By Arakan Princess Media / 2023 August 23

ဘူးသီးတောင်မြို့နယ်အရှိပိုင်းဟိ စိုင်းတင်အလွန် တောင်ပေါ်ဒေသမှ မုန်တိုင်းသင့် ကျေးရွာများတွင် လက်ဟိ စားဝတ်နီရီး အခက်ကြုံနီရကြောင်း သိရသည်။
အဆိုပါကျေးရွာများမှာ လမ်းပမ်းဆက်သွယ်ရီးလားလာရခက်ခဲသည့် နန်းမဆိပ်၊ တောင်ဆောင်းငယ်၊ တောင်ဆောင်းကြီး၊ ဝနရုံ၊ ကြီးနီလာ၊ အောင်းချောင်း၊ သလူပြား၊ လေးဝီ၊ နန်းဆိပ်၊ နဟုန်း၊ နဟန်းအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်လောက်ဟိပြီး မြိုလူမျိုးများ အများစုနီထိုင်ကတ်သည်။
မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယင်းဒေသသည်လေ့ မုန်တိုင်းသင့်ခရပြီး နီအိမ်များအပါအဝင်တောင်ယာလုပ်ငန်းအများအပြားပျက်စီးဆုံးယှုံးခကတ်ရကြောင်း ဒေသခံရွာသားများကပြောသည်။
လက်ဟိ မုန်တိုင်းအပြီး သုံးလာကျော်ကြာသည့်အထိ အကူညီရဟိမှုမှာနည်းပါးနီ၍ ကျေးရွာအများစုဟိ မုန်တိုင်းကြောင့်ပျက်စီးလားသည့် နီအိမ်အများစုမှာ ပြန်မပျင်နိုင်သိမ့်ဘဲ အပျက်အစီးများကြားထဲတွင် ခက်ခက်ခဲခဲ နီထိုင်နီကတ်ရသည်ဟု ဆိုသည်။
ယင်းအပြင် တောင်ယာလုပ်ငန်းနန့် အဓိကအသက်မွီးဝမ်းကျောင်းပြု လုပ်ကိုင်စားသောက်ကတ်ရသည့် ယင်းဒေသမှ ဒေသခံများမှာ မုန်တိုင်းကြောင့် တောင်ယာလုပ်ငန်းများ ပျက်စီးဆုံးယှုံးခရ၍ လက်ဟိတွင် စားဝတ်နီရီး ဆိုးဆိုးဝါးဝါး အခက်ကြုံနီရသည်။
အဆိုပါဒေသတွင် လမ်းပန်းဆက်သွယ်ရီးအဆက်အခဲကြောင့်လည်းအကူအညီရဟိရန် ခက်ခဲနီပြီး ဖုန်းလိုင်းမရသည့်အပြင် မြို့ပြနန့် အလွန်ဝီးကွာကာ ရီတတန်၊ ကုန်းတတန်နန့် တောတောင်အထပ်ထပ်ကို ဖြတ်ကျော်လားလာရသည့် ဒေသဖြစ်သည်။
https://www.facebook.com/arakanprincessmedia1/posts/321100043648290