By Arakan Princess Media / 2023 July 4

မုန်တိုင်းဒဏ်ခံခရသည့် မြောက်ဦးမြို့နယ်မှ ကျေးရွာတချို့၌ ပျက်စီးလားရသည့် နီအိမ်များကို အာရက္ခပြည်သူ့အစိုးရက ဆက်လက်ကူညီပြုပျင်ဆောက်လုပ်လျက်ဟိကြောင်းသိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်မှ ရပ်ရွာများအပြင် တခြားမုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတလျှောက်ဟိ မြို့/ရွာအများအပြားပျက်စီးခရသည်။
အဆိုပါ မုန်တိုင်းသင့်ဒေသအများစုဟိ ဒေသခံတချို့မှာ လက်ဟိအချိန်အထိ နီအိမ်များပြုပျင်နိုင်ခြင်းမဟိသိမ့်ဘဲ အခက်ကြုံနီကတ်ရပြီး အာရက္ခပြည်သူ့အစိုးရက ယင်းကျေးရွာများသို့ လားရောက်လျက် နီအိမ်များကို ပြန်ပြုပျင်ဆောက်လုပ်ပီးနီသည့်အပြင် အမိုးအကာနန့် စားနပ်ရိက္ခာများလေ့ ကူညီထောက်ပံ့ပီးလျက်ဟိသည်။
ရက္ခိုင်တွင် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၂၀၆၈ ရွာနန့် နီအိမ်ပေါင်း ၂၈၈၅၃၀ ပျက်စီးခရကာ အာရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခ အရေးပေါ် ကယ်ဆယ်ရီးနန့် ပြန်လည် နီရာချထားရီးကော်မတီ(Cyclone Mocha ERRCA)က ထုတ်ပြန်ထားသည်။
https://www.facebook.com/arakanprincessmedia1/posts/295035112921450