မနွယ်သန္တာဝင်းအမှုမှာသေဒဏ်ကျတရားခံအပေါ် ဆက်လက်ဆောင်ရွက်ထားမှုကို သိချင်နေကြ

(မနွယ်သန္တာ၀င်း အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရတာ ခုဩဂုတ်လ ၁၅ ရက်ဆိုရင် တစ်နှစ်ပြည့်ပြီ)

By Border News Agency / 2023 August   11

စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးအနီး အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းအမှုမှာ သေ ဒဏ်ချမှတ် ခံထားရတဲ့သူရဲ့ အယူခံအခြေအနေ၊ စီရင်မှုအခြေအနေတွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းချပြစေလိုတယ်လို့ မနွယ်သန္တာဝင်းရဲ့မိသားစုဝင်တွေရဲ့ရခိုင်ပြည်သူတွေ သိချင်နေကြတယ်လို့ဆိုကြပါတယ်။း

အဲဒီအသက် ၁၈ နှစ်အရွယ်၊မနွယ်သန္တာဝင်းဟာ စစ်တွေမြို၊ဘောလုံးကွင်းရပ် ကွက်၊ မေယုလမ်းပေါ်မှာရှိတဲ့ “Luminous/livguard” ပလပ်စတစ်ပ စ္စည်းနှင့် လူသုံးကုန်အရောင်းဆိုင်မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး ဒီဩဂုတ်လ ၁၅ ရက်နေ့ဆိုရင် သတ်ဖြတ်ခံခဲ့ရတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

အဲဒီအမှုမှာဆိုင်မန်နေဂျာကိုမျိုးမြင့်ဇော်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့ နယ်မြေတရားရုံးက ဒီနှစ်ဖေဖော်ဝါရီလ ၃ ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ပါတယ်။

လူသတ်မှုပုဒ်မ ၃၀၂(၁)(က)အရ “မသေမချင်း ကြိုး ကွင်းစွပ်သတ်စေ”ဆိုပြီးအမိန့်ချမှတ်ခံရထားရတဲ့ ကိုမျိုးမြင့်ဇော်ဟာ အထက်တရားရုံးမှာ အယူခံတင်သွင်းထားပြီး အဲဒီအယူခံကိုတရား ရုံးက နှစ်ကြိမ်တိုင်ပယ်ချထားတယ်လို့ တရားခွင်ကို သွားရောက်နားထောင်ခဲ့တဲ့ မနွယ်သန္တာ၀င်းမိသားစုဝင်တွေက ဆိုပါတယ်။

“အမိန့်ချထားပြီလေ၊ဟိုကလည်း (အယူခံကို) ပလပ်ထားတယ်။ပလပ်ထားတယ်ဆိုတော့ ဒီအတိုင်းနေလို့ရမလား။ကျွန်တော်တို့ဘက်ကလည်း နစ်နာတယ်လေ။တစ်နှစ်ကျော်ပြီ။ ဗိုလ်ချုပ်ကို တိုက်ရိုက်သိစေချင်တယ်။ ဘာတစ်ခုမှလည်း ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလေ။”လို့ မနွယ်သန္တာ၀င်းရဲ့ ဖခင်က ပြောပါတယ်။

တရားစီရင်၊ဆောင်ရွက်မှုအပိုင်းတွေမှာအားနည်း ချက်တွေများစွာရှိနေပြီး ပွင့်ပွင့်လင်းလင်းချပြစေလိုတယ်လို့ သူ က ဆိုပါတယ်။

အဲဒီအမှုအခြေအနေနဲ့ပတ်သက်လို့ ULA/AA ရဲ့ နယ်မြေတရားရုံးမှတာဝန် ရှိသူတွေထံ ဆက်သွယ်မေးမြန်းပေမယ့် သူတို့တရားရုံးနဲ့ မဆိုင်တော့ဘဲ အ ထက်ရုံးနဲ့သာဆိုင်တော့တယ်လို့ ပြောကြောင်း ဆိုပါတယ်။

“အထက်တရားရုံးကိုလည်း ဆက်သွယ်ဖို့ အဆက် အသွယ်မရှိဘူး။”လို့ မနွယ်သန္တာဝင်းရဲ့ ဖခင်က ဆိုပါတယ်။

အဲဒီအမှုကို မှန်မှန်ကန်ကန်စစ်ဆေးပြီး အမှန်တရားအတိုင်းဖြစ်စေချင်တယ်လို့ မိသားစုနဲ့ ဝန်းရံသူတွေက ပြောထားကြပါတယ်။

