ရခိုင်မှကလေးတွေ အန္တရာယ်တွေကြားခက်ခက်ခဲခဲ ကျောင်းတက်နေကြရ

By Border News Agency / 2023 July   21

(ဓာတ်ပုံ-ကလေးတွေကျောင်းတက်ဖို့သွားရတဲ့လမ်းကို ဇူလိူင်လ ၂၀ ရက်၊မနေ့ကတွေ့ရပုံ/BNA)

ကုလားတန်မြစ်နဲ့ ကျွဲကူးမြစ်တို့ဆုံရာ မြစ်လယ်ကောင် ပွဲကြည့်တောင် တောင်ခြေရင်းမှာတည်ရှိတဲ့ ပွဲကြည့် တောင်ဆိုတဲ့ရွာမှာ ကလေးတွေဟာ အန္တရာ ယ်တွေကြား ခက်ခက်ခဲခဲနဲ့ ကျောင်းတက်နေကြတ ယ်လို့ ရွာသားတွေ၊ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

ပေါက်တောမြို့နယ်မှာရှိတဲ့ အဲဒီပွဲကြ ည့်တောင်ရွာက ကျောင်းသားကလေးငယ်တွေဟာ မြစ်ကမ်းနားတောင်ခြေရင်းကနေ မိနစ်နှစ်ဆယ်ဝန်းကျင်ခန့်ခြေ ကျင်လမ်းလျှောက်ပြီးတော့ ကျောင်းသွားတက်နေကြရတာ ဖြစ်ပါတယ်။

​အဲဒီရွာမှာအိမ်၃၇ဆောင်၊ကျောင်းသားကလေးငယ် ၄၀ ဝန်းကျင်ရှိတဲ့ အဲဒီရွာမှာ စာသင်ကျောင်းဟာ လူနေအိမ်တွေနဲ့ဝေးရာမှာ တည်ရှိနေတာဖြစ်ပြီး သူင ယ်တန်းကနေ ငါးတန်းအထိ ကလေးငယ်တွေဟာ မြစ်ကြောင်းတစ်လျှောက် ကျောက်ဆောင်တွေပေါ်ကနေ ခက်ခက်ခဲခဲ ကျောင်းသွားတက်နေကြရတာလို့ ဆိုပါတယ်။

ညီညီညာညာမရှိတဲ့ အဲဒီလမ်းတလျှောက် ကျောက် ဆောင်တွေပေါ်မှာ တောင်ကျရေကြောင့် ရေညှိတွေ ကပ်နေသလို ဒီရေတက်တဲ့အချိန်တွေဆိုရင်လည်း ရေမြင့်တက်လို့ ကလေးတွေ သွားလာဖို့ အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။

တ​ခါတလေမိုးကြီး၊လေကြီး၊ဒီရေကြီးတဲ့ရက်တွေမှာ ကလေးတွေကို ကျောင်းမပို့နိုင်ကြဘူးလို့လည်း ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

”ဒီဘက်မှာတောင်၊ဟိုဘက်မှာ မြစ်အဲလိုနေရာက သွားနေကြရတာ။အောက်မှာလည်း ကျောက်ဆောင်တွေလေ။တခါတလေလှေနဲ့ တောင်ကိုပတ်ပြီး မိဘတွေ သွားပို့ကြတယ်။မိဘတွေစားဝတ်နေရေးအ တွက်အလုပ် လုပ်နေရတဲ့ရက်တွေဆို ကလေးတွေကို ကျောင်းမပို့နိုင်ဘူး။ကလေးတွေကိုယ်တိုင်လည်း ဒီရေကြီးရင် ကျောင်းတက်လို့မရဘူး။”လို့ ပွဲကြည့်တောင်ရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အဲဒီလိုခက်ခက်ခဲခဲကျောင်းသွားတက်နေကြရတာမို့ ကလေးတွေ ချော်လဲကာ ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးတွေလည်း ရှိတယ်လို့ ရွာသားတွေက ဆိုပါတယ်။

အဲဒီလမ်းထဲကတချို့ကိုကျေးလက်ဦးစီးဌာနက ကွန်ကရစ်လမ်းလုပ်ပေးခဲ့ပေမယ့် ကျေးလက်က လုပ်ပေးထားတဲ့ လမ်းပိုင်းဟာ ကလေးတွေကျောင်းသွားတက်ရတဲ့ ရွာကနေ စာသင်ကျောင်းအထိလမ်းအစအဆုံးရဲ့ ဆယ်ပုံတစ်ပုံခန့်ပဲရှိတယ်လို့ ဆိုကြပါတယ်။

အဲဒီရွာမှာ မုန်တိုင်းကြောင့် နေအိမ်အား လုံးနီးပါးပျက်စီးသွားခဲ့ပြီးစာသင်ကျောင်းဆောင်ဟာလည်း ပြိုလဲသွား ကာ ပြုပြင်နေဆဲဖြစ်တာမို့စာသင် ကျော င်းအနီးက ဘုန်းတော်ကြီးမှာ ယာယီစာသင်နေကြရပါတယ်။

လက်ရှိမှာ ငွေကြေးမတတ်နိုင်လို့ အိမ်မဆောက်နိုင်သေးတဲ့သူတွေ ရှိနေသလို သက်မွေးဝမ်းကျောင်းပြုနေခဲ့တဲ့ ငါးဖမ်းပိုက်တွေ၊စက်လှေတွေပျက်စီးသွားတာမို့ စားဝတ်နေရေး ခက်ခဲနေသူတွေလည်း ရှိနေတယ်လို့ ဆိုကြပါတယ်။

https://www.facebook.com/bordernewsagency/posts/298034419411396

Leave a Reply

Your email address will not be published.