မိုခါမုန်တိုင်းကယ်ဆယ်ရေးပစ္စည်းတချို့ကို စစ်ကောင်စီထုတ်ရောင်းနေ

By Border News Agency / 2023 August   6

(ဓာတ်ပုံ-မိုခါအလွန်တွေ့ရတဲ့စစ်တွေမြို့နယ်ရှိမွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခု/BNA)

မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသူတစ် သန်းကျော်ရှိတဲ့ ရခိုင်မှာ စစ်ကောင်စီအနေနဲ့ ထိရောက်တဲ့ထော က်ပံ့မှုတွေ မပေးတဲ့အပြင် နိုင်ငံတကာကလှူဒါန်းထားကြတဲ့ အလှူပစ္စည်းတွေကိုပါ အပြင်ထုတ်ရောင်းစား‌နေကြတယ်လို့ မျက်မြင်ဒေသခံတွေနဲ့ စစ်ကောင်စီ၀န်ထမ်းတွေက ဆိုကြပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် လူတစ် သန်းခွဲကျော်နဲ့လူနေအိမ်ပေါင်းသုံးသိန်းနီးပါး(နှစ်သိန်းရှစ်သောင်းကျော်)ထိခို က်ပျက်စီးခဲ့ရပြီးမြို့နယ်အများအပြား

မှာ အပျက်အစီးရာခိုင်နှုန်းဟာ ၆၀ က နေ ၉၅ ရာ ခိုင်နှုန်းအထိရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားပါတယ်။

အဲဒီလို နေအိမ်တွေအားလုံးနီးပါး ပျက်စီးခဲ့ရတဲ့ဒေ သအများစုမှာ စစ်ကောင်စီအနေနဲ့ ဆန်၊ဆီ၊ခေါက် ဆွဲခြောက်၊ကြက်ဥတို့ အနည်းငယ်လောက်စီပဲ ထော က်ပံ့ပေးထားတာရှိပြီး နိုင်ငံတကာကအကူအညီရတဲ့ ငါးသေတ္တာဗူးနဲ့ဆန်တချို့ကို ထုတ်ရောင်းနေတာလို့ ဆိုပါတယ်။

“မင်းပြားမှာ တစ်မြို့လုံး ငါးစည်ဗူးတွေချည်းပဲ။အ ကုန်လုံး သူတို့ စစ်တပ်က ထုတ်ရောင်းတာ။ပစ္စည်းတွေကို ထွေအုပ်ရုံးမှာထားတာဆိုတော့ ထွေအုပ်လည်း ပါမှာပေါ့။ကျွန်တော်တို့သိတာက ဒါတွေက ကယ်ဆယ်ရေးပေးဖို့ အလှူရထားတဲ့ပစ္စည်းတွေပါ။”လို့ စစ်ကောင်စီလက်အောက်ခံ၀န်ထမ်းတစ်ဦးက BNA သို့ပြောပါတယ်။

အဲဒီအပြင် မုန်တိုင်းဒဏ်ခံခဲ့ရသူတွေကို ထောက်ပံ့ပေးဖို့ ရောက်လာတဲ့ ဆန်တွေထဲက တချို့ကိုလည်း စစ်တပ်နဲ့ထွေအု ပ်ပေါင်းပြီး ရောင်းစားနေကြတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

“ဆန်တစ်အိတ်ကို ငါးသောင်းနဲ့ ရောင်းနေတယ်။အ ပြင်ကို ဘယ်လိုထုတ်လဲ အတိအကျမသိပေမယ့် ထုတ်ရောင်းနေတာတော့ သေချာတယ်။အဲလို ရောင်းနေတော့ တကယ့်ရရမယ့်သူတွေကဘာ မှ မရတော့ဘူး။”လို့ မင်းပြားမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတစ်ဦးက BNAသို့ ပြောပါတယ်။

အဲဒီအပြင် မောင်တောမြို့နယ်မှာလ ည်း ကယ်ဆယ်ရေးပစ္စည်းတွေကို အဲဒီလို ထုတ်ရောင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“အခုတော့ မဟုတ်ဘူး အရင် မုန်တိုင်းပြီးလို့ သိပ်မကြာခင်ကဆိုရင် ကားတွေနဲ့ယူလာပြီး ငါးစည်ဗူးတွေ ဆိုင်မှာသွင်း ကြတာရှိတယ်။”လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ မုန်တိုင်းသင့် ပြည်သူတွေကို အရေးပေါ်လိုအပ်တဲ့ အကူ အညီတွေတောင် လုံ လောက်အောင် ထောက်ပံ့ပေးတာမျိုးမရှိဘဲ နိုင်ငံတ ကာက လှူထားကြတာတွေကိုပါ ခုလို ထုတ်ရောင်းနေတာဟာ မဖြစ်သသင့်ဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆို

ကြပါတယ်။

“ကယ်ဆယ်ရေးကိစ္စလုပ်ဖို့ဆိုပြီးတော့စရောက်နေတဲ့ စစ်တပ်က အကြီးတွေကလည်း ကယ်ဆယ်ရေးပစ္စည်းတွေ ခိုးရောင်းဖို့ ရောက်နေကြသလားတောင် ထင်ရတယ်။”လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကယ်ဆယ်ရေးပစ္စည်းတွေကို ပြင်ပဆိုင်တွေဆီ ထုတ်ရောင်းတာတွေ ရှိနေသလို စစ်ကောင်စီလက်အောင်ခံ တပ်ရင်းတွေဆီ ယူသွားကြတာတွေလည်း တွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။

“တိုင်းဗဟို ၉ ဘက်ကို ကားတွေနဲ့ ယူ သွားတာ တွေ့နေရတယ်။ကျွန်တော်တို့ထင်တာကတော့ အပေါ်ကပေးတာကို အောက်မှာ စစ်တပ်က ယူထားတယ်ထင်တာပဲ။”လို့ မင်းပြားမြို့မှ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။

မုန်တိုင်းအပြီးမှာ ထိုင်း၊အိန္ဒိယနဲ့အာဆီယမ်နိုင်ငံတွေဟာ စစ်ကောင်စီထံကို တ န်ချိန် ၅၀ ကျော်လောက်ရှိတဲ့ ထောက်ပံ့ပစ္စည်းတွေ လှူဒါန်းထားကြပြီး အဲဒီအ ထဲမှာ ယာယီတဲ၊တာလပတ်၊ငါးသေတ္တာ၊မုန့်၊ခြင် ထောင်၊ဆေးဝါး၊သွားတိုက်ဆေး၊သွားတိုက်တံစတဲ့ ပစ္စည်းတွေ ပါ၀င်ပါတယ်။

“သွားတိုက်ဆေးတွေ၊ငါးသေတ္တာတွေ တစ်ခုမှ မရပါဘူး။ဆန်နည်းနည်းစီ နှစ်ဖြတ်၊သုံးဖြတ်လောက်ပဲ ရသေးတယ်။ ပြီးရင် ခေါက်ဆွဲခြောက်နည်းနည်း၊ကျ န်တာ ဘာမှမရဘူး။”လို့ ပေါက်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

ပုဏ္ဏာကျွန်း၊စစ်တွေ၊ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ်က ရွာတချို့မှာတော့ သွပ်ပြားအနည်းငယ်စီ ရကြပေမယ့် အဲဒီသွပ်ပြားတွေဟာ သံချေးတ က်နေတဲ့ အဟောင်းတွေဖြစ်ပြီး လောက်ငှမှုလည်း မရှိဘူးလို့ ဆိုကြပါတယ်။

အဲဒီအပြင် လုပ်ငန်းရှင်တွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေကလည်း ပြည်နယ်စစ်ကောင်စီထံကနေတဆင့် မုန် တိုင်းသင့်ရခိုင်ပြည်သူတွေဆီ အလှူငွေလှူဒါန်းထားကြတာလည်းရှိပါတယ်။

လုံး၀ပျက်စီးသွားခဲ့ပြီး နေစရာမရှိဖြစ်နေကြတဲ့ မိ သားစုတွေတောင် စစ်ကောင်စီဆီက အိမ်ပြန်ဆော က်ဖို့ အကူအညီတစုံတရာမရကြသေးဘဲ အရပ်ဖက်အလှူရှင်တွေကိုပဲ အားကိုးနေကြရတယ်လို့ မုန်တို င်းအလွန် ကူညီရေးလုပ်နေသူတွေက ဆိုကြပါတယ်။

မုန်တိုင်းကြောင့် အပျက်အစီးများခဲ့တဲ့ ရခိုင်မှာ အ ရေးပေါ်အကူအညီလိုအပ်နေသူတွေ များစွာရှိနေသေးတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့လူသားချင်းစာ နာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးက ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကျန်သန်းပေါင်း ၅၂၀ ကျော်ရှိခဲ့ပြီး ကူညီကယ်ဆ ယ်ရေးအတွက် စစ်ကောင်စီအနေနဲ့ ကျပ် ၇ ဘီလီယံချထားပေးတယ်လို့ ပြည်နယ်စစ်ကောင်စီက ထုတ်ပြောထားပါတယ်။

စစ်ကောင်စီရဲ့ အဲဒီထောက်ပံ့မှုပမာဏဟာ ပျက်စီးမှုတန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ ဒသမ ၃၄ ရာခိုင်နှုန်းပဲ ရှိတာ တွေ့ရပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်ကောင်စီဟာ အကူအညီပေးလိုတဲ့ ကုလသမဂ္ဂနိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့တွေကိုလည်း ကူညီခွင့်တွေ ကန့်သတ်ပိတ်ပင်ထားပါတယ်။

https://www.facebook.com/bordernewsagency/posts/306371941910977

Leave a Reply

Your email address will not be published.