ရက္ခိုင်မှစစ်ဖီးယှောင်စခန်းများတွင် အချေသူငယ်အများစု စိတ်ဒဏ်ရာများနန့်ကြီးပြင်းနီကတ်ရ

By Arakan Princess Media / 2023 July    8

သဘာဝကပ်ဖီးများအပြင် စစ်ဖီး နန့် ရောဂါ များကြောင့် ရက္ခိုင်ပြည်မြို့နယ်အနှံ့ဟိ စစ်ဖီးယှောင်စခန်းများမှ အချေသူငယ်အများအပြားမှာအချေသူငယ် အခွင့်ရီးများဆုံးယှုံးကာ စိတ်ဒဏ်ရာများနန့် ကြီးပြင်းနီကတ်ရသည်ဟု စစ်ဖီးယှောင်များမှဆိုသည်။

ကောင်းမွန်သည့် အနာဂါတ်များအတွက် အချေသူငယ်များမှာ စိတ်ပိုင်းနန့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုဟိစွာ နီထိုင်ရမည်ဖြစ်ကေလေ့ အဆိုပါအခွင့်ရီးများအား ဆုံးယှုံးကာ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်၊ အားကိုးရာမဲ့ ခံစားချက်မျိုးစုံကို ရင်ဆိုင်ရင်း စိတ်ဒဏ်ရာများနန့် ကြီးပြင်းနီကတ်ရခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ် တိမ်ညို စစ်ဖီးယှောင်စခန်းမှ စစ်ဖီးယှောင်တဦးမှဆိုသည်။  

နဂိုကပင် စစ်ဖီးယှောင်စခန်းများတွင် ကျပ်ကျပ်တည်းတည်းနီထိုင်နီကတ်ရသည့် အချေသူငယ်များမှာ မုန်တိုင်းလွန်ကာလတွင် မိဘအုပ်ထိန်းသူများ၏ ဂရုစိုက်ခံရမှု အားနည်းလာခြင်း၊ အခြီခံ လိုအပ်ချက် ဖြည့်ဆည်းပီးမှုမရဟိခြင်း၊ အစားအသောက်ချို့တဲ့ခြင်း၊ပတ်ဝန်းကျင်လုံခြုံ မှုနည်းပါးခြင်းများကြောင့်လေ့ သိမ်ငယ်စိတ်များ ဖြစ်ပေါ်ကာ နီထိုင်နီကတ်ရသည်။

လက်ဟိ ရက္ခိုင်ပြည် မြို့နယ်တချို့မှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အချေများရန်ပုံငွေအဖွဲ့ ( UNICEF) နန့်တခြားမိတ်ဖက်အဖွဲ့အစည်းများမှ အချေသူငယ်များအတွက် စိတ်ဒဏ်ရာကုစားနိုင်မည့် စိတ်ပိုင်းဆိုင်ရာ ကုစားရီးလုပ်ငန်းများကို တိုးမြှင့်ဆောက်ရွက်နီကေလေ့ နောက်များစွာလိုအပ်လျှက်ဟိနီခြင်းဖြစ်သည်။

အချေသူငယ်များသည် စိတ်ဒဏ်ရာထိခိုက်မှုများနန့် ကြီးပြင်းလာမည်ဆိုပါက သူရို့၏ ဘဝအောင်မြင်မှုတွင် ကြီးမားသော အဟန့်အတားဖြစ်စီကြောင်းလေ့ စိတ်ပညာကျွမ်းကျင်သူများမှ သတိပီးပြောဆိုထားသည်။

https://www.facebook.com/arakanprincessmedia1/posts/297570029334625

Leave a Reply

Your email address will not be published.