မိုခါအလွန် ရခိုင်ရွှေ့ပြောင်းလုပ်သားတွေ ဘယ်လိုအခြေ အနေရှိနေသလဲ

By Border News Agency / 2023 August   3

ရခိုင်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုအနိမ့်ကျဆုံးဒေသတစ်ခုဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းတွေတစ်ခုမှမရှိတဲ့ဒေသလည်းဖြစ်ပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် ရခိုင်ပြည်သူအများစုဟာ နေရပ်စွန့်ခွာနေကြတာဟာ ဆယ်စုနှစ်တွေကြာလာခဲ့ပြီလို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့ကတိုက်ခဲ့တဲ့မိုခါမုန်တိုင်းအလွ န်မှာတော့ ရခိုင်ပြည်သူတွေဟာ အလုံးအရင်းနဲ့နေရပ်စွန့်ခွာမှုတွေပြုလုပ်လာကြတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုနေရပ်စွန့်ခွာသွားလာနေကြချိန်မှာ ရခိုင်အမျိုး သမီးငယ်လေးဦး လူကု န်ကူးခံရတယ်ဆိုတဲ့ သတင်းဟာ ရခိုင်ပြည်သူတွေကြားမှာ ပြန့်နှံ့လာခဲ့ပါတယ်။

အဲဒီအမျိုးသမီးငယ်လေးဦးဟာယူအေအီးနိုင်ငံ၊ဒူဘိုင်းမြို့က အလှပြင်ဆိုင် တစ်ခုမှာ အလုပ်ရမယ်ဆိုပြီး လိမ် လည်လူကုန်ကူးခံခဲ့ကြရတာဖြစ်ပါတယ်။

သူမတို့ဟာ စစ်တွေ၊ပုဏ္ဏားကျွန်း၊မြောက်ဦးနဲ့ရသေ့တောင်မြို့နယ်ကဖြစ်ပြီး မိုခါမုန်တိုင်းမတိုက်မီ တပတ်အလို မေလ ၇ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကနေ ယူအေးအီးနိုင်ငံ၊ဒူဘိုင်းမြို့ကို ပို့ဆောင်ခံခဲ့ရဖြစ်ပါတယ်။

အဲဒီကနေတဆင့်သုံးဦးကို  အီရတ်နိုင်ငံကို ဆက်ပို့ခံခဲ့ရပြီးကျန်တစ်ဦးကတော့ ဆော်ဒီအာရေဗျနိုင်ငံကို ပို့ဆောင်ခံခဲ့ရပါတယ်။

အီရတ်နိုင်ငံကို ပို့ဆောင်ခံခဲ့ရတဲ့ အမျိုး သမီးငယ်နဲ့ မိသားစုဝင်တွေဟာ ရက်သတ္တပတ် ၆ ပတ်အကြာ ဇွန်လ ၂၁ ရက်နေ့မှာအဆက်သွယ်ရရှိခဲ့ပြီး ပွဲစားတွေရဲ့ ရောင်း စားခြင်းခံထားရတယ်ဆိုတာကို မိသားစုကို အကြောင်း ကြားနိုင်ခဲ့ပါတယ်။

ခုတော့အဲဒီအမျိုးသမီးငယ်လေးဦးကို ရောင်းစားခဲ့တဲ့ ပွဲစားအမျိုးသမီးနှစ်ဦးကို ရန်ကုန်မှာ ဖမ်းဆီးမိထားပြီအမှုဖွင့်တားပြီဖြစ်ပါတယ်။

ရခိုင်ဒေသမှာ ပဋိပက္ခတွေ၊စစ်ပွဲတွေ၊ရောဂါကတ်ဘေးတွေ၊သဘာဝဘေးတွေကို တလှည့်စီခံစားနေရတဲ့ ရခိုင်ပြည်သူတွေဟာ စားဝတ်နေရေးအခက် အခဲအကျပ်အတည်းကို ပိုမိုခံစားလာရနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုအဆမတန်ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းကိုကာမိတဲ့ဝင်ငွေရလုပ်ငန်းတွေမရှိတာကြောင့် ပြည်ပကို ရရာနည်းလမ်းတွေနဲ့ ထွက်နေကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဲဒီလိုလူကုန်ကူးခံကြရတာဟာမိသား စုစားဝတ်နေရေးအတွက် အန္တရာယ်ကိုမမှုဘဲ ရရာလမ်းကြောင့်ကနေ ပြည်ပကိုထွက်ခွာနေရတယ်ဆိုတာကို မီးမော င်းထိုးပြနေတာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ရခိုင်မှာဝမ်းရေးဖူလုံတဲ့ဝင်ငွေရ အလုပ်အကိုင်တွေမရှိဖြစ်တာကြောင့် ရခိုင်ဒေသခံတွေနေရပ်စွန့်ခွာနေကြရပြီး မိုခါမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ပိုင်းမှာ ပိုမိုဒေသစွန့်ခွာလာကြပါတယ်။

