By Border News Agency / 2023 August 12
ရခိုင်မှာ ကျောင်းဆရာ၊ဆရာမတွေနည်းပါးသလို ဝေးလံခေါင်းပါးတဲ့နေရာတွေကိုတော့ လာရောက်ပညာသင်ကြားပေးသူတွေနည်းပါးကြပါတယ်။
ရခိုင်ကလူနည်းစုနေရာတွေ၊ဝေးလံခေါင်ပါးတဲ့နေရာတွေဆိုရင် ပိုပြီးတော့နည်းပါးကြပါတယ်။
အဲဒီလိုနေရာတွေမှာဒေသခံလူနည်းစုတွေကိုသာအဓိကအားကိုးအားထားပြုပြီးပညာသင်ယူနေကြရတယ်လို့ ဆိုကြပါတယ်။
မြောက်ဦးမြို့နယ်၊သာသာကုန်းကျေးရွာဟာ ခမီလူ မျိုးတွေနေထိုင်ကြတဲ့ကျေးရွာတစ်ရွာဖြစ်ပါတယ်။
အဲဒီရွာကကလေးသူငယ်တွေကို အသက် ၃၇ နှစ်အရွယ်၊ဆရာဦးအောင်မြင့်က စာသင်ပေးနေတာကြာပြီလို့ဆိုပါတယ်။
သူ့အမေသေဆုံးသွားတာဟာ ၇ နှစ်ကျော်ခန့်ရှိနေပြီးသူ့အဖေဟာလည်း ကျောက်တော်မြို့နယ်၊နပျိုးချောင်းကျေးရွာမှာ ကျောင်းထိုင်ဘုန်းကြီးလုပ်နေတယ်လို့ ဆိုပါတယ်။
သူ့အားကိုးရတဲ့အကိုဟာလည်း သေဆုံးသွားခဲ့တာမို့ မရီးဖြစ်သူဆီမှာသာနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ဆရာဦးအောင်မြင့်ကို BNA က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
ဆရာဦးအောင်မြင့်ဟာမွေးရာပါမသန်စွမ်းပေမယ့်အလွန်စွမ်းဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။
သူဘဝအခြေအနေတွေ သူခံယူချက်တွေ၊သူအခက် အခဲတွေကိုပြောပြထားပါတယ်။