မောင်တောခရိုင် ဒု-ဥပဒေအရာဟိကို မြန်မာစစ်တပ်က ခေါ်ယူစစ်ဆီး

By Arakan Princess Media / 2023 July    21

မောင်တောခရိုင် ဒု-ဥပဒေအရာဟိကို မြန်မာစစ်တပ်က မောင်တောခရိုင် ဥပဒေရုံးမှတဆင့် နခခ(၅)တပ်မသို့ခေါ်ယူကာ  ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်မှုဟိ/မဟိ တရက်ကြာ ခေါ်ယူစစ်ဆီးခကြောင်း သိရသည်။

ခေါ်ယူစစ်ဆီးခံရသူမှာ မောင်တောခရိုင် ဒု-ဥပဒေအရာဟိ ဦးလှမြင့် ဖြစ်ပြီး သူသည် အသက် ၅၀ အရွယ် ရက္ခိုင်လူမျိုးတယောက်ဖြစ်သည်။

ဦးလှမြင့်ကို ဂျူလိုင် ၁၉ ရက်နိက မောင်တောအခြီစိုက်မြန်မာစစ်တပ် နခခ(၅) တပ်မထဲသို့ ခေါ်ယူစစ်ဆီးခခြင်းဖြစ်ပြီး ဂျူလိုင် ၂ဝ ရက်နိမိုးထက ပြန်လွှတ်ပီးလိုက်သည်ဟု သိရသည်။

မြန်မာစစ်တပ်သည် ဒေရက်ပိုင်းအတွင်း အပြစ်မဲ့အာရက္ခပြည်သူများကို AA နန့်ဆက်စပ်သည်ဟုဆိုကာ ခေါ်ယူစစ်ဆီးခြင်း၊ ဖမ်းဆီးရန် ကြံစည်ခြင်း၊  တိုက်ပွဲကာလများအတွင်းက မတရားဖမ်းဆီးထားသူများကို ထောင်ဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်လာသည့်အပြင် AA ထိန်းချုပ်ရာနယ်မြီများသို့‌လေ့ မုန်တိုင်းကယ်ဆယ်ရီးအကြောင်းပြကာ ဝင်ရောက်လာမှုများ ဆက်တိုက်လုပ်ဆောင်လာသည်ကိုတွိရသည်။

ကုန်ခသည့် ဂျူလိုင် ၁၈ ရက်နိကလေ့ မောင်တောမြို့နယ်၊ တောင်ပြိုနယ်မြီ (၂) က ရဲတပ်ကြပ် ကျော်မျိုးဦးဆိုသူကို AA နန့်ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က အင်အားအလုံးအရင်းနန့် ဝင်ရောက်ဖမ်းဆီးလားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ယင်းအပြင် ဂျူလိုင် ၁၄ ရက်နိကလေ့  AAနန့် ဆက်စပ်သည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရီးမှူးနှစ်ယောက်အား မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)(၂)နန့် စွဲချက်တင်ခသည့်အပြင် ကုန်ခသည့် ၂၀၂၀ ခုနှစ် တိုက်ပွဲကာလများအတွင်းက မြန်မာစစ်တပ်က မတရားဖမ်းဆီးထားခသည့် တောင်ကုတ်က ၆ ယောက်ကိုလေ့ ဒေဂု ဂျူလိုင် ၁၁ ရက်နိက ထောင်ဒဏ်အသီးသီးချမှတ်ခသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/ AA ဖက်ကတော့ စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်း ယာယီအပစ်ရပ်ရီးအတွက် မူလက နှစ်ဖက်သဘောတူထားခသည့် အချက်တချို့အပေါ် ချိုးဖောက်လာနီကြောင်း ပြောဆိုထားပြီး ယင်းလုပ်ရပ်များကို မရပ်တန့်ပါက အယင်ပထမအကြိမ်အပစ်အခတ်ရပ်ချိန်ကပိုင် နောက်ဆုံးမှာ စစ်ရီးပဋိပက္ခသို့ ဦးတည်လားနိုင်ကြောင်း သတိပီးထားသည်။

https://www.facebook.com/arakanprincessmedia1/posts/304286251996336

Leave a Reply

Your email address will not be published.