အများကြီးရှိတယ်။မျှစ်ချိုးရောင်းတဲ့သူတွေ မျှစ်ချိုးလို့ မရတော့ဘူး။အဲလိုမျိုးတွေ၊ချောင်းဖျားပိုင်းတွေ ဝေးလံတဲ့ဒေသကလူတွေဆို ပိုဆိုးတယ်။”လို့ မုန် တိုင်းသင့်ပြည်သူတွေကို ကူ ညီပေးနေသူနောက်တစ်ဦးက ပြောပါတယ်။
ရခိုင်မှာ မိုခါအလွန် ကူညီကယ်ဆယ်ရေးအတွက် စစ်ကောင်စီကကျပ် ၇ ဘီလီယံသာချထားပေးတယ်လို့ဆိုပါတ ယ်။
အဲဒီအပြင် စစ်ကောင်စီရရှိထားတဲ့ ပြည်တွင်းအကူ အညီဟာလည်း အမေရိကန်ဒေါ်လာ ၁၉ သန်း(ကျပ် ၅၄ ဘီလီယံ)၀န်းကျင်သာရှိအုံးမယ်လို့ ISP Myanmar က ဆိုပါတယ်။
ရက္ခိုင့်တပ်တော်(AA)ကလည်း မုန်တို င်းဒဏ်ခံခဲ့ရသူတွေကို ကူညီမှုတွေရှိနေပြီးထောက်ပံ့ပေးထားတဲ့ ငွေပမာဏ ဘယ်လောက်ကူညီထားတယ်ဆိုတာကိုတော့ အတိအကျထုတ်ပြန်မထားပါဘူး။
ဒါပေမယ့် လက်နက်ကိုင်အဖွဲ့တွေ၊နိုင်ငံတကာရော က်ကူညီရေးအဖွဲ့တွေဆီကရထားတဲ့ အလှူငွေပမာ ဏကတော့ ကျပ်တစ်ဘီလီယံကျော်ရှိတာကို AAက ထုတ်ပြန်တဲ့ကျေးဇူးတင်လွှာတွေမှာ တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီနဲ့ AA တို့ရဲ့ မိုခါအတွက်အ သုံးပြုမယ့် ငွေပမာဏဟာ ကျပ်ဘီလီယံ ၆၀ ကျော်သာ ရှိအုံးမှာ ဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီထုတ်ပြန်ထားတဲ့ မုန်တိုင်းကြော င့် ပျက်စီးမှုပမာဏဘီလီယံ ၅၂၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း၀န်းကျင်သာရှိသေးတာ တွေ့ရပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းပေါင်း စပ်ရေးရုံး (UNOCHA) ကတော့ မိုခါမုန်တိုင်းပြန်လ ည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၃ ၃သန်း(ကျပ်ဘီလီယံ ၁၀၀၀ ၀န်းကျင်)လိုအပ်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး လက်ရှိမှာ ရန်ပုံငွေ ၂၂ သန်းသာရသေးတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်သူတွေဟာ မိုခါမုန်တိုင်း သင့်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ရေကြီးမှုဒဏ်ကိုပါ ခံခဲ့ကြရတာမို့ စား နပ်ရိက္ခာ၊အမိုးအကာ၊ဆေးဝါး၊သောက်သုံးရေစတဲ့အရေးပေါ်အကူအညီတွေ များစွာလိုအပ်နေတယ်လို့ AA က ဆိုထားပါတယ်။
ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေ၊အိမ်နီးနားချင်းနိုင်ငံတွေ၊အာဆီယံနိုင်ငံတွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အမြန်ဆုံးကူညီပေးကြဖို့ AAက ထုတ်ပြန်ချက်ထုတ်ပြီး အကူအညီတောင်းခံထားပါတယ်။
https://www.facebook.com/bordernewsagency/posts/313884594493045