စာသင်ကျောင်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ ထွက်ခွာသွားပြီ (သတင်းတို)

By DMG / 2023 August               26

ပုံစာ – ဂြစ်ချောင်းကျေးရွာ မူလတန်းကျောင်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းက တွေ့ရစဉ်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဂြစ်ချောင်း(မြို)ရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်သည် မနေ့ညက ပြန်လည်ထွက်ခွာပြီဟု သိရသည်။

ရွာတောင်ဘက်တွင် တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ဩဂုတ် ၂၁ ရက်နေ့တွင် ဂြစ်ချောင်းရွာ စာသင်ကျောင်းနှင့် နေအိမ်အချို့တွင် တပ်စွဲနေရာယူလာမှုကြောင့် ကျောင်းပိတ်ထားလိုက်ရပြီး ဒေသခံများမှာလည်း စိုးရိမ်ထိတ်လန့်နေကြသည်။

ထိုအကြောင်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် DMG က သတင်းရေးသားဖော်ပြပြီးနောက် ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သားများမှာ ကျေးရွာအတွင်းမှ ထွက်ခွာသွားကြခြင်း ဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/687303940109872

Leave a Reply

Your email address will not be published.