By Border News Agency / 2023 July 5
စစ်ကောင်စီအတင်းအဓမ္မနေရာချထားပေးတဲ့ ကျောက်ဖြူမြို့၊ကျောက်တလုံးဒုက္ခသည်စခန်းမှ ပြောင်းရွေ့နေထိုင်ရေးတွေ အဆင်မပြေကြဘူးလို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီနေရာသစ် အေးမြသာယာမှာ ရေလျှံတာ၊လမ်းတွေ ရွံ့ထတာတွေကြောင့် နေထိုင်သွားလာလို့ အဆ င်မပြေဖြစ်နေကြတာလို့ ကျောက်တစ်လုံးမူဆလင်ဒုက္ခသည်စခန်းနေသူတွေက ပြောကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကျောက်တလုံးဒုက္ခ သည်စခန်းနဲ့ တစ်မိုင်ခန့်အကွာ ဆားကွင်းမှာ နေအိမ်တွေဆောက်လုပ်ပေးခဲ့ပါတယ်။
အဲဒီဒုက္ခသည်တွေကို ဒီနှစ်မေလက အတင်းအဓမ္မပြောင်းရွေ့နေရာချထားပေးခဲ့ပေမယ့်အခြေခံလို အပ်ချက်တွေကို ဘာတစ်ခုမှပြုလုပ်ပေးတာမရှိဘူးလို့ ဒုက္ခသည်တွေကို ဝေဖန်ထောက်ပြကြပါတယ်။
အဲဒီလိုအခြေအနေတွေကို စခန်းနေသူတစ်ဦးဖြစ်တဲ့ ဒေါ်နီနီလွင်က ခုလိုပြောပြပါတယ်။
”လုပ်စားကိုင်စားဖို့ထွက်ဖို့အချိန်လည်း မရှိဘူး။ကန့်ထဲမှာနေရတာက ကျမ်းမာရေးမကောင်းတော့ သွား လာရလည်းအဆင်မပြေဘူး။အဓိကတော့ လမ်းမကောင်းတော့ပိုဆိုးတယ်။မြောင်းတွေတူးတယ်။ပြီးရင်လမ်းဖို့တယ်။သဲမြေမဟုတ်ဘဲ ရွှံ့မြေဆိုတော့ မိုးရွာရင် သွားလာရတာက အဆင်မပြေတော့ဘူး။”
အဲဒီမှာ ရေမြုပ်တာအပြင် လမ်းတွေမှာ ရွံ့တွေ ထနေတာကြောင့် ကလေးတွေ ကျောင်းသွားဖို့၊အိမ်သာသွားဖို့နဲ့သက်ကြီးရွယ်အိုတွေ သွားလာဖို့ အဆင်မပြေကြဘူးလို့ စခန်းနေသူတွေက ဆိုကြပါတယ်။
အဲဒီစခန်းနေရာသစ်ဟာ ကားလမ်းနဲ့ အလှမ်းဝေးတာ၊လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေနိုင်တာ၊မိုးရာသီရေနစ်မြု ပ်နိုင်တာတွေကြောင့် ဒုက္ခသည်အ များစုက ကန့်ကွန့်ခဲ့ထားခဲ့ကြတဲ့နေရာဖြစ်တယ်လို့ စခန်းနေသူတွေက ပြောကြပါတယ်။
အဲဒီလို မပြောင်းရွေ့မီကတည်းက ကန့်ကွက်မှုတွေရှိပေမေယ့် စစ်ကောင်စီဟာ မပြောင်းမနေရအတင်း အဓမ္မပြောင်းခိုင်းခဲ့တာလို့ စခန်းနေသူတွေက ဆိုကြပါတယ်။
အဲဒီစခန်းမှာ ရေနစ်မြုပ်နေသလို အိမ် သာတွေဟာ နေအိမ်နဲ့ပေငါးဆယ်ခန့်အကွာမှာရှိတာမို့အဆင်မပြေသလိုအမျိုးသမီးတွေအတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ အမျိုးသမီးတွေက ဆိုကြပါတယ်။
အဲဒီလိုအခြေအနေတွေကိုစခန်းနေသူတစ်ဦးဖြစ်တဲ့ သဲသဲမက ခုလိုပြောပြပါတယ်။
”အမျိုးသမီးတွေအတွက် ညဖက်တွေမှာ အိမ်သာသွားရတာက အဆင်မပြေဘူး။အိမ်သာက နေအိမ်နဲ့ ပေ ၅၀ လော က်ဝေးတယ်။ညဖက်ဆို မိန်းကလေးတစ်ယောက်တည်းသွားလာဖို့က အန္တရယ်များတယ် ။နေအိမ်တွေကကျဥ်တော့ သားသမီးအပျိုလူပျိုတွေနဲ့မိဖအတူနေရတာလည်းအဆင်မပြေဘူး။ရေ ချိုးရင်လည်းအိမ်ပေါ်မှာပဲချိုးရတယ်။ဘာလို့ဆို ဘေးအိမ်က ယောကျ်ားလေးတွေရှိရင် ယဥ်ကျေးမှုအရ မကိုက်ညီဘူးလေ။ရေတက်တော့ ရေချိုးခန်းလည်းလုပ်လို့မရဘူး။”
အဲဒီနေရာသစ်ဟာ မွတ်ဆလင်ဒုက္ခသ ည်စခန်းတွေ ပိတ်သိမ်းရေး၊ပြန်လည်နေရာချထားရေးအစီအစဉ်တစ်ရပ်အနေနဲ့ချမှတ်အကောင်းအထည်ဖော်ခဲ့တာဖြစ်ပါတယ်။
