By Arakan Princess Media / 2023 August 15
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမှ အုပ်ချုပ်ရီးမှူးတယောက်အမှုကို ဒေနိ (သြဂတ်စ်၁၅ ရက်နိ)၌ မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က ခံပြသက်သီ တယောက်ကို စစ်ဆီးခကြောင်း သိရသည်။
ပုဒ်မ ၁၇(၁)(၂)နန့်တရားစွဲခံထားရသူ အုပ်ချုပ်ရီးမှူးမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး ဦးအောင်ကျော်လှ(ခ) နီတောင်းချေ(၅၇နှစ်) ဖြစ်သည်။
အမှုကို ဒေနိမိုးထ ၁၁ နာရီကျော်က မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က ခံပြသက်သီတယောက်ကိုရာ စစ်ဆီးခကာ လာမည့် သြဂတ်စ် ၂၂ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
ဦးအောင်ကျော်လှကို ပြီးခသည့် ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိ၌မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်း မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခသည်။
ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲဆိုပြီး၊ ရုံးထုတ် စစ်ဆီးလျက်ဟိရာ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအကြိမ်ကြိမ် အရွှိခံနီရ၍ အမှုမှာ ကြန့်ကြာနီရသည်။
https://www.facebook.com/arakanprincessmedia1/posts/317117154046579