“အခု စားဖို့ အတွက် ဆန်၊ဆီဆား၊စျေး နှုန်းတွေက အဆမတန်တက်လာတယ် ။ဝင်ငွေက တစ်နေ့တစ်သောင်းခွဲ လော က်ရှာလို့ရပေမယ့် မလောက်ဘူး။အော က်ခြေလူတန်းစားတွေဆို ဆောက်လုပ်ရေးဆိုက်မှာဝင်လုပ်တယ်။ကယ်ရီမောင်းတယ်။အလုပ်ကလည်း ဒါပဲရှိတယ်။ ဒါကြောင့် မိသားစုအတွက်ကြုံတွေ့လာမယ့်အခက်အခဲတွေက ရှေ့မှာဆီးနေတယ်။ဒါကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ရတယ်။”လို့ အသက် ၃၀ အရွယ် ပန်းရံလုပ်သား တ စ်ဦးကပြောပါတယ်။

ပြည်ပကိုထွက်တဲ့သူအများစုမှာ ပွဲစားတွေရဲ့အဆ က်အသွယ်နဲ့တရားမဝင်လမ်းကြောင်းက ထွက်တာအများဆုံးဖြစ်ပြီး passport လုပ်ပြီး အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ ချိတ်ဆက်သွားကြသူတွေလည်းရှိပါတယ်။

ပွဲစားတွေရဲ့ လိမ်လည်မှုကိုခံရမှု၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရဲ့ ငွေကြေးလိမ်လည်မှုတွေကိုလည်း ခံကြရပါတယ်။

ဒါပေမယ့် ဘယ်သူ့ကို ဘယ်လိုတိုင်တ န်းရမလဲဆိုတာကို မစဉ်းစာနိုင်ဘဲ ကုန်ကျတဲ့ငွေကြေးတချို့ ပြန်ရဖို့အတွက် နှုတ်ဆိတ်နေကြရသူတွေလည်းများတ ယ်လို့လည်း ဆိုကြပါတယ်။

“ကျမသားကအောက်လမ်းကနေမသွားချင်လို့ ကုမ္ပဏီ နဲ့ဆက်ပြီးသွားမယ်လုပ်တာ။ပက်စ်ပို့လုပ်တယ်။နိုင်ငံခြားထွက်ရဖို့ ရန်ကုန်သွားနေရတယ်။သူသွားနိုင်ဖို့  ရှိတာကိုရောင်း၊ချေးငှားပေါင်နှံပြီး ငွေ ဆယ်သိန်းကျော်ပေးထားတာ။တနေ့ထွက်ရနိုးနိုးနဲ့ ၃ လကျော်လောက် ကြာလာတယ် မထွက်ရဘူး။နောက်ဆုံးမှာ ငွေနည်းနည်းပြန်ရဖို့ မနည်းတောင်းလို့ သုံးသိန်းပြန်ရတယ်။ကျမသားနဲ့အ တူ ရွာက ယောက်ျားလေး၊ မိန်းကလေး ၂၀ ကျော် ဒုက္ခရောက်ကြတယ်။အခုတော့ ကျမသားက ကချင်ဘက် တက်သွားပြီ။ ကိုယ့်ဒေသမှာက အလုပ်မှမရှိတာ။”ဟု ရသေ့တောင်မြို့နယ်မှ အမျိုး သမီးတစ်ဦးကပြောပါတယ်။

နိုင်ငံရပ်ခြားမှာအကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြတဲ့  ရခိုင်ပြည်သူတွေဟာ လက်ရှိပြည်အတွင်း တည် ငြိမ်နေတဲ့အတွက် ပြန်လာနေကြတယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ဝါဒဖြန့်စ ည်းရုံးရေစာမျက်နှာ ရခိုင်နေ့စဉ်က ဖော်ပြနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် သတင်းစာမျက်နှာ မှာဖော်ပြတဲ့ ထိုင်း၊မလေးနဲ့ တရုတ်က နေရပ်ပြန်အရေအတွက်မှာ  မိုခါမတိုက်မီ ဧပြီလကနေ မိုခါတိုက်ပြီး ဇူလိုင် ၂၂ ရက်နေ့ အထိ ၄ လတာကာလအတွင်း  ၁၃၀ဦးသာ ဝင်ရောက်လာတာတွေ့ရပါတယ်။