အဲဒါကိုပြီးခဲ့တဲ့အမျိုးဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ် ကတည်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းစစ်တပ်ရဲ့အာဏာသိမ်းဖြစ် စဉ်ကြောင့်ရပ်နားခဲ့ရပေမယ့် စစ်ကောင်စီက ပြန်လည်အကော င်အထည်ဖော်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့သူတွေအကုန်လုံးဟာ မြို့ပေါ်ရပ်ကွက်တွေမှာနေ ထိုင်ပြီး မြို့ပေါ်ကို မှီခိုလုပ်ကိုင်စားသောက်လာကြသူတွေဖြစ်ကြပါတယ်။
အဲဒါကြောင့် သူတို့ဟာဒုက္ခသည်စခန်းသို့စတင်ရော က်ရှိချိန်ကနေစပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ရပ်တည်နေကြရတာလို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။
ဒါပေမယ့်ကုန်ခဲ့တဲ့ဇွန်လကစပြီး ကူညီထောက်ပံ့တ ချို့ရပ်သွားတာမို့စားဝတ်နေရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုကြပါတယ်။
အဲဒီလိုအခက်အခဲတွေကြောင့် နိုင်ငံတကာအကူအ ညီတွေကို ဆက်လက်ပံ့ပိုးပေးစေချင်တယ်လို့ ဒုက္ခ သည်တွေက တောင်းဆိုနေကြပါတယ်။
အဲဒီလိုအခြေအနေတွေကို စခန်းနေသူတစ်ဦးဖြစ်တဲ့ တာရာက ခုလိုပြောပြပါတယ်။
”အခုဆိုရင် WFPက ရိက္ခာလျှော့ချတာတွေ၊ပြီးရင် CDA ကလည်း ဇွန်လ ၁၇ ရက်နေ့ကဘတ်ဂျက်ကုန်သွားတဲ့အတွ က် ပြန်ရမ်းရင် UNICEF ကနေပြန်ရမရကမသေချာဘူး၊တကယ်လို့မရခဲ့ရင် hygiene kit နဲ့ပတ်သက်ပြီး ကျွန်တော်တို့ လူတွေဟာ အရမ်းဒုက္ခရောက်ကြရမယ်။WFP ကပါရိက္ခာလျှော့ချလိုက်ရင် စားဝတ်နေရေးပါထိခိုက်လာနိုင်တယ် ။အဲဲဒါကြောင့်ကျွန်တော်တို့ကို ဆက်လ က်ပြီးပံ့ပိုးပေးစေချင်ပါတယ်။”
ခုနေရာချပေးထားတဲ့အိမ်ယာစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်၊သမ္မတအရေးပေါ် ရန် ပုံငွေထဲကနေ ငွေကျပ်သန်းပေါင်း နှစ်ထောင်နီးပါး အ သုံးပြုတည်ဆောက်မှာလို့ ၂၀၂၀ပြည့်နှစ်က ထောင်စုလွှတ်တော်မှာ နယ်စပ်ရေးရာဝန်ကြီးဌာနက တင်ပြခဲ့ပါတယ်။
အဲဒီကတည်းက ဒုက္ခသည်တွေက သူတို့ကို မူလနေထိုင်ခဲ့တဲ့ရပ်ကွက်တွေမှာမဟုတ်ရင်တောင် မြို့ပေါ်နဲ့ နီးစပ်တဲ့ မြေနေရာကွက်လပ်တစ်ခုခုမှာ နေရာချပေးစေချင်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့်စစ်ကောင်စီကတော့နေထိုင်ရေး၊လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့နေရာမှာတည်ဆောက်ပြီး အေးမြသာ ယာရပ်ကွက်လို့အမည်ပေးကာ အတင်း အဓမ္မပြောင်းရွေ့ခိုင်းခဲ့ပါတယ်။
အဲဒါမှာတသက်တာလုံးနေထိုင်ရှင်သန်ဖို့အတွက်ဆိုရင် ရေ၊မီး၊လမ်းပန်းဆက် သွယ်ရေးတွေကို ကောင်း မွန်အောင်ပြု လုပ်ပေးစေချင်တယ်လို့ တောင်းဆိုကြပါတယ်။
အဲဒီအခြေအနေတွေကို စခန်းနေသူတစ်ဦးဖြစ်တဲ့ ဒေါ်နီနီလွှင်က ခုလိုပြောပြပါတယ်။
”အဓိက အကူညီသာပေးမယ်ဆိုရင် လမ်း၊ရေ၊မီးတာတွေက အခုလိုအပ်နေတာပေါ့။”
အဲဒီကျောက်တစ်လုံးဒုက္ခသည်စခန်းဟာ ၂၀၁၂ ရခိုင်-မွတ်ဆလင် ပဋိပက္ခအပြီးမှာ ပေါ်လာတဲ့စခန်းတစ်ခုဖြစ်ပါတယ်။
အဲဒီမှာ အိမ်ခြေ ၃၇၀၊လူဦးရေ၁၁၀၀ ခန့်နေထိုင်နေကြတာဖြစ်ပါတယ်။