အငူမော်-မောင်တောကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီပြန်ဖွင့်ဖို့ပြင်နေ

By Border News Agency / 2023 July   5

(ဓာတ်ပုံ-အငူမော်ဆိပ်ကမ်းရှိစစ်ကောင်စီနယ်ခြားစောင့်စခန်း/BNA)

စစ်ကောင်စီတပ်ဟာ အပစ်ရပ်ပြီးနောက်ပိုင်းကတ ည်းက ပိတ်ထားခဲ့တဲ့ အငူမော် – မောင်တောကားလမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်ဖို့ ပြင် ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကာလတုန်းက ရခိုပြည်အတွင်း အများပြည်သူသွားလာတဲ့ လမ်းတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေ အမြောက်အများဖွင့်ကာ ပြည်သူတွေရဲ့ သွား လာမှု၊ကုန်စည်သယ်ယူမှုတို့ကိုဟန့် တား၊ကန့်သတ်မှုတွေ လုပ်နေခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အပစ်ရပ်ပြီးနောက်မှာ ဂိတ်တချို့ကို ပိတ်သိမ်းခဲ့ပါတယ်။

ခုမုန်တိုင်းအပြီးမှာတော့ အဲဒီဂိတ်တွေကို ပြန်ဖွင့်ဖို့ပြင်ဆင်နေတာဖြစ်ကာ ဂိတ်တွေကို ပြန်လည်တည် ဆောက်နေတာတွေ့ရတယ်လို့ ဒေသခံမျက်မြင်တွေက ဆိုကြပါတယ်။

“ဂိတ်တွေကို ပြန်လုပ်နေကြတယ်။ဝါးတန်းဂိတ်တွေလေ အဲဒီဟာတွေကို ပြန်လုပ်နေကြတယ်။ဂိတ်တော့ မဖွင့် သေးဘူး။ပြန်ဖွင့်ဖို့လုပ်နေကြတာထင်တယ်။ မောင်တောတောင်ပိုင်း ကားလမ်းတစ် လျှောက်လုံးမှာ အဲလိုပြန်လုပ်နေတာ။” လို့ မောင်တောဒေသခံတစ်ဦးက BNA သို့ ပြောပါတယ်။

တေခုလိုမျိုးစစ်ဆေးရေးဂိတ်တွေ ပြန်ဖွင့်ဖို့ပြင်ဆင်နေတာဟာ စစ်ကောင်စီတပ်က ပြည်သူတွေရဲ့အ သွားအလာတွေနဲ့ကုန်စည်သယ်ယူမှုတွေကို ကန့် သတ်ချင်လို့ လုပ်နေတာဖြစ်နိုင်တယ်လို့ဒေသခံတွေက ဆိုကြပါတယ်။

“အရင်လိုမျိုး အသွားအလာတွေကို ကန့်သတ်ဖို့လု ပ်တာထင်တယ်။ပြီးတော့ စစ်တပ်ကလည်း ဒီဘက်ကို အင်အား ဖြည့်နေတာရှိတော့ အဲဒါတွေကို မသိစေချင်လို့ လုပ်တာလည်းပါမယ်။ဖွင့်တော့ ပြန်ဖွင့်တော့မယ်လို့ ကြားနေတယ်။”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဒေ သခံတစ်ဦးက BNAသို့ ပြောပါတယ်။

စစ်ကောင်စီဟာ အဲဒီလိုမျိုးစစ်ဆေးရေဂိတ်တွေ ပြ န်ဖွင့်ဖို့ ပြင်ဆင်နေသလို ရခိုင်ပြည်အတွင်းကတခြား မြို့နယ်တွေမှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားတိုးချကာ မုန်တိုင်းအလွန်က ယ်ဆယ်ရေးသွားသူတွေ ကို ကန့်သတ်၊စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြပါတယ်။

အငူမော် – မောင်တောကားလမ်းတစ် လျှောက်မှာ စစ်တပ်က ဖွင့်ထားတဲ့ စစ်ဆေးရေးဂိတ်ပေါင်း နှစ်ဆယ်ကျော်အ ထိရှိခဲ့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စ ည်းသယ်ယူခွင့်တွေကို ကန့်သတ်၊တား မြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီလို စစ်ဆေး၊ကန့်သတ်မှုတွေဟာ ပြည်သူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပိတ်ပင်ရာ ရောက်ပြီး နိုင်ငံတ ကာဥပေဒနဲ့ လူအခွင့်အရေးပြဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ အရပ်ဖက်အ ဖွဲ့တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

https://www.facebook.com/photo/?fbid=289076303640541&set=a.174129488468557

Leave a Reply

Your email address will not be published.