အဲဒီအရေအတွက်ဟာ ရခိုင်ကတစ်ပတ်တာ နေရပ်စွန့်ခွာတဲ့အရေအတွက်နဲ့ တူ ညီနေပါတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

“အခု ရွာတွေကိုသွားကြည့်လိုက်ရင် လူ ငယ်တွေ မရှိတော့ဘူး။ကျောင်းတက် နေကြတဲ့ ကလေးတွေနဲ့သက်ကြီးရွယ်အိုလောက်သာ ရှိတော့တယ်။အသက် ၁၈ နှစ်ပြည့်တာနဲ့ မှတ်ပုံတင်လုပ်ကြတယ်။ပြီးရင်နိုင်ငံခြားကို ထွက်ကြပြီ။ နိုင်ငံခြားကပြန်လာတဲ့သူ ဆိုတာကလ ည်း နည်းနည်းလေးရယ်။၁ဝယောက်မှာ တစ်ယောက် ပြန်မလာဘူး။ပြန်ရောက်ရင်လည်း သုံးနှစ်မနေဘူး။ပြန်သွားကြတာပဲ။ရွာက မိန်းမကိုတောင်ခေါ်သွားကြသေးတာ။”လို့ ကျောက်တော်မြို့န ယ်မှ ဒေသခံတစ်ဦးကပြောပါတယ်။

ရခိုင်က ပြည်ပထွက်ခွာသူတွေဟာ ထို င်း၊တရုတ်၊မလေးရှား၊စင်္ကာပူ၊ဂျပန်၊ကိုရီးယားနိုင်ငံသို့ သွား ရောက်နေကြရပြီး ဒီနှစ်ပိုင်းမှာ ဒူဘိုင်း(ယူအေအီးနိုင်ငံ)ကို ထွက်တဲ့သူများလာတယ်လို့ လေ့လာသူတွေကဆိုပါတယ်။

Passport လာလုပ်ရာမှာလည်း  ထိုင်းနိုင်ငံကိုသွားသူ ၇၀ ရာခိုင်နှုန်း၊မလေးရှားနိုင်ငံကိုသွားသူ ၂၃ ရာခိုင်နှုန်း၊ စင်္ကာပူ၊ ဂျပန် နဲ့ ကိုရီးယားနိုင်ငံကို ၇ ရာ နှုန်းခန့် ရှိတယ်လို့ ဆိုကြပါတယ်။

အဲဒီလိုရတဲ့နည်းနဲ့ပြည်ပကိုရောက်ရှိရေး သွားနေကြတဲ့အထဲမှာ အဆိုးဆုံးကတော့ နီးစပ်တဲ့အမျိုးသ မီးပွဲစားတွေကိုယုံမိတဲ့ အမျိုးသမီးငယ်တွေဖြစ်ကြပါတယ်။

လူကုန်ကူးခံရတာတွေ၊ရောင်းစားခံရတာတွေရှိနေသလို မိသားစုတွေနဲ့လည်း အဆက်အသွယ်တွေပြတ်ပြီးဘယ်ရောက်လို့ ဘာတွေလုပ်နေတယ်ဆိုတာကို မသိရဘဲ ပျောက်ဆုံးနေသူတွေလည်း ရှိနေကြတယ်လို့ ဆိုပါတယ်။

ကိုယ့်ဒေသကို ပြန်ရောက်ရင်တောင် အသက်မသေရင်ပြီးရောဆိုပြီး ကြုံတွေ့ခဲ့ရတဲ့ငရဲခန်းကို ဘယ်သူကိုမှ ဖွင့်မပြောဘဲ ကြိတ်မှိတ်ခံစားရသူတွေလည်းရှိနေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလကလည်း ရခိုင်အမျိုးသမီးငယ် ၆ ဦးကို တရုတ်အမျိုး သားတွေနဲ့လက် ထပ်ရန် ဖြားယောင်းသွေးဆောင်ပြီး တရုတ်နယ်စပ်၊ရှမ်းပြည်၊မူဆယ်မြို့မှာ ပြည့် တန်ဆာအဖြစ်ရောင်းစားခဲ့တဲ့ အမှုတစ်ခု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာရှိပါတယ်။

