ကျောက်တော်မြို့နယ်မှာ မျှစ်ချိုးသွားတဲ့အမျိုးသ မီးငယ်တစ်ဦးပျောက်ဆုံးနေ

By Border News Agency / 2023 August   3

(ဓာတ်ပုံ-စစ်ကောင်စီတပ်ကဖျက်စီးပြီးနောက်တင်း မကျေးရွာကိုတွေ့ရပုံ/တင်းမဆရာတော်)

ကျောက်တော်မြို့နယ်၊တင်းမကြီးကျေးရွာက အသ က် ၁၆ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဟာ သြဂုတ်လ ၂ ရက်နေ့က ကျေးရွာအနီးတောထဲသို့မျှစ် ချိုးသွားရာပျောက်ဆုံးနေတယ်လို့ရွာသားတွေက ဆိုကြပါတယ်။

အဲဒီအသက် ၁၆နှစ်အရွယ်မသိန်းသိန်းစိုးဆိုသူဟာ သြဂုတ်လ ၂ ရက်နေ့ကတင်းမကြီးကျေးရွာနဲ့ မိုင် ၃၀ခန့်အကွာ စူးပေါင်းတောင်ဖက်သို့ ကျေးရွာသားတွေနဲ့အတူ လိုက်ပါသွားရာကနေ လူစုကွဲပျောက်သွားတာလို့ ဆိုကြပါတယ်။

“ပျောက်သွားတာ မနေ့ကတည်းကပါ။မိုးတွေကလ ည်းတအားရွာနေတော့ တစ်ယောက်ကိုတစ်ယောက်ခေါ်သံတွေမကြားနိုင်လို့ ခုလိုမျိုးပျောက်သွားတာ။ ပျောက်သွားတဲ့နေ့ကလည်းရွာသားတွေလိုက်ရှာကြတယ် မတွေ့ခဲ့ကြဘူး။ဒီနေ့မနက်မှာ ရွာက လူ ၅ ယောက် သွားရှာနေကြတယ်။”လို့ တင်းမကြီးကျေး ရွာကျောင်းထိုင်ဆရာတော်က BNAသို့မိန့်ကြားပါ တယ်။

အဲဒီလိုပျောက်ဆုံးနေတဲ့ တောင်အနီးမှာ စစ်ကောင် စီတပ်ကစခန်းချတပ်စွဲနေထိုင်နေကြတာမို့ မိန်းက လေးငယ်အတွက် စိုးရိမ်မှုတွေရှိနေကြတယ်လို့ မိ သားစုဝင်တွေနဲ့ရွာသားတွေက ဆိုကြပါတယ်။

“အဲဒီ စူးပုတ်တောင်ဖက်တွေမှာ စစ်တပ်ကသွားလာမှုရှိတယ်။အမျိုးသမီးငယ်ဆိုတော့ မတော်မတရားတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေရတယ်။”လို့တင်းမဆရာတော်က မိန့်ကြားပါတယ်။

အဲဒီတင်းမကြီးကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် (AA)နဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေပြင်းထ န်စွာဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က ကျေးရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိခဲ့တယ်လို့ ရွာ သားတွေက ဆိုကြပါတယ်။

အဲဒီအပြင်ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက အ မျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဆယ်ကျော်က အဓမ္မပြုကျင့်တာတွေအကြိမ်ကြိမ်ပြုလုပ် ခဲ့ဖူးတယ်လို့လည်း ကိုယ်တိုင်တွေ့မြင်ခဲ့ရသူတွေက ဆိုကြပါတယ်။

စစ်ကောင်စီကစစ်ဘေးရှောင်တွေကိုအတင်းအဓမ္မနေရပ်ပြန်ပို့နေပေမယ့်နေ ရပ်ပြန်ဖို့အကြိမ်ကြိမ်စာ ရေးတောင်းဆိုနေကြတဲ့တင်းမရွာသားတွေကိုနေရပ်ပြန်ခွင့်မပေးသလိုစစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေးအဆင်မပြေကြဘူးလို့လည်း ဆိုကြပါတယ်။

အဲဒါကြောင့်ခုလိုမျိုးဟင်သီးဟင်ရွက်တွေရှာဖွေစားသောက်နေကြရတာမို့အသက်အန္တရာယ်တွေနဲ့လည်းကြုံတွေ့လာကြရတာလို့ ကျေးရွာသားတွေက ဆိုကြပါတယ်။

အဲဒီကျေးရွာမှာအိမ်ခြေ ၂၀၀ ကျော်ရှိပြီးရက္ခိုင်တပ်တော်(အေအေ)နဲ့စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲကာလမှာတပ်မ ၅၅ က ကျေးရွာကိုမီးရှို့ဖျက်စီးခဲ့သလို ကျေးရွာသားတွေကိုလည်းဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/304621595419345

Leave a Reply

Your email address will not be published.