By Arakan Princess Media / 2023 August 1

ဒေနိ(ဩဂတ်စ် ၁ ရက်နိ) စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲ၌ ရက္ခိုင်ပြည်အကျဉ်ထောင်များမှ အကျဉ်းသား/အကျဉ်းသူ ၂၅၆ ယောက်ပါဝင်ကြောင်း စုံစမ်းသိဟိရသည်။
စစ်ကောင်စီသည် ဒေနိကျရောက်သည့် ဝါဆိုလပြည့်(ဓမ္မစကြာနိ) အထိမ်းအမှတ်အဖြစ် ရက္ခိုင်အပါအဝင် မြန်မာပြည်အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/ အကျဉ်းသူ ၇၇၄၉ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။
ယင်းအထဲ၌ ရက္ခိုင်ပြည်ဟိအကျဉ်းထောင် ၄ ခုမှ အကျဉ်းသား/အကျဉ်းသူ ၂၅၆ ယောက်ပါဝင်းပြီး၊ ၎င်းရို့မှာ စစ်တွေအကျဉ်းထောင်က ၃၈ ယောက်၊ ဘူးသီးတောင်အကျဉ်းထောင်က ၄၉ ယောက်၊ ကျောက်ဖြူအကျဉ်းထောင်က ၆၄ ယောက်နန့် သံတွဲအကျဉ်းထောင်က အကျဉ်းသား ၁၀၅ ယောက်ပါဝင်သည်ဟု သိရသည်။
https://www.facebook.com/arakanprincessmedia1/posts/310017774756517