အဲဒီအမှုထဲက ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးငယ်တွေဟာ စစ်တွေ၊ကျောက်တော်၊ပေါက်တောမြို့နယ်တွေက အသက် ၂၀ အရွယ်သာရှိသေးတဲ့ အမျိုးသမီးငယ်တွေ ဖြစ်ကြပါတယ်။

စစ်တွေမြို့က ဆယ်တန်းကျောင်းသူတစ်ဦးကို တရုတ်အမျိုးသားနဲ့လက်ထပ်ဖို့ လူကုန်ကူးတဲ့ အမှုတစ်ခုဖြစ်ခဲ့ပါသေးတယ်။

အဲဒီအမှုက ကျူးလွန်သူ အမျိုးသမီးတစ်ဦးကို စစ်တွေခရိုင် တရားရုံးက ၂၀ ၂၂ ခုနှစ်၊ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့တာရှိပါတယ်။

ရခိုင်မှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်မှာ လူကုန်ကူးမှု ၁၄ မှုထိရှိခဲ့တယ်လို့ ရဲမှ တ်တမ်းတွေက ဆိုပါတယ်။

ဒါပေမယ့်နောက်ပိုင်းမှာ လူကုန်ကူးမှု တွေဟာ မရှိသလောက်နည်းပါးနေတ ယ်လို့ ဆိုပါတယ်။

ဒါဟာ လူကုန်ကူးခံရတာ မရှိလို့မဟုတ်ဘဲ လူကုန်ကူးခံရပေမယ့် ရဲကို တိုင် ကြားတာ အမှုဖွင့်တာမရှိတာကြောင့်လို့ ရဲအရာရှိအငြိမ်းစားတစ်ဦးကသုံးသပ်ပါတယ်။

အမျိုးသမီးငယ်တွေဟာ အမျိုးသားတွေထက် စည်းရုံးလွယ်ကြပြီး အမျိုးသမီးအချင်းချင်း အမျိုးမျိုးနည်းလမ်းမျိုးစုံနဲ့သွေးဆောင်ဖြားယောင်းကာ လူကုန်ကူးမှုကို ကျူးလွန်ခံနေကြရတာလို့အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

ရခိုင်မှာ အမျိုးသမီးငယ်တွေပါ ပြည်ပထွက်ခွာနေကြတာကြောင့် ကျေးလက်က ပညာနည်း၊ဝင်ငွေနည်း အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံသို့ လမ်းစာ ရိတ်ငြိမ်းပို့ပေးမယ်ဆိုပြီး စည်းရုံးကာ ပြည့်တန် ဆာလုပ်ခိုင်းတာ၊အလုပ်မှာ ခေါင်းပုံဖြတ်ခံရတာတွေ ဖြစ်ပေါ်နေတာလို့ အဲဒီအငြိမ်းစားရဲအရာရှိက ဆိုပါတယ်။

အမှတ် (၅) လူကုန်ကူးမှု တားဆီးနှီမ်နှ်းရေးတပ်ဖွဲ့စု (စစ်တွေ) ရဲ့ မှတ်တမ်းအရ ရခိုင်မှာ ၂၀၁၈ ခုနှစ်က လူကုန်ကူးမှု ၆ မှု ရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ တစ်မှုမှ မရှိခဲ့ပါဘူး။

၂၀၂၀ ခုနှစ်မှာ  ၁ မှုသာ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာလည်း တစ်မှုမှ မရှိခဲ့ပြန်ပါဘူး။အဲဒီနောက်ပိုင်း  ၂၀၂၂ ခုနှစ်တွင် ၁ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄ အရ အမျိုး သမီးနဲ့ ကလေးတွေကို လူကုန်ကူးရင် ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တစ်သက်တကျွမ်းအထိ ချမှတ်နိုင်ပြီး ပုဒ်မ ၂၅ အရ အမျိုးသမီး နဲ့ကလေးငယ်တွေမှအပ အခြားသူတစ်ဦးကို လူကုန်ကူးပါက ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တ ယ်လို့ ဖော်ပြပါတယ်။

