ကျောက်တော်က ရီဖီးသင့် ကျေးရွာတချို့ အား  PDYO ၊ MYNG နန့် ဖြူစင်ရင်ခွင်ဖောင်ဒေးသျှင်းမှ စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့

By Arakan Princess Media / 2023 August    22

ကျောက်တော်မြို့နယ်က ရီဖီးသင့် ကျေးရွာတချို့ကို ဒေရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုး တက်ရီးလူငယ်အသင်း (PDYO)၊ မြိုမျိုးဆက်သစ်လူငယ်အဖွဲ့ (MYNG)နန့် ဖြူစင်ရင်ခွင်ဖောင်ဒေးသျှင်းရို့မှ ဆန်၊ဆီနန့်ငါးခြောက်များလားရောက်ကူညီထောက်ပံ့ပီးခကတ်ကြောင်း သိရသည်။

ယင်း၎င်ကျေးရွာများမှာ  မကြာသိမ့်ခင်က ရီလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးဝါးဝါးခံခကတ်ရသည့် နီချေ ၊ ဒုံနာ ၊ လမူးလက်နက် ၊ ကံရွှီပြင်နန့် ကံသုံးဆင့် စသည့် ကျေးရွာများဖြစ်သည်။

၎င်းကျေးရွာ(၅)ရွာပေါင်းအိမ်ထောင်စု ၄၄၀ အတွက် အဆိုပါလူမှုကူညီရီးအသင်းများမှ တအိမ်ထောင်စု လျှင် ဆန် တတောင်း၊ ဆီတဗူးနန့် ငါးခြောက် ပိဿာခွဲ ကူညီထောက်ပံ့ပီးခသည်ဟုသိရသည်။

အဆိုပါ ကူညီထောက်ပံ့မှုသည် ပြည်တွင်း/ ပြည်ပ အလှူသျှင်များ၏ ကူညီမှုများဖြင့်လားရောက် ကူညီထောက် ပံ့ပီးခခြင်းဖြစ်သည်ဟုလည်း ၎င်းရို့၏လူမှုကွန်ယက်စာမျက်နှာများတွင်ဖော်ပြထားသည်။

ရက္ခိုင်တွင် ပြီးခသည့်ဂျူလိုင် ၃၁ ရက်နိမှစ၍မိုးအဆက်မပြတ်ရွာသွန်းမှုနန့်အတူ မြစ်/ချောင်း ရီများမြင့်တက်မှုကြောင့် ကျေးရွာအများအပြားဟိ လူနီအိမ် ၂၈၀၇၂ ဆောင်ရီမြုပ်ခရကာအဆိုပါ ရီဖီးသင့် ဒေသခံများမှာ လက်ဟိ၌ အကူအညီများ အရေးတကြီးလိုအပ်လျက်ဟိကြောင်းသိရသည်။

https://www.facebook.com/arakanprincessmedia1/posts/320479327043695

Leave a Reply

Your email address will not be published.