“အမိန့်မချခင်ကဆို ရုံးချိန်းကို တစ်လမှာ ခြောက်ကြိမ်လည်း ခေါ်တယ်၊ တစ်ပတ်မှာ နှစ်ကြိမ်လည်း ခေါ်တယ်။သွားလိုက်တယ်။ဒါမေပယ့် တရားသူ ကြီး နေမကောင်း၊ ဟိုဘက်ရှေ့နေနေမကောင်းနဲ့။ အဲဒါတွေကိုတော့ မပြောချင်ပါဘူး။ဒါပေမယ့် အမှုကိုတော့ အမှန်အတိုင်း ဖြစ်စေချင်တယ်လေ။”လို့ မိခင်ဖြစ်သူက ပြောထားပါတယ်။

အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းရဲ့မိသားစုနဲ့ ဝန်းရံသူတွေက တော့ ကိုယ်တိုင်ကျူးလွန်ခဲ့ကြောင်း ဝန်ခံ(ခိုင်သုခက ပြောဆိုချက်)ထားသ လို တရားရုံးကလည်း သေဒဏ်ချမှတ်ထားတဲ့ တရားခံဖြစ်သူကို အမိန့်ပါအ တိုင်း စီရင်စေလိုပြီး ပွင့်လင်းမြင်သာမှုရှိစေလိုတယ်လို့ ပြောကြပါတယ်။

အဲဒီအပြင် နောက်ထပ်အမျိုးသမီးငယ်တွေ၊တက္ကသို လ်ကျောင်းသူတွေလည်း ခုလိုမျိုး ကျူးလွန်မခံရစေဖို့ ဝိုင်းဝန်း ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းလည်း ထောက်ပြတိုက်တွန်းထားကြပါတယ်။

ဒီအမှုမှာ တရားခံဟာ တစ်ယောက်တ ည်း မဖြစ်နိုင်ကြောင်း၊မနွယ်သန္တာဝင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီးနောက် DNA စစ်ကြည့်ရာမှာ သုတ်ပိုးတွေ့ရကြောင်း မိသားစုနဲ့အမှုမှာ လိုက်ပါကူညီပေးနေသူတွေက အမိန့်မချခင်က ထုတ်ပြောထားခဲ့ကြပါတယ်။

အဲဒီအသက် ၁၈ နှစ်အရွယ်၊မနွယ်သန္တာဝင်းကို ဩဂုတ်လ ၁၅ ရက်မှာ စစ်တွေမြိုမှာရှိတဲ့ “Luminous/livguard” ပလပ်စတစ်ပစ္စည်းနှင့်လူသုံးကုန်အရောင်းဆိုင်အနောက်ဘက်စတိုခန်းမှာ ထိုးသွင်းဓားဒဏ်ရာတွေနဲ့သေဆုံးလျက် တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆိုင်သို့ ဆိုင်ပိုင်ရှင်မရဲ့မောင်တော်စပ်သူတစ်ဦးလည်းအဝင်အထွက်ရှိနေပြီး သူမ အသတ်ခံရတဲ့နေ့က သူဟာ စစ်တွေမြို့မှာရှိနေသလို အဲဒီနေ့ချက် ချင်းရသေ့တောင်မြို့သို့ ပြန်သွားတယ်လို့ အမှုမှန်ပေါ်ပေါက်ရေးစုံစမ်းနေသူတွေက ပြောထားကြပါတယ်။

အဲဒီအပြင် အဲဒီနေ့ည ၈ နာရီကျော်အချိန်ခန့်က သတ်ဖြတ်ခံရသူဖုန်းကို ခေါ်ဆိုကြည့်ရာမှာလည်း ဖုန်းဝင်ပြီး အမျိုးသမီးတစ်ဦးလာကိုင်ကာ ရသေ့တောင်ကလို့ ဖြေဆိုခဲ့ကြောင်း ကိုယ် တိုင်ခေါ်ကြည့်မေးမြန်ခဲ့သူက ပြောပါတယ်။

မနွယ်သန္တာဝင်းအလောင်းကို တွေ့ခဲ့ရတဲ့ “Luminous/livguard ” ပလပ်စတစ်ပစ္စည်းနှင့်လူသုံးကုန်အရောင်းဆိုင် ကို ကိုကျော်ကျော်ဆန်းနဲ့မခင်မြတ်ကျော်တို့ ပိုင်ဆိုင်တာဖြစ်ပြီး သူတို့မှာနောက်ထပ်ဆိုင်အများအပြားနဲ့ ဝန်ထမ်းအများအပြားလည်းရှိနေတယ်လို့ ဝန်ထမ်းတချို့နဲ့ ရင်းနှီးသူတွေက ဆိုပါတယ်။

https://www.facebook.com/bordernewsagency/posts/309172994964205

Leave a Reply

Your email address will not be published.