ရခိုင်က ပြည်ပထွက်ခွာသွားတဲ့သူတွေထဲမှာ မွတ်ဆလင်တွေလည်းပါဝင်ပြီး မွတ်ဆလင်တွေဟာ ပြည်တွင်းက စစ် ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးမှုတွေနဲ့ ကြုံနေကြရပေမယ့် ရပ်တန့်မသွားဘဲ ပုံသဏ္ဍန်မျိုးစုံနဲ့ ဒုက္ခသည်စခန်းတွေကနေ ထွက်ခွာသွားလာမှုတွေက ရှိနေဆဲဖြစ်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်း

​က ဆိုပါတယ်။

ရခိုင်က မွတ်ဆလင်တွေဟာ မလေးရှားနဲ့ထိုင်းနိုင်ငံတွေကို အဓိကထွက်ခွာနေကြတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

သူတို့ဟာ စစ်တွေကနေ ရန်ကုန်ကိုရော က်ဖို့ အများဆုံးကျပ်ငွေသိန်း ၂၀ ကျပ်ထိ ပေးကြရတယ်လို့ ပြောဆိုကြပါတယ်။

မလေးရှားကို ရောက်သွားရင် အလုပ် အကိုင်တွေရရှိမယ်။တတိယနိုင်ငံတွေကို ရောက်မယ်ဆိုပြီး လူကုန်ကူးတဲ့ ပွဲ စားတွေရဲ့ မက်လုံးပေးတဲ့စကားတွေ ကြောင့် ဒုက္ခအမျိးမျိုးခံပြီး အသက်စွန့် သွားနေကြရပါတယ်။

မိုခါမုန်တိုင်းဒဏ်ခံရပြီးနောက်ပိုင်းမှာ မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ နေအိ မ်၊ဥယာဉ်ခြံ၊လယ်ယာကို ပြန်လုပ်နိုင်ဖို့ ငွေကြေးလိုအပ်ချက်ရှိလာပြီး ကုန်ဈေး နှုန်းလာတာကိုကာမိဖို့  ဒေသမှာကျန်နေသေးတဲ့ လူငယ်တွေ၊ပြည်ပကပြန် လာတဲ့သူတွေ  ပြည်ပကို ထွက်ခွာနေကြတယ်လို့ ဆိုကြပါတယ်။

စစ်တွေမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှာ တစ်ရက်လျှင် လူဦးရေ တစ်ရာနီးပါး နိုင်ငံကူးလက်မှတ် လျှော က်နေကြတယ်လို့ ဆိုကြပါတယ်။

“ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင် အ ခွင့်အလမ်းမှ မရှိတာ။ရှိတဲ့အလုပ်တွေကို ဝင်လုပ်ရင်လည်း မိသားစုစားဝတ် နေရေး အဆင်မပြေဘူး။ဆိုတော့ ပြည် ပကို ထွက်နေကြရဦးမှာပါပဲ။ဒါပေမယ့် အသက်မွေးဝမ်းကြောင်း ပညာရပ်တစ် ခုခုတတ်ထားတဲ့သူတွေကျတော့ ပြည် ပမှာလည်း လစာကောင်းကောင်းတယ် ။”လို့ ရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်သူတွေဟာ ပဋိပက္ခပေါင်းစုံဒဏ်ကိုခံစားကြုံတွေ့နေကြရသလို စစ်ကောင်စီရဲ့ကန့်သတ်ပိတ်ဆိုမှုတွေကြောင့် ရရာအလုပ်ကိုလုပ်ဖို့ဖြစ်သလိုနေရပ်စွန့်ခွာထွက်နေကြတာလို့ဆိုကြပါတယ်။

အဲဒီလိုစွန့်စားသွားရောက်ပြီးအလုပ်အ ကိုင်အခွင့်အလမ်းတွေရလာမှသာမိ သားစုဝင်တွေ၊ရခိုင်မှာကျန်ခဲ့သူတွေကိုထောက်ပံ့နိုင်ကြတာလို့ ဆိုကြပါတယ်။

”ရခိုင်မှာ စစ်ပွဲဖြစ်တယ်။ရွာမီးရှို့ခံရတ ယ်။အိုးအိမ်စွန့်ခွာ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကြရတယ်။သူတို့လည်း ပြည် ပကို ထွက်ကြတာပဲ။သူတို့ ပြည်ပရော က်လို့ အလုပ်ရမှ မိသားစုတွေကို ပြန်ပြီး ထောက်ပံ့နိုင်တယ်။”လို့ ရခိုင်ဒေသ သတင်းအချက်အလက်တွေကို စစ်တ မ်းကောက်ယူသုတေသနပြုလုပ်နေသူတစ်ဦးက ပြောပါတယ်။

