By Border News Agency / 2023 August 28

အာဏာသိမ်းစစ်ကောင်စီရဲ့ဆန်ရိက္ခာဖြတ်တောက် တာကိုခံထားရတဲ့ ရခိုင်စစ်ဘေးရှောင်တွေဟာ မိုခါမုန်တိုင်းတိုက်ပြီးနောက်မှာ စား၀တ်နေရေးပိုပြီးတော့ ကြပ်တည်းသွားခဲ့ရကာ စားစရာဆန်မရှိတဲ့မိသားစုတွေပါရှိလာတယ်လို့ ကူညီပေးနေသူတွေနဲ့ စစ်ရှောင်တွေက ဆိုကြပါတယ်။
နဂိုကတည်းက စစ်ကောင်စီရဲ့ဆန်ရိက္ခာဖြတ်တော က်တာကိုခံထားရလို့ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြတဲ့ စစ်ဘေးရှောင်တွေမှာ မိုခါကြောင့် နေအိမ်တွေပျက်စီးသွားခဲ့ကြရကာ နေစရာပါ ပျောက်ခဲ့ကြရတာဖြစ်ပါတယ်။
“ပိုပြီးတော့ ကြပ်တည်းလာတယ်။မုန်တိုင်းနဲ့ အိမ်အားလုံးလိုလို ပျက်စီးသွားတယ်။ဘယ်အဖွဲ့အစည်းကမှ အကူအညီမပေးဘူး။ရှိတာတွေ ပေါင်၊ရောင်း၊ ချေးငှားပြီး အိမ်တွေ လုပ်လိုက်ကြရတယ်။ကုန် ဈေးနှုန်းကလည်းတက်တယ်။အလုပ်ကလည်း ရှားတယ်ဆိုတော့ ပိုခက်သွားကြတယ်။”လို့ စစ်ဘေးရှောင်တစ်ထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့ မြတန် ဆောင်းစခန်းမှဆရာတော်က မိန့်ပါတယ်။
မိုခါကြောင့် ထောင်ချီတဲ့ စစ်ဘေးရှော င်နေအိမ်တွေပျက်စီးခဲ့ရပြီး အစိုးရအပါအ၀င်ကူညီရေးအဖွဲ့တွေရဲ့အထော က်အပံ့ရရှိမှုကမရှိသလောက် နည်းပါးခဲ့တယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့စစ်ဘေးရှောင်အများစုဟာ ယာယီဖြစ်သလို ဆောက်ပြီး မိုးမလုံ၊လေမလုံနေထို င်နေ ကြရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“တာလပတ်တွေ၊အဆိုးတွေနဲ့ ကောက်လုပ်ထားကြတယ်။မိုးကြီးရင် လေတိုက်ရင် ဘယ်လိုမှ နေလို့မရဘူး။ပြီးခဲ့တဲ့ မိုးဆိုရင် အကုန် စိုစိုစွတ်စွတ်နဲ့ နေရတ ယ်။အခု ရွာတဲ့ပုံစံဆိုရင် လုံး၀နေလို့မရဘူး။” လို့ ကျောက်တော်မြို့နယ်၊တောင်မင်းကုလားရွာစခန်းမှ စစ်ရှောင်အမျိုး သမီးတစ်ဦးက ပြောပါတယ်။
မုန်တိုင်းကြောင့် နေအိမ်အားလုံး ပျက် စီးခဲ့ရပြီး ရေကြီးမှုကြောင့်ပါ အိမ်တစ်ရာကျော် ထပ်မံပျက်စီးခဲ့ရတဲ့ မြောက်ဦးမြို့နယ်၊တိမ်ညိုစခန်းမှာဆိုရင်လ ည်း မိုးရွာရင်နေထိုင်ဖို့ အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။
“WFP တစ်ခုတည်းကပဲရပါတယ်။တစ်လအတွက်လူတစ်ယောက်ကိုသုံးသောင်းရတယ်။အဲဒါက အခုဆန်ဈေးနဲ့ဆိုရင်စားလို့မလောက်ဘူး။မရတဲ့သူတွေဆိုရင်လည်း မရကြဘူး။”လို့ တိမ်ညိုစခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
နေအိမ်တွေပြုပြင်ဖို့ ချေးငှားရတာ၊စားနပ်ရိက္ခာအ တွက် ချေးငှားရတာတွေရှိနေပြီး၀မ်းရေးမလောက်မငှဖြစ်နေကြတဲ့သူတွေလည်းရှိတယ်လို့ မြောက်ဦးမြို့၊မြို့ဦးဂေါင်းစခန်းမှ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
“နေစရာမရှိလို့ နှစ်အိမ်ပေါင်း သုံးအိမ်ပေါင်း စုနေကြရတယ်။စားစရာကလည်း မလောက်မငှနဲ့ အငတ်အမွတ်မွတ်ပါ။”လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာရခိုင်စစ်ဘေးရှောင်တွေကို ၂၀၂၂ ခုနှစ်ပိုင်းကနေ အရင်အစိုးရလက်ထက်ကတည်းက ပုံမှန်ထောက်ပံ့နေလာခဲ့တဲ့ ဆန်ရိက္ခာ(တစ်ဦးကို တစ်ရက်လျှင် နို့ဆီဗူး ၂ ဗူးကျစီ) ကို ဖြတ်တောက်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ရိက္ခာဖြတ်ထားတဲ့အပြင် ကူညီရေးအဖွဲ့တွေရဲ့ အကူအညီတွေကိုပါစစ်ကောင်စီက ကန့်သတ်၊တားမြစ်ထားတယ်လို့ အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။
“အစိုးရက ဘာမှ အကူအညီမပေးဘူး။ နိုင်ငံတကာဆီက ပေးတာကိုလည်း မပေးရ၊ကိုယ်တို့ကိုယ်တိုင်ကလည်းမပေးဘူး။မပေးချင်ရင်နေပါ။မနှောင့် ယှ က်ပါနဲ့။အခု ကိုယ်တို့အချင်းချင်း ကူညီတာက ဘာမှမထိရောက်ဘူးလေ။ “လို့ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
ရခိုင်မှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဒုက္ခ သည်ပေါင်းခြောက်သောင်းကျော်ရှိနေပြီး သူတို့ဟာ ရွာထဲနဲ့ ရွာအနီး စစ်ကောင်စီတပ်သားတွေ စခန်းချနေထိုင်တာ၊မိုင်းအန္တရယ်စိုးရိမ်တာ၊နေအိမ်တွေ မရှိတော့တာ၊နေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတာစတဲ့အချက်တွေကြောင့် မပြန်ကြသေးတာလို့ ဆိုကြပါတယ်။
https://www.facebook.com/bordernewsagency/posts/317893700758801