ပလက်ဝသို့ ကုန်စည်သယ်ယူခွင့်ကို  မြန်မာစစ်တပ်က ကန့်သတ်ထား၊ ကုန်ဈီးနှုန်းများ ဆက်လက်မြင့်တက်နီ

By Arakan Princess Media / 2023 August    6

ပလက်ဝမြို့နယ်သို့   ဆောက်လုပ်ရေးပစ္စည်းများနန့် စားသောက်ကုန်တချို့ သယ်ယူခွင့်ကို  လက်ဟိအချိန်ထိ မြန်မာစစ်တပ်က ကန့်သတ်ထား၍  လူသုံးကုန်ပစ္စည်းများ ယှားပါးပြီး ကုန်ဈီးနှုန်းများ ဆက်လက်မြင့်တက်နီကြောင်း သိရသည်။

ပလက်ဝသို့ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းဖြစ်သည့် ပလက်ဝ-ကျောက်တော်ရီလမ်းကြောင်းကို ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ပြန်ဖွင့်ပီးခသည်။

ယေကေလေ့ ယင်းရီလမ်းကြောင်းတလျှောက် ပစ္စည်းတင်ဆောင်ခွင့်ကို မြန်မာစစ်တပ်က ကန့်သတ်ထားပြီး  ခွင့်ပြုသည့် အတိုင်းရာ တင်ဆောင်နီရကာ လမ်းခရီးဟိ မြန်မာစစ်တပ်စစ်ဆီးရီးဂိတ်များတွင်လေ့ ငွေကြေးပီးဆောင်ရသည့်အပြင် ဆီးဝါးနန့် သံထည်ပစ္စည်းများဆိုလျှင် သယ်ယူ ခွင့်လုံးဝမရသိမ့်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ကုန်ပစ္စည်းများသယ်ယူခွင့် ပိတ်ပင်ကန့်သတ်မှုကြောင့်  ဒေသတွင်း ကုန်ပစ္စည်းယှားပါလာကာ ကုန်ဈီးနှုန်းများ အဆမတန် မြင့်တက်လျက်ဟိပြီး စားဆီ တလီတာကို ငွေကျပ် ၈၀၀၀၊  ဓါတ်ဆီတလီတာကို ၁၄၀၀၀ နန့် ပေါ်ဆန်းမွှီးဆန် တအိတ်ကို တသိန်းခွဲနီးပါးအထိ ပီးဝယ်နီရသည်ဟု ဆိုသည်။

အဂုပိုင် ကုန်စည်သယ်သူခွင့်ကန့်သတ်ထားမှုကြောင့် မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုများလေ့ နှောင့်နှေးနီကာ ဒေသခံ လက်လုပ်လက်စားပြည်သူများမှာ အခက်အခဲများဖြင့် ရင်ဆိုင်နီကတ်ရကြောင်း သိဟိရသည်။

https://www.facebook.com/arakanprincessmedia1/posts/312472807844347

Leave a Reply

Your email address will not be published.