ပုဒ်မ ၅၀၅(က)နန့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် ပလက်ဝက ဦးတင်ထွန်းအောင် လွတ်ငြိမ်းချမ်းသာနန့် ပြန်လွတ်လာ

By Arakan Princess Media / 2023 August    1

မြန်မာပြည်ကိုအကြည်အညိုပျက်စီမှုပုဒ်မ ၅၀၅(က)နန့် ထောင်ဒဏ် ၃ နှစ်  ချမှတ်ခံထားသော ပလက်ဝက ဦးတင်ထွန်းအောင်သည် ဒေနိ(ဩဂတ်စ် ၁ ရက်နိ) တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဦးတင်ထွန်းအောင်ကို Western News သတင်းဌာနမှာ “ပလက်ဝအခြီစိုက် ခလရ(၂၈၉)တင်ရင်းတွင် အလံဖြူထောင်ထားသည်”ဟု အိန်တာဗျူးမှုနန့် ပတ်သက်၍ ကုန်ခသည့်၂၀၂၁ ခုနှစ်၊ ဒီဇမ်ဘာ ၂၈ ရက်နိမှာ မြန်မာစစ်တပ်နန့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခခြင်း ဖြစ်သည်။

ယင်းနောက် သူ့ကို ပုဒ်မ ၅ဝ၅(က)နန့် ခလရ(၂၈၉)တပ်ရင်းက ဗိုလ်ကြီး ထွန်းထွန်းနိုင် တရားလိုလုပ်၍ ပလက်ဝမြို့နယ်တရားရုံး၌ ကနဦး တရားစွဲဆိုခပြီး၊ ၂၀၂၂ ခုနှစ်၊ ဧပြီ ၅ ရက်နိတွင် ပလက်ဝမြို့နယ်တရားရုံးမှ အလုပ်နန့်ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ထားခခြင်းဖြစ်သည်။

https://www.facebook.com/arakanprincessmedia1/posts/309866971438264

Leave a Reply

Your email address will not be published.