By Arakan Bay News / 2023 July 6

မိုခါမုန်တိုင်းတိုက်ခတ်၍ ၁လကျော်ကြာပြီးနောက် မြောက်ဦးနှင့် ကျောက်တော်နယ်တို့တွင် ULA/AA ဝန်ထမ်းများနှင့် ဒေသခံပြည်သူများပူပေါင်း၍ အရိပ်ရသစ်ပင်များဆက်လက်၍ စိုက်ပျိုးနေကြသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း မြောက်ဦးမြို့နယ် ဝေသာလီ၊ လက္ကာ၊ ကျီရာပြင်၊ အောက်သားကန်၊ ဂူတလုံးကျ၊ ဆင်အိုးချေ၊ဘူးရွက်မညှိုး၊ အိုးထိမ်း စသည့်ရွာအနီးနားတွင် ULA/AA တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်အတူ အရိပ်ရသစ်ပင်များကို ဝိုင်းဝန်းကူညီစိုက်ပျိုးခဲ့ကြသည်ဟု သိရသည်။
လက်ရှိတွင်လည်း ကျောက်တော်မြို့နယ်ရှိ ဇီးချောင်း၊ သရီချောင်းအပါဝင် ရွာအနီးနားတွင်လည်း စိုက်ပျိုးနေကြသည်ကိုတွေ့ရသည်။
ထိုနည်းတူ “စိမ်းလန်းစီ” အဖွဲ့ကလည်း မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များကို အပင်များပေးလှူ၍ စိုက်ပျိုးနေသည်ကိုတွေ့ရသည်။
https://www.facebook.com/photo/?fbid=235634245989501&set=pcb.235635049322754