မုန်တိုင်းအလွန် ရက္ခိုင်တွင်ဟိုတယ်လုပ်ငန်းများ အပြည့်အဝ မလည်ပတ်နိုင်သိမ့်

By Arakan Princess Media / 2023 July    31

မုန်တိုင်းအလွန်ကာလ ရက္ခိုင်တွင် ဟိုတယ်၊ မိုတယ်နန့် တည်းခိုရိပ်သာလုပ်ငန်းများမှာ လက်ဟိအချိန်ထိ အပြည့်အဝ မလည်ပတ်နိုင်သိမ့်ကြောင်း ရက္ခိုင်ပြည်ဟိုတယ်နန့် ခရီးလားလာရီး ညွန်ကြားမှု ဦးစီးဌာနက သိရသည်။

မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ မြောက်ဦးအပါအဝင် တခြားမြို့နယ်အသီးသီးဟိ ဟိုတယ်နန့် တည်းခိုရိပ်သာတချို့မှာ အမိုးလန်ခြင်း၊ အခန်းပျက်စီးခြင်းများ ဖြစ်ခရပြီး၊ ပြန်လည်ထူထောင်ရီးလုပ်ငန်းများ လုပ်ဆောင်နီတုန်းဖြစ်သည်။

လက်ဟိ ရက္ခိုင်ပြည်တွင် ဟိုတယ်၊ မိုတယ်နန့် တည်းခိုရိပ်သာ စုစုပေါင်း ၁၀၂ လုံးဟိပြီး၊ ယင်းအနက် ၇၁ လုံးရာ ဖွင့်ထားနိုင်ကာ ကျန် ၃၁ လုံးမှာ လုပ်ငန်းမလည်ပတ်နိုင်သိမ့်ကြောင်း သိရသည်။

ဖွင့်လှစ်ထားသည့် ဟိုတယ်နန့် တည်းခိုရိပ်သာများတွင်လေ့ မိုးရာသီဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသည်များ လာရောက်တည်းခိုမှု နည်းပါးနီကာ အခက်ကြုံနီကတ်ရသည်ဟုဟိုတယ်လုပ်ငန်းသျှင်များက ဆိုသည်။

ပြီးခသည့် ၂၀၂၂ ခုနှစ် ဂျန်နဝါရီလမှ အောက်တိုဘာလအထိ ရက္ခိုင်သို့ ပြည်တွင်း/ပ ခရီးသည် ၃ သိန်းလောက်ဝင်ရောက်ခကြောင်း ဟိုတယ်နန့် ခရီးလားလာရီး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။

https://www.facebook.com/arakanprincessmedia1/posts/309314651493496

Leave a Reply

Your email address will not be published.