ပုဒ်မ ၁၇(၁)(၂)နန့်တရားစွဲခံထားရသည့် မင်းပြားက ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူးအမှု ရုံးထုတ်စစ်ဆီး

By Arakan Princess Media / 2023 August    22

မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲခံထားရသည့် မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရီးမှူးအမှုကို ဒေနိ (သြဂတ်စ်၂၂ ရက်နိ)၌ မင်းပြားမြို့နယ်တရားရုံးတွင် ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီ နှစ်ယောက်အား စစ်ဆီးခကြောင်း သိရသည်။

ပုဒ်မ ၁၇(၁)(၂)နန့်တရားစွဲခံထားရသူ အုပ်ချုပ်ရီးမှူးမှာ ဥက္ကာပျံရပ်ကွက်အုပ်ချုပ်ရီးမှူး  ဦးအောင်ကျော်လှ(ခ) နီတောင်းချေ(၅၇နှစ်) ဖြစ်သည်။

အမှုကို ဒေနိမိုးထ ၁၁ နာရီကျော်က မင်းပြားမြို့နယ်တရားရုံးတွင်  ရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဦးမြတ်မင်းဟန်က လိုပြသက်သီနှစ်ယောက်အား စစ်ဆီးခကာ လာမည့် သြဂတ်စ် ၂၉ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဦးအောင်ကျော်လှကို ပြီးခသည့် ၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၈ ရက်နိ၌မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၈၀) တပ်ရင်း မှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခသည်။

ယင်းနောက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အတွက် အခွန်ကောက်ခံသည်ဟု စွပ်စွဲကာ ပုဒ်မ ၁၇ (၁)(၂) နန့်တရားစွဲဆိုပြီး၊ ရုံးထုတ် စစ်ဆီးလျက်ဟိရာ အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းအကြိမ်ကြိမ် ရွှိခံနီရ၍ အမှုမှာ ကြန့်ကြာနီရသည်။

https://www.facebook.com/arakanprincessmedia1/posts/320420370382924

Leave a Reply

Your email address will not be published.