ရခိုင်ရှိရခိုင်လူမျိုးတွေသာမက တခြားလူမျိုးတွေပါ လုပ်ရလမ်းကထွက်ခွာနေကြပြီးစစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကိုလည်း ကြုံတွေ့နေကြရတယ်လို့လ ည်း ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

မိုခါမုန်တိုင်းအလွန်မှာတော့ စစ်ကောင် စီက လူသားချင်စာနာထောက်ထားမှုအ ကူအညီပေးရေးတွေကို ကန့်သတ်တား မြစ်ထားတာမို့ ရခိုင်ပြည်သူတွေ အင တ်ဘေးထိရင်ဆိုင်ကြုံတွေ့နေကြရတ ယ်လို့ ဆိုကြပါတယ်။

အဲဒီလိုအငတ်ဘေးကိုရင်ဆိုင်ဖြေရှင်းဖို့ပြည်ပရောက်ရွေ့ပြောင်းအလုပ်သမားတွေရဲ့ပြန်လည်ထောက်ပံ့မှုတွေနဲ့အသ က်ဆက်နေကြရတယ်လို့ ဆိုကြပါတယ်။

”အခု မုန်တိုင်းတိုက်တယ်။မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးတာတွေကို အစိုးရက လုပ်ပေးတာမှမဟုတ်တာ။ပြည်ပကိုရောက်နေတဲ့ ကိုယ့်မိသားစုဝင်တွေကပဲထောက်ပံ့ပေးနေကြရတာပဲ။ပြောရမယ်ဆိုရင် ရခိုင်မှာ ဘေးဒုက္ခတွေရောက်တိုင်း ပြည်ပကို ရောက်နေကြတဲ့သူတွေ ရဲ့ ချွေးနဲစာနဲ့ ပြန်ကူညီနေကြတာပါ။”လို့ ရခိုင်အရပ်ဖက်လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

ရခိုင်ဒေသခံတွေဟာ ပြည်ပနိုင်ငံအသီး သီးမှာရွေ့ပြောင်းလုပ်သားတွေအဖြစ်ရှိနေကြပြီးအဲဒီနိုင်ငံတွေမှာအခက်အခဲပြဿနာပေါင်းစုံကိုကြုံတွေ့နေကြရပေမယ့်အဲဒီကြားထဲက မိသားစုဆီသို့ ငွေပြန်ပို့နိုင်အောင်ကြိုး စားနေကြတာလို့လည်း ရွေ့ပြောင်းအလုပ်သမားတွေကဆိုကြပါတယ်။

”ပြောရမယ်ဆိုရင်မိသားစုထဲက တစ် ယောက်ယောက် ပြည်ပကို ရောက်နေမှ ၊သူ့ဆီကငွေပို့နိုင်မှကျန်ခဲ့တဲ့မိသားစု စားဝတ်နေရေးပြေလည်တာ။ပြည်ပကို မထွက်နိုင်တဲ့သူတွေဆိုရင် စားဝတ်နေရေးပြေလည်ဖို့ ခက်ခဲတယ်။ရခိုင်က ပြည်ပထွက်နေကြတာကတော့ မတ်လ ကတည်းက စလို့များလာတယ်။ခုမိုခါ မုန်တိုင်းအလွန်မှာ ထပ်ပြီးထွက်နေကြတယ်။”လို့  ရခိုင်အခြေအနေကိုစောင့်ကြည့်သုတေသနပြုနေသူတစ်ဦးက ပြောပါတယ်။

ရခိုင်ရွေ့ပြောင်းအလုပ်သမားတွေဟာလူကုန်ကူးခံရတာတွေ၊ပွဲစားတွေရဲ့လိမ်လည်ခံရတာတွေ၊လုပ်ခလစာမရတာတွေ၊ခေါင်းပုံဖြတ်ခံနေရတာတွေရှိနေကြပေမယ့် နေ့စဥ်ရက်ဆက်ရွေ့ပြောင်းသွားလာမှုတွေရှိနေကြမှာဖြစ်သလို ပြဿနာပေါင်းစုံလည်းရှိနေဦးမယ်လို့ရွေ့ပြောင်းလုပ်သားတွေအရေးကူညီဆောင်ရွက်နေသူတွေက သုံးသပ်ပြော ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/304635578751280

Leave a Reply

Your email address will not be published.