ဘာလူခါလီဒုက္ခသည်စခန်းက လူငယ်တစ်ဦးကို အာဆာအဖွဲ့က သေနတ်နဲ့ပစ်သတ်

By Border News Agency / 2023 August   23

(ဓာတ်ပုံ-အကြမ်းဖက်သမားတွေသတ်သွားသူ/BNA)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားဒုက္ခသည်စခန်းက လူငယ်တစ်ဦးကို သြဂုတ်လ ၂၂ ရက်နေ့၊ညနေမှာ အာဆာအဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို့ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီလိုပစ်ခတ်ခံရသူဟာ ကော့ဘဇားခရိုင်၊ဒုက္ခသ ည်စခန်းအမှတ်(၈-အနော က်)ဘာလူခါလီမှာ နေထိုင်တဲ့ ဟာမိတ်ဟူဆောန်ရဲ့သား အသက် ၁၇ နှစ်အရွ ယ်၊မိုဟာမတ်အီဆုပ်ဖြစ်ပါတယ်။

”အာဆာလှုပ်ရှားမှုတွေကို ဘင်္ဂလားဒေ့ရှ်ရဲတွေကို သတင်းပေးဆိုပြီး အာဆကလာသတ်သွားတာပါ။” လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

အဲဒီလိုလာရောက်ပစ်ခတ်သတ်ဖြတ်သွားတဲ့အာဆာအဖွဲ့ဝင် ၁၀ ဦးစလုံးမှာ သေနတ်ကိုယ်စီပါကြတယ်လို့လည်း ဒုက္ခသည်တွေက ဆိုကြပါတယ်။

အာဆာအဖွဲ့ဟာ ကော့ဘဇားဒုက္ခသည်စခန်း၊စခန်းအမှတ်(၃)၊မော်ဒုဆားရားဒုက္ခသည်စခန်းက သားအ ဖသုံးဦးကိုလည်း ဒီလ ၂၁ ရက်နေ့မနက်က သေန တ်နဲ့ဝင်ရောက်ပစ်ခဲ့တာမို့ ဒဏ်ရာပြင်းထန်စွာရခဲ့ကြပါတယ်။

”အာဆာအဖွဲ့ဟာ ကျနော်တို့အတွက်လုပ်နေတာမဟု တ်ပါဘူး။ကျနော်တို့ကိုသတ်ဖြတ်နေတဲ့အကြမ်းဖ က်သမားတွေပါ။သူတို့က ရိုဟင်ဂျာတွေကိုကိုယ်စားမပြုပါဘူး။”လို့ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ၊ဒုက္ခသည်စခန်းတွေမှာ အာဆာအဖွဲ့ကသတ်ဖြတ်လို့ဒုက္ခသည် ၂၀၀ ခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့သူတွေလည်း အများအပြားရှိနေတယ်လို့ ဘဂ်လားဒေ့ရှ်နိုင်ငံဒုစရိုက်မှုနှိမ်နင်းရေးအထူးတပ်ဖွဲ့နဲ့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့စတင်ပြီးမြန်မာစစ် တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင် ရေးကြောင့် ရိုဟင်ဂျာလူဦးရေခုနှစ်သိန်းနီပါး တဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့အသက်လုထွက်ပြေးခဲ့ကြရပါတယ်။

အဲဒီရိုဟင်ဂျာခုနှစ်သိန်းအပြင် ဟိန္ဒူဒု က္ခသည်တွေနဲ့အရင်ရောက်နှင်းနေတဲ့ဒုက္ခသည်စုစုပေါင်းတစ် သန်းကျော်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေး၊ခရီးသွားလာရေးစတဲ့အခက် အခဲပေါင်းစုံနဲ့နေထိုင်နေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင်ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်သ တ်ဖြတ်ကာ၊ဖမ်းဆီးပြန်ပေးဆွဲတာ၊မူးယစ်ဆေးဝါးတွေရောင်းဝယ်ဖောက်ကားနေတာစတဲ့ ရာဇဝတ်မှုတွေလည်း နေ့စဥ်ဖြစ်ပွားနေတယ်လို့ ရိုဟင်ဂျာဒုက္ခ သည်တွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/315195121028659

Leave a Reply

Your email address will not be published.