ရခိုင်မှာ နှစ်နှစ်တာတာဝန်ထမ်းဆောင်ပြီးတဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပြောင်းရွေ့ခွင့်ပေးဖို့တောင်းဆိုနေကြ

By Border News Agency / 2023 July   18

(ဓာတ်ပုံ-မောင်တောမြို့နယ်၊မယူတောင်​ခြေအနီးစစ်ဆင်ရေးထွက်နေကြတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ/BNA)

ရခိုင်မှာ တာဝန်ကျနေကြပြီး အရင်သတ်မှတ်ချက်အတိုင်း နှစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီးတဲ့ရဲတပ် ဖွဲ့ဝင်တွေကို သူတို့မိသားစုဝင်တွေရှိရာ၊သူတို့ပြော င်းရွေ့ခွင့်တင်ထားရာနေရာတွေဆီ ပြောင်းရွေ့ခွင့်ပေးလို့ ရဲတပ်ဖွဲ့ဝင်တွေက တောင်းဆိုနေကြပါတ ယ်။

ရခိုင်မှာတာဝန်ကျနေတဲ့ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် မြို့နယ်ပေါင်းစုံမှာတာဝန်ကျနေတဲ့ရဲ တပ်ဖွဲ့ဝင်တွေကို နှစ်နှစ်ပြည့်ပြီးရင်ပြောင်းရွေ့လို့ရတယ်ဆိုပြီးခေါ်ယူခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တွေက ရှင်းပြကြပါတယ်။

ဒါပေမယ့် နှစ်နှစ်ပြည့်သွားပြီးနောက်သုံးနှစ်ထိဆက်နေရမယ်လို့သတ်မှတ်လိုက်တာမို့ဆက်နေကြပေမယ့်သုံးနှစ်ကနေငါးနှစ်အထိသတ်မှတ်အမိန့်ထွက်

လာတော့မယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုနေကြပါတယ်။

အဲဒီလိုမျိုးအချိန်အကြာကြီတာဝန်ထမ်းဆောင်ခိုင်းနေရင် မိသားစုဝင်တွေ၊သားသမီးတွေနဲ့နှစ်တွေအကြာကြီးခွဲနေကြရသူတွေဟာ ထွက်စာတင်တာတွေ၊

ထွက်ပြေးတာတွေပိုများလာနိုင်တယ်လို့လည်း ရဲတ ပ်ဖွဲ့ဝင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

”ကျနော်ဆိုရင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထ မ်းဆောင်နေတာ သုံးနှစ်ပြည့်တော့မယ်။အမျိုးသမီးကလည်း ဝန်ထမ်းဆိုတော့ စရောက်ကတည်းကမတွေ့ရသေးဘူး။မိသားစုတွေနဲ့လည်းခုထိတွေ့ခွင့်မရဘူး။ဒါကြောင့်ပြောင်းရွေ့ခွင့်ပေးစေချင်တယ်။အ ထက်ကလူ ကြီးတွေသိစေချင်တယ်။စဥ်စားပေးစေချင်တယ်။”လို့ မြောက်ဦးခရိုင်မှာတာဝ န်ကျနေတဲ့ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက BNAသို့ပြောပါတယ်။

အဲဒီပြည်နယ်ရဲတပ်ဖွဲ့ဝင်တွေအပါအဝင်မောင်တောဒေသက နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ မြန်မာပြည်အနှံ့က ယာဥ်ထိန်းရဲတွေ၊ရဲတပ်ဖွဲဝင်တွေကို နှစ်နှစ်တာဝန်ထမ်းဆောင်ပြီးရင်ပြန်ပြောင်းလို့ရတယ်ဆိုတဲ့ကတိတွေနဲ့ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ တပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီလိုပြောင်းရွေ့လာကြသူတွေထဲမှာ မိသားစုဝင်တွေလည်းအတူပါလာကြပေမယ့် ဝန်ထမ်းအချင်း ချင်းရထားကြသူတွေမှာတော့ မိသားစုဝင်တွေလိုက်လာလို့မရကြတာမို့ မိသားစုဝင်တွေ၊သားသမီးတွေလည်း တကွဲတပြားစီနေကြရတယ်လို့ ဆိုကြပါတယ်။

အဲဒါကြောင့်တပ်ဖွဲ့ဝင်တွေဟာ အရက်သေစာသော က်စားမူးယစ်တာ၊စိတ်ကျရောဂါတွေဖြစ်လာကြတာ၊ထွက်ပြေးကြတာတွေဖြစ်နေကြတာမို့ နှစ်နှစ်တာတာဝန်ထမ်းဆောင်ပြီးသူတွေကို ပြောင်းရွေ့ခွင့်မပေးရင် အစုလိုက်၊အပြုံလိုက်၊စခန်းလိုက်ထွက် ပြေးတာတွေအထိဖြစ်လာနိုင်တယ်လို့ တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။

”မိန်းမကလည်းဝန်ထမ်းဆိုတော့ သူလည်းကျနော်ဆီလိုက်လာလို့မရဘူး။ကျနော်လည်းသူဆီပြောင်းခွင့်မရသေးဘူး ။အဲဒီကတည်းက သူလုံခြုံရေးကြောင့်ကလေးတွေကိုလည်းတခြားနေရာသို့ ပို့ထားရတ ယ်။စိတ်ညစ်ရင်အရက်သောက်တာပဲ။နှစ်နှစ်ပြည့်ရင်ပြောင်းရမယ်ထင်ခဲ့တာ၊ခုကသုံးနှစ်ပြည့်တော့မယ်။”လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့တစ်ဦးက BNA သို့ပြောပါတယ်။

ရခိုင်သို့ပြောင်းလာကြချိန်ကတည်းကမိသားစုဝင်တွေပါလာကြသူတွေလည်းမိသားစုစားဝတ်နေရေးအဆင်မပြေကြသလို စခန်း၊တပ်ရင်းအပြင်ထွက်တာတွေကနေ ဆေးခန်းပြ၊စျေးသွားတာတွေကအစ တားမြစ်ကန့်သတ်ခံထားကြရတယ်လို့လည်း တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်သဘောတူအပစ်ရပ်ထားပေမယ့် ရခိုင်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တိုက် ပွဲဝင်ဖို့အသင့်အနေအထားညွှန့်ကြားထားသလို ဖုန်းပြောတာ၊သုံးတာကအစ မိသားစုဝင်တွေအထိ ကန့်သတ်ထားတယ်လို့လည်း ဆိုကြပါတယ်။

အဲဒါကြောင့်တပ်ဖွဲ့ဝင်အချင်းချင်းခိုက် ရန်ဖြစ်မှုတွေ၊ပစ်ခတ်မှုတွေအပြင် အရာရှိတွေအထိထွက် ပြေးကြတာတွေ၊မိသားစုလိုက်ထွက်ပြေးကြတာတွေအထိဖြစ်နေကြတာလို့ ရခိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/296487606232744

Leave a Reply

Your email address will not be published.