ညောင်ချောင်း ရွာတွင်းနှင့် စစ်ဘေးရှောင်စခန်း ရေကြီးနေမှုမြင်ကွင်း (ဓာတ်ပုံသတင်း)

By DMG / 2023 August               7

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ဘေးရှောင်စခန်းနဲ့ ကျေးရွာအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့အခြေအနေကို ဒီနေ့ညနေပိုင်းအချိန် DMG က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ကုလားတန်မြစ်လက်တက်တစ်ခုဖြစ်တဲ့ သရီချောင်းအနီးမှာတည်ရှိတဲ့ ညောင်ချောင်းကျေးရွာအတွင်း ဒီနေ့နံနက်ပိုင်းကစပြီး ဒီရေတဖြည်းဖြည်းမြင့်တက်လာရင်း ၆ ပေခန့်အထိရှိနေပြီး ည ၇ နာရီအချိန်ထိ ရေပြန်ကျသွားခြင်း မရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေမှာ ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေကြပြီးတော့ ဆန်၊ စပါးနဲ့ အခြားရိက္ခာတွေကိုပါ နေရာပြောင်းရွှေ့ထားရပြီး အခုထက် ရေဆက်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည် မြောက်ပိုင်းမှာ အခုရက်ပိုင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေတာကြောင့် မြို့နယ်အများအပြားမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရေနစ်သေဆုံးမှုတွေထိ ဖြစ်ပေါ်နေတာပါ။

https://www.facebook.com/dmgnewsagency/posts/677664857740447

Leave a Reply

Your email address will not be published.