စစ်တွေဟိုတယ်  ကမ်းခြေရှိ ကျူးကျော် ယာယီဆိုင်ခန်းများနှင့် အဆောက်အအုံများကို ဖယ်ရှားပေးရန် မြို့နယ်စည်ပင်သာယာအဖွဲ့မှ ပြောကြား

By Arakan Bay News / 2023 August      13

ရခိုင်ပြည်၊ စစ်တွေမြို့နယ်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စစ်တွေဟိုတယ် ကမ်းခြေမှ ယာယီဆိုင်များနှင့် အဆောက်အအုံများကို ယခုလ ၂၆ နေ့နောက်ဆုံးထား၍ ဖယ်ရှားပေးကြရန် မြို့နယ်စည်ပင်မှ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင်  စာထုတ်ထားသည်ကိုတွေ့ရသည်။

ယာဆီဆိုင်ခန်းများနှင့်အဆောက်အအုံများအနေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏  ခွင့်ပြုချက်မရှိဘဲ ဆိုင်ခန်းများအား အသစ်ဆောက်လုပ်ခြင်း၊ပြုပြင်ခြင်း၊ ဆိုင်ခန်းများတိုးချဲ့၍ အခိုင်အမာ ဆောက်လုပ်ရောင်းချနေခြင်းများတွေ့ရှိရသည့်အတွက် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေနှင့်အညီ အသိပေးအကြောင်းကြားစာများ ပေးပို့ထားပြီးဖြစ်သည်ဟု ထိုစာတွင်ပါရှိသည်။

ရခိုင်ပြည်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၃ (က)နှင့်(ခ)၊ ဥပဒေ ပုဒ်မ ၆၆( က)နှင့် (ခ)တို့အရလည်း” အများပြည်သူနှင့်ဆိုင်သည့်လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်၊ လူသွားစင်္ကြန်တစ်ခုခုပေါ်တွင် ကျူးကျော်၍ အဆောက်အုံကိုဖြစ်စေ၊ အဆောက်အဆုံ တစိတ်တစ်ဒေသကိုဖြစ်စေ ဆောက်လုပ်ခြင်းမပြုရ၊ ပိတ်ဆို့၍ အခြားပစ္စည်းတစ်ခုခုကို ဖြန့်ထားခြင်း၊ဆွဲထားခြင်းနှင့် နေလှမ်းခြင်းမပြုရ” ဟု တားမြစ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်စာတွင်ပါရှိသည်။

https://www.facebook.com/ArakanBayNewsMedia/posts/257508057135453

Leave a Reply

Your email address will not be published.