မြန်မာစစ်တပ်က ရွာမှနှင်ထုတ်ထားသည့် ဘူးသီးတောင်မြို့နယ်ကျေးရွာ နှစ်ရွာက ဒေသခံရွာသားများ လက်ဟိအချိန်ထိ နီရပ်မပြန်ရသိမ့်၊ လူမှုစီးပွားဘဝ များစွာထိခိုက်နီ

By Arakan Princess Media / 2023 July    19

မြန်မာစစ်တပ်က ရွာမှနှင်ထုတ်ထား၍ တိမ်းယှောင်နီကတ်ရသည့် ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်းနန့် နပျိုးချောင်းရွာသားများမှာ လက်ဟိအချိန်ထိ နီရပ်ပြန်ခွင့်မရသိမ့်ဘဲ လူမှုစီးပွားဘဝများစွာထိခိုက်နီကတ်ရကြောင်း သိရသည်။

အဆိုပါကျေးရွာ ၂ ရွာအတွင်း တပ်စွဲနီထိုင်သည့် မြန်မာစစ်တပ်တပ်မ (၂၂ ) မှ တပ်ဖွဲ့ဝင် လေး ယောက် ထွက်ဗြီးလားခမှုနန့် ပတ်သက်၍  ရွာ ၂ ရွာမှ ဒေသခံများအား ဧပြီ ၃၀ ရက်နိကပင်  ရွာက  ဖိအားပီးနှင်ထုတ်ထားခြင်းဖြစ်သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ရွာမှာကျန်ခသည့် နီအိမ်အများအပြားပျက်စီလားရ​၍ ရွာပြန်ပြီး နီအိမ်များပြန်ပြုပျင်ခွင့်ရရန် ယင်းတပ်မ(၂၂) တပ်ရင်းမှူးဘားသို့ အကြိမ်ကြိမ်တောင်းဆိုခကေလေ့ လက်ဟိအချိန်ထိ နီရပ်ပြန်ခွင့်မရသိမ့်ဟု ရွာသားများကပြောသည်။

ယင်းသို့ နီရပ်ပြန်ခွင့်မရသိမ့်၍ မုန်တိုင်းကြောင့်ပျက်စီးလားသည့်နီအိမ်များကို ပြန်မပြုပျင်နိုင်သိမ့်ဘဲအခက်ကြုံနီကတ်ရသည့်အပြင် ရွာမှာကျန်ခသည့် လယ်ယာများနန့် တခြားအလုပ်များကိုလေ့ လုပ်ကိုင်ခွင့်မရဘဲ လူမှုစီးပွားဘဝများစွာ ထိခိုက်နီကတ်ရသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါကျေးရွာ ၂ ရွာသည် ဘူးသီးတောင်-ရသေ့တောင် ကားလမ်းဘေး မယူတောင်ခြီအနားတွင် ဟိပြီး၊ လယ်ယာလုပ်ငန်းအပါအဝင် ငါးရှာ၊ မီးသွီးဖုတ် စသည့်အလုပ်များ နန့် အသက်မွီးဝမ်းကျောင်းပြု လုပ်ကိုင်စားသောက်နီကတ်ရသူများ ဖြစ်သည်။

ဖရုံချောင်းရွာတွင် အိမ်ခြီ ၁၈ ဆောင်နန့် လူ ဦးရေ ၈၀ ကျော်ဟိပြီး၊ နပျိုးချောင်းရွာမှာတော့ အိမ်ခြီ ၂၃ ဆောင်နန့် လူဦးရေ ၁၀၀ ကျော်ဟိကာ လက်ဟိ ဘူးသီးတောင်မြို့ထက်နန့် ညောင်ချောင်း၊သီကံခွဆုံ၊ သီကံစသည့် ကျေးရွာများ၌ ခိုလှုံနီကတ်ရကြောင်း သိဟိရသည်။

https://www.facebook.com/arakanprincessmedia1/posts/303284665429828

Leave a Reply

Your email address will not be published.