ရက္ခိုင်ဟိ မုန်တိုင်းသင့်တောင်သူများ မိုးစပါးစိုက်ပျိုးရန်အကြီးအကျယ် အခက်ကြုံနီ

By Arakan Princess Media / 2023 July    4

သွင်းအားစုစရိတ်ကြီးမားခြင်းနန့် လုပ်သားအင်အားယှားပါးခြင်းများကြောင့် ရက္ခိုင်ဟိ မုန်တိုင်းသင့်တောင်သူများမှာ ဒေနှစ်(၂၀၂၃  ခုနှစ်) အတွင်း မိုးစပါးစိုက်ပျိုးရန် အကြီးအကျယ်အခက်ကြုံနီကတ်ရကြောင်းသိရသည်။

ရက္ခိုင်တွင် ကုန်ခသည့် မေ ၁၄ ရက်နိက Mocha ဆိုက်ကလုန်းမုန်တိုင်းပြင်းပြင်းထန် ထန်တိုက်ခတ်ခပြီးနောက် မုန်တိုင်းသင့် မြို့နယ်များဟိတောင်သူလယ်သမားများမှာ သိမ်းဆည်းထားသည့် မျိုးစပါးများ အားလုံးပျက်စီးဆုံးယှုံးခရသည့်အပြင် လယ်ယာလုပ်ငန်းတွင် အသုံးပြုသည့် ကျွဲ၊ နွားများလေ့ အမြောက်အများသီဆုံးခရသည်။

လက်ဟိ မိုးစပါးစိုက်ပျိုးရန်အတွင် ယင်းမုန်တိုင်းသင့်တောင်သူလယ် သမားအများစုမှာ မျိုးစပါးပါ ဝယ်ယူအသုံးပြုနီကတ်ရသည့် အပြင် လယ်ထွန်ရန် လယ်ထွန်စက်များလေ့ ငှားရမ်းအသုံးပြုနီကတ်ရပြီး စက်သုံးဆီစရိတ်ကြီးမားခြင်း၊ မြီဆီမြီသြဇာဈီးမြင့်တက်ခြင်းများကြောင့် သွင်းအားစုစရိတ်ကြီးမားကာ အခက်ကြုံနီကတ်ရကြောင်း မုန်တိုင်းသင့်တောင်သူ လယ်သမားများက ပြောသည်။ 

စစ်ကောင်စီက ရက္ခိုင်ဟိ မုန်တိုင်းသင့်တောင်သူလယ်သမားများအား မျိုးစပါးတင် ၇၀၀၀၀ ကျော်ကို အရိတ်ကျပီးစနစ်နန့် ရောင်းချလားမည်ဟုပြောဆိုထားကေလေ့ လက်ဟိအချိန်ထိ လယ်သမားများလက်ထဲသို့ မျိုးစပါး “တစိ” တောင် မရောက်သိမ့်ဟု ဆိုသည်။ 

ယင်းအပြင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း အလုပ်လုပ်ကိုင်နိုင်သည့် ရက္ခိုင်လူငယ်အများအပြား နိုင်ငံရပ်ခြားကို အလုပ်လုပ်ကိုင်ရန် ထွက်ခွာလား၍လေ့ လယ်ယာလုပ်ငန်းမှာ လုပ်ကိုင်နိုင်မည့် လုပ်သားအင်အားယှားပါးနီကာ အခက်အခဲဖြစ်နီကတ်ရသည်။

လယ်ယာလုပ်ကိုင်ပါကလေ့ မုန်တိုင်းကြောင့် လယ်ယာမြီများ ဆားငန်ရီဝင်လားပြီး အဆိုပါဆားငန်ရီများပြန်မကျသည့်အပြင် မိုးနည်းကာ ဆားငန်ဓာတ်မပျောက်ဘဲ စပါးစိုက်ပျိုးလျှင် အထွက်နှုန်းကျဆင်းနိုင်ကြောင်းလေ့ တောင်သူလယ်သမားများက ဆိုသည်။ 

ရက္ခိုင်တွင် လယ်မြီဧကပေါင်း ၁၂ သိန်းကျော်ဟိပြီး ၂၀၂၂ ခုနှစ်တွင် ဧက ၉ သိန်းလောက်ရာ စိုက်ပျိုးနိုင်ခကာ ဒေနှစ်မှာလေ့ မုန်တိုင်းကြောင့် လယ်မြီများပျက်စီးခြင်း၊ သွင်းအားစုစရိတ်ကြီးမားခြင်းနန့် လုပ်သားအင်အားယှားပါးခြင်းများကြောင့်  စိုက်ပျိုးမြီဧက ထပ်မံလျှော့ကျနိုင်ကြောင်း တောင်သူလယ်သမားအရေးဆောင်ရွက်နီသူများက ခန့်မှန်း သုံးသပ်ကတ်သည်။

https://www.facebook.com/arakanprincessmedia1/posts/295096489581979

Leave a Reply

Your email address will not be published.