ပုဏ္ဏားကျွန်း၊ အထက်မြတ်လှဲစစ်ဖီးယှောင်စခန်းတွင် စားဝတ်နီရီး အခက်အခဲများနန့် ရင်ဆိုင်နီရ

By Arakan Princess Media / 2023 August    29

ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ စစ်ဖီးယှောင်စခန်းတွင် လက်ဟိ မိုးတွင်းကာလ၌ စစ်ဖီးယှောင်များမှာ စားဝတ်နီရီး အခက်အခဲများနန့် ဆိုးဝါးစွာ ရင်ဆိုင်နီကတ်ရကြောင်း သိရပါသည်။

အထက်မြတ်လှဲစစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်များမှာ နီးစပ်ရာရွာများတွင် နိစားလုပ်ကိုင်နီသူများဖြစ်ပြီး တချို့ဆိုလျှင် တောင်ထက်မှ ရာသီပေါ် ဟင်းသီးဟင်းရွက်များကို ခူး၍ တရက်တာ ရောင်းချလျက်စားဝတ်နီရီးအတွက် ခက်ခဲစွာ လည်ပတ်နီရကြောင်း စစ်ဖီးယှောင်များ ကပြောသည်။

လက်ဟိ၌ အကူအညီ ရဟိမှုနည်းပါးခြင်းနန့် ကုန်ဈီးနှုန်းများမြင့်တက်နီခြင်းကြောင့်လည်း စစ်ဖီးယှောင်များပို၍ အခက်ကြုံနီကတ်ရပြီး မိသားစုများသည့် အိမ်ထောင်စုများဆိုလျှင်  တရက် လုပ်အားခနန့် မလောက်ငှ ၍ ချီးငှားစားသောက်နီကတ်ရကြောင်း သိရပါသည်။

စခန်းဟိစစ်ဖီးယှောင်များမှာ ပတ်ဝန်းကျင်ကျေးရွာများ၌  လယ်အငှားလုပ်နီကတ်ရပြီး တချို့ဆိုလျင် ပြည်ပသို့ ထွက်လားသူများဟိနီကြောင်းသိရသည်။

ယင်းစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၁၂၀ စု၊ လူဦးရေ ၇၀၀ ကျော်ခိုလှုံလျက်ဟိပြီး အများစုမှာ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျား ဒေသက ဖြစ်ကာ ကုန်ခသည့် ၂၀၁၈-၁၉ တိုက်ပွဲကာလကပင် နီရပ်စွန့်ခွာလာကတ်ရလူများဖြစ်သည်။

https://www.facebook.com/arakanprincessmedia1/posts/323906476700980

Leave a Reply

Your email address will not be published.