By Arakan Princess Media / 2023 July 4
![](https://newsvsinformation.com/wp-content/uploads/2023/07/357698495_295045489587079_3020484876574252647_n.jpg)
မြန်မာစစ်တပ်ဖမ်းဆီးလားပြီးနောက် မြန်မာပြည် အကြည်အညိုပျက်စီမှု ဥပဒေပုဒ်မ ၅၀၅(က) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူမြို့နယ်က လူငယ်နှစ်ယောက်အမှုတွင် လက်ဟိ တနှစ်ကျော်ကြာလာသည့်အချိန်ထိ အမှုကို အပြီးမသတ်နိုင်သိမ့်ဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှိဆိုင်းခံနီရကြောင်း သိရသည်။
တရားစွဲခံထားရသည့် လူငယ်၂ ယောက်မှာ ကျောက်ဖြူမြို့နယ်၊ မူရွင်းရွာက ကိုစိုင်းဝဏ္ဏကျော်(၂၈ နှစ်)နန့် ကိုထွန်းထွန်းဇော် (၂၀ နှစ်)ရို့ ဖြစ်ကတ်သည်။
အမှုကို ဂျုန် ၃၀ ရက်နိက ကျောက်ဖြူမြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ လိုပြသက်သီ မရောက်၍ မစစ်ခရဘဲ လာမည့် ဂျူလိုင် ၄ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ပြန်သည်။
၎င်းရို့နှစ်ယောက်အမှုတွင် လက်ဟိတနှစ်ကျော်ကြာလာသည့်အချိန်ထိ လိုပြသက်သီ ၄ ယောက်ရာစစ်ဆီးရသိမ့်ပြီး ကျန်လိုပြသက်သီများ ရုံးချိန်းပျက်ကွက်နီ၍ ရုံးချိန်းရွှိဆိုင်းခံနီရကာ ဒေဂုတကြိမ်နန့်ဆိုလျှင် ရုံးချိန်း (၄၅)ကြိမ်ရွှိဆိုင်းခံရပြီးဖြစ်ကြောင်းသိရသည်။
ကိုစိုင်းဝဏ္ဏကျော် နန့် ကိုထွန်းထွန်းဇော်ရို့ကို ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန် ၂၄ ရက်နိက ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း သို့ ပန်းရံ လုပ်ငန်းသုံး ပစ္စည်းများ ဝယ်လားစဉ် ဇင်ချောင်းရဲစခန်းရှိမှာ ရဲတပ်ဖွဲ့ဝင်များက ဖမ်းလားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့ကို ရဲစခန်းမှတဆင့် မြန်မာစစ်တပ်သို့ လွဲပြောင်းပီးလိုက်ပြီး ကျောက်ဖြူအခြီစိုက် ခမရ (၅၄၂)တပ်ရင်းတွင်စစ်ကြောနီစဉ် ရက်အတန် ကြာ မိသားစုနန့်အဆက်အသွယ်မရဘဲ မြန်မာစစ်တပ်၏ ရိုက်နှက်စစ်ဆီးခြင်းကိုခံခရသိမ့်သည်။
ဖမ်းဆီးတရားစွဲထားရသည့် ကိုစိုင်းဝဏ္ဏကျော်မှာ မူရွင်းရွာ၏လူပျိုကာလသားဂေါင်းဆောင်ဖြစ်ပြီး ရပ်ရွာသာရီး၊ နာရီးကိစ္စများ ကိုဦးဆောင်လုပ်ကိုင်နီသူဖြစ်ကာ၊ကိုထွန်းထွန်းဇော်ကတော့ဆယ်တန်းအောင် ပြီး၍ နည်းပညာတက္ကသိုလ်တက်ရန် ပြင်ဆင်နီသူ ဖြစ်သည်။
လက်ဟိတွင်သူရို့၂ယောက်ကို ကျောက်ဖြူအကျဉ်းထောင်၏ ထောင်ချုပ်၌ ချုပ်နှောင်ထားကြောင်း သိဟိရသည်။
https://www.facebook.com/arakanprincessmedia1/posts/295045512920410