မြောက်ဦးမြို့နယ်တွင် မီးလောင်မှုဖြစ်၍ အိမ် ၂ လုံး ပြာကျ

By Arakan Princess Media / 2023 July    22

မြောက်ဦးမြို့နယ်တွင် ဂျူလိုင် ၂၁ ရက်နိ၊ ညည့်က မီး လောင်မှုဖြစ်ကာ အိမ် ၂ လုံး ပြာကျလားကြောင်း သိရသည်။

မီးလောင်လားသည့်အိမ်မှာ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်အုပ်စု၊ မြိုချောင်းရွာက ဦးကျော်စိန်(၆၅ နှစ်)၏ နီအိမ်နန့်ဒေါ်မဲခိုင်(၆၂နှစ်)၏ နီအိမ်ဖြစ်သည်။

ဖြစ်စဥ်မှာ ဂျူလိုင် ၂၁ ရက်နိ၊ ညည့် ၉ နာရီကျော်က ဦးကျော်စိန်နီအိမ်အတွင်း ဝါးတုတ်ပြုတ်ရာမှ မတော်တဆ မီးစတင်လောင်ကျွမ်းခခြင်းဖြစ်ပြီး ယင်းမှဆင့် ဘေးနားဟိ ဒေါ်မဲခိုင်၏ အိမ်သို့ပါ မီးကူးစက်လောင်ကျွမ်းလားခသည်။

မီးလောင်မှုကြောင့် နီအိမ် ၂ အိမ်လုံးပြာကျလားသည့်အပြင် ​ဟိဟိသမျှ ပိုင်ဆိုင်မှုများအားလုံး တခုမကျန်မီးထဲပါလား၍ မိသားစု၂ စုပေါင်း လူ ၉ ယောက်မှာအဝတ်တထည်ကိုယ်တလုံးဖြင့်  အရေးပေါ် အကူအညီများအပူ တပြင်းလိုအပ်လျက် ဟိသည်။

လက်ဟိတွင်မီးဖီးသင့်မိသားစု ၂စုအတွက်ရပ်သူရွာသားများကယာယီတဲအိမ်ဆောက်လုပ်ပီးပြီး အဆိုပါ မိသားစုများအတွက် ထောက်ပံ့ကူညီလိုပါကဖုန်း-09676862112 ကိုဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/304750438616584

Leave a Reply

Your email address will not be published.