ကျောက်တော်၊ ကန်စောက်စစ်ဖီးယှောင်စခန်းတွင် စားနပ်ရိက္ခာနန့် ကျန်းမာရီးစောင့်ယှောက်မှုများ လိုအပ်နီ

By Arakan Princess Media / 2023 August    21

ကျောက်တော်မြို့နယ် ကန်စောက်စစ်ဖီးယှောင် စခန်းတွင် လက်ဟိ စားနပ်ရိက္ခာများ နန့် ကျန်းမာရီးစောင့်ယှောက်မှု အကူအညီများ အရေး တကြီးလိုအပ်နီကြောင်းသိရပါသည်။

အဆိုပါစစ်ဖီးယှောင် စခန်းဟိ စစ်ဖီးယှောင် များမှာ နိစားအလုပ်ဖြင့် အသက်မွီးဝမ်းကျောင်းပြုနီရသူများဖြစ်ပြီး လက်ဟိအလုပ်အကိုင်ယှားပါး၍ အခက်ကြုံနီကတ်ရကြောင်း စစ်ဖီးယှောင်များကပြောသည်။

ယင်းကြားထဲ ကုန်ဈီးနှုန်း အဆမတန် တက်နီခြင်းနန့် အကူအညီလာရောက်လှုဒါန်းမှုနည်းပါးခြင်းကြောင့်လည်း ပို၍ အခက်ကြုံနီကတ်ရပြီး စစားနပ်ရိက္ခာများ အရေးတကြီး အကူအညီလိုအပ်နီသည်ဟုဆိုသည်။

ယင်းအပြင် သက်ကြီးရွယ်အိုများနန့် အချေများမှာလည်း ဝမ်းနာ၊ ဂေါင်းကိုက်စသဖြင့် ရောဂါများ ဖြစ်ပေါ်နီကေလေ့ ငွေကြေးအဆင်မပြေ၍ ဆီးမကုရသည့် မိသားစုများဟိနီပြီး စခန်းအတွင်း ကျန်းမာရီးစောင့်ယှောက်မှုများ လိုအပ်နီသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ယင်းစစ်ဖီးယှောင်စခန်းမှ  နီအိမ်များကို ကန်စပ်များဖြင့် ယာယီ ဆောက်လုပ်နီထိုင်နီကတ်ရသည့်ကြာထဲ သြဂတ်စ်လအတွင်းကလည်း ရီမြုပ်မှုဒဏ်ကိုခံခရ၍ လက်ဟိတွင် ဖြစ်တေပိုင် နီထိုင်ကတ်ရကြောင်းသိရပါသည်။

အဆိုပါ ကန်စောက် စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၅၆စုနန့် လူဦးရေ ၂၂၄ ယောက်ဟိပြီး ကျောက်တော် မြို့နယ် တင်းမ၊ရွှေပြည်၊ မီးဝ စသည့်ကျေးရွားများနန့် ပလက်ဝမြို့နယ် သိမ်းစင်း၊ ပလုပ်တောင် စသည့်ကျေးရွာများက ဒေသခံများ လာရောက်ခိုလှုံနီကတ်ခြင်းဖြစ်သည်။

https://www.facebook.com/arakanprincessmedia1/posts/319942437097384

Leave a Reply

Your email